၁၇။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၇)

အေဒင်ဥယျာဉ်

ဆိုကရေတီး။ ။ အေဒင်ဥယျာဉ်ဆိုတာက ဘာတုန်းဗျ။

ယေရှု။ ။ ဘုရားသခင် ပထမဆုံး ယောက်ျားနဲ့ မိန်းမ အာဒမ်နဲ့ အေဝကို ဖန်ဆင်းတုန်းက အေဒင် ဥယျာဉ်ထဲမှာ ထားတယ်။ အဲဒီတုန်းက သူတို့က စင်ကြယ်ပြီး အပြစ်မရှိဘူး။ ဘုရားသခင်က အဲဒီလို ဖန်ဆင်းခဲ့တာ။ အေဒင်ဥယျာဉ်က လှပတဲ့ သုခဘုံပဲ။ ဥယျာဉ်ထဲမှာ သူတို့ လိုတာ အကုန်ရတယ်။ အလုပ်မလုပ်ရဘူး။ ညွတ်နေအောင် သီးပွင့်နေတဲ့ သစ်ပင်တွေဆီက အသီးတွေကို ခူးစားရုံပဲ။ သူတို့က ကလေးတွေလို အပြစ်မရှိကြဘူး။ ပြဿနာမရှိဘူး။ လောကီခန္ဓာ ကိုယ်နဲ့ဆိုင်တဲ့ အချစ်ဆိုတာကို မသိ ကြဘူး။ သူတို့ အချင်းချင်း သနားကြင်နာပြီး ခဏ အလည်လာတဲ့ ဘုရားသခင်ကို မြတ်နိုး ကိုးကွယ် ကြတယ်။

ဆိုကရေတီး။ ။ ဘုရားသခင်က လူတွေကို ဘာလို့ ဖန်ဆင်းတာတုန်းခင်ဗျ။။

ယေရှု။ ။ သူအထီးကျန်လို့ပါပဲ။

ဆိုကရေတီး။ ။ အများကြီး နိမ့်ကျတဲ့ လူတွေသာမကဘဲ သူ့လောက်နီး စွမ်းရည်ရှိတဲ့ အပိုနတ်တွေကို ဘာကြောင့် ဖန်ဆင်းခဲ့သလဲ။ သူ့ကို ကြောက်ရွံ့ ရှိခိုးမဲ့ သူအထင်သေးတဲ့ ကျေးကျွန်တွေကိုပဲ ဖန်ဆင်း သင့်တယ် မဟုတ်လား။

ယေရှု။ ။ ကျုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်လို့ ကျုပ်တို့က သူ့ကို ပူးဇော် ရိုသေပြီး နားထောင်ရမှာပေါ့။

ဆိုကရေတီး။ ။ သားသမီးဟာ သူ့အဖေကို နာခံဖို့ ပြစ်မှုနှောင်ကြိုးတာဝန် ရှိ သင့်သလား ဒါမှမဟုတ် သူများ အမှားနဲ့ အမှန်ကို ကိုယ်တိုင် ဆုံးဖြတ်ဖို့ အခွင့်အ ရေးနဲ့ တာဝန်ရှိသလား။ ဘယ်လို အပြစ်၊ ဘယ်လို နားမထောင်တဲ့ အပြုအမူကို အေဒီဥယျာဉ်မှာ လူသား ကျူးလွန်ခဲ့သလဲ။

ယေရှု။ ။ အေဒင်ဥယျာဉ် အလယ်မှာ ဘုရားသခင်က အသိဉာဏ်သစ်ပင်ကို ထားရှိပါတယ်။ ဘုရားသခင်က အာဒမ်နဲ့ အေဝကို အဲဒီသစ်သီးကို မစားဖို့ ပြောပါတယ်။ မာနတ်က ဥယျာဉ်ထဲကို သွားပြီး မြွေလို ဖန်ဆင်းပြီး အဲဒီအသီးကို စားရင် ကြီးမားတဲ့ အသိဉာဏ်ကို ရမယ်လို့ အေဝကို ပြောပါတယ်။ အဲဒီအသီးကို စားရင် သူလို အသိဉာဏ် ကြီးကျယ်လာမှာကို ကြောက်လို့ အဲဒီအသီးကို မစားဖို့ ထာဝရဘုရား ကပြောကြောင်း ဆေတန်က ပြောပြတယ်။ အေဝဟာ အာဒမ်ကို အဲဒီအသီးကို စားဖို့ တိုက်တွန်း ပါတယ်။ သူတို့ စားပြီးတဲ့နောက် သူတို့ မေထုန် မှီဝဲလိုတဲ့ ဆန္ဒကို သိသွား ကြတယ်။ ဒါက အပြစ်ရဲ့ မူလရင်းမြစ်ပါ။

ဆိုကရေတီး။ ။ အသိပညာဟာ ထာဝရဘုရားက ကျွန်ုပ်တို့ဆီက ပြန်လည် သိမ်းယူလိုတဲ့ မကောင်းမှုလား။ ကျွန်ုပ်တို့ အသိပညာရတာကို ထာဝရဘုရားက ဘာကြောင့် ပြန်လိုချင်ရတာလဲ။ သူ့ခြေရင်းမှာ ပြားပြားဝပ်နေတဲ့ ကျေးကျွန် အဖြစ်နဲ့ ကျွန်ုပ်တို့ကို ဆက်ရှိစေချင်လို့လား။ ကျွန်ုပ်တို့ဟာ ဆေတန် အပေါ် ကျေးဇူးကြွေးရှိပြီး သူ့ကူညီမှုအတွက် ဆေတန်ကို ပူဇော်ပသသင့်တယ်လို့ ကျွန်ုပ် ထင်တယ်။ နတ် ဘုရားတွေရဲ့ အမိန့်ကို မနာခံဘဲ လူသားတွေဆီ အသိဉာဏ် မီးလျှံကို ဆောင်ယူခဲ့တဲ့ ဂရိနတ် တိုင်တန် ပရိုမီသီယပ်စ်နဲ့ ဆေတန်ဟာ တော်တော် တူနေတာပဲ။ လူသားတွေ အတွက် လုပ်ခဲ့တဲ့ အဲဒီအပြစ်ကြောင့် ပရိုမီသီယပ်စ်ဟာ ဆေတန်လိုပဲ ထာဝရ ညှဉ်းဆဲခံ နှိပ်စက်ခံ ဖြစ်ခဲ့ရတယ်။ အချစ်၊ မီးနှင့် စဉ်းစား ဉာဏ်မရှိတဲ့ လူသားဘဝဟာ တန်ဖိုးနည်းမှာ သေချာတယ်။

ယေရှု။ ။ ဒါပေမဲ့ ကျုပ်တို့က အဲဒီအသီးကို စားလို့ ဘုရားခင်လို အသိဉာဏ် မကြီးကျယ်တဲ့အတွက် ဆေတန်ဟာ အေဝ ကို လိမ်ပြောခဲ့တာ။ ဆေတန်ဟာ ဘုရားသခင်ရဲ့အလုပ်ကို ဖျက်ဆီးလိုရုံ သက်သက်နဲ့ ကျုပ်တို့ကို လိမ်ပြောခဲ့တာ။
--------------------

တွေ့ဆုံခန်း (၈) မှာ မေထုန်စိတ်ကို ဘယ်သူ သွင်းပေးသလဲဆိုတာကို ဆွေးနွေးကြပါတယ်။
မျှော်ပါ .......

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP