၅။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၃)

အပြစ် (Sin)

ဆိုကရေတီး။ ။ ဘာတဲ့၊ အပြစ် ... ပြစ်မှုဆိုတာက ဘာတုန်းဗျ။

ယေရှု။ ။ ပြစ်မှုဆိုတာ ထာဝရဘာရားသခင်ကို နားမထောင်တဲ့ အပြုအမူပဲ။

ဆိုကရေတီး ။ ။ ခင်ဗျားပြောပုံအရဆိုရင် ထာဝရဘာရားသခင်မှာ သူ့ကိုယ်သူ နားမထောင်ဘူးဆိုတာ မရှိနိုင်လို့ အပြစ်ဆိုတာ မရှိနိုင်ဘူးလို့ ထင်ပါတယ်။ ထာဝရဘုရားသခင်မှာ ပြစ်မှုဆိုတာ မဖြစ်နိုင်လို့ အပြစ်မှလွတ်လို့လဲ အကျိုး ရရှိမှု အနေနဲ့ ဘာမှ မြင်တွေ့ရမှာ မဟုတ်ဘူး။ ပြောင်းရွှေ့ မရတာဟာ ကျောက်တုံးကြီး တစ်တုံးရဲ့ သင်္ကေတ ဖြစ်သလိုပါပဲ။ အဲဒါက အဓိပ္ပာယ် ဖွင့်ဆိုရုံမျှပါ။ အဲဒီ နတ်တွေက ဘာလုပ်သလဲ ခင်ဗျ။

ယေရှု။ ။ သူတို့က ဘုရားသခင်ရဲ့ အခိုင်းအစေတွေပါ။

ဆိုကရေတီး။ ဘုရားသခင်က အနန္တနတန်ခိုးရှင်ဖြစ်လို့ အခြားလူတွေကို အခိုင်းအစေလုပ်ဖို့ လိုသေး လို့လား။

ယေရှု။ ။ ဘုရားသခင်က အဲဒီလို လုပ်ချင်တာကိုး။

ဆိုကရေတီး။ ။ ဒါဖြင့် နတ်တွေက ဘုရားသခင်ရဲ့ ကျေးကျွန်တွေလား။

ယေရှု။ ။ မဟုတ်ရပါဘူး။ နတ်တွေက ဘုရားသခင်အတွက် သူ့ဆန္ဒနဲ့သူ အလုပ်အကျွးပြုလုပ်ကြတာ။

ဆိုကရေတီး။ ။ နတ်တွေက လုပ်ချငိတဲ့ ဆန္ဒမရှိလို့ မလုပ်ဘဲ နေရင်ကော ဘာတွေ ဖြစ်မလဲခင်ဗျ။

ယေရှု။ ။ ဘုရားသခင်ကို ဆန့်ကျင်တဲ့ နတ်ဆိုး မာနတ်(ဆေတန်) ခေါင်းဆောင်တဲ့ နတ်ဆိုးတွေ အများကြီး ရှိတယ်ဗျ။ ဘုရားသခင်ကို ဆန့်ကျင် ပုန်ကန်လို့ သူတို့ကို ကောင်းကင်ဘုံကနေ ထာဝရ ဒုက္ခနဲ့ ပြစ်ဒဏ်ပေးလိုက်တယ်။


ဆိုကရေတီးနှင့် ယေရှုတို့ တွေ့ဆုံးခန်း မပြီးဆုံးသေးပါဘူး။ သူတို့ အကြာကြီး ဆွေးနွေးကြတာပါ။ မျှော်ပါ ......

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP