၂။ မျှော်လင့်ချက် ပျောက်ဆုံးခြင်း

ငါသည် ငြိမ်သက်ခြင်း (ငြိမ်းချမ်းမှု)ကို ဖြစ်စေပြီး
အမင်္ဂလာ (မကောင်းမှု)ကိုလည်း ဖန်ဆင်း၏။
ဟေရှာယ အနာဂတ္တိကျမ်း (၄၅း၇)

မည်သို့နည်း၊ ငါတို့အား ယင်းသို့ အလွန်
ကောင်းမွန်စွာ ကယ်တင်ခဲ့ပြီဖြစ်သော
အနန္တမေတ္တာရှင်ထံ ဆုတောင်းသင့်ပါသလော၊

အမှန်ဆိုရလျှင် ထာဝရငရဲကို ဖန်ဆင်းခဲ့သော
အဆုံးစွန် ရက်စက် ကြမ်းကြုတ်သူ၊

ငါတို့ကို ဖန်ဆင်းခဲ့သော ငါတို့ကို ကြို၍သိခဲ့သော
ကြို၍ ဒဏ်ခတ်ခဲ့သော ထို့ထက်
၎င်းဆန္ဒရှိသည်ကို ၎င်းဘာသာပြုလုပ်ခဲ့သော
အဆုံးစွန် ရက်စက်ကြမ်းကြုတ်သူ၊

ကျွန်ုပ်တို့၏
ညည်းညူသံကို လုံးဝကြားသိတော်မမူသော
သေဆုံးသူ ကြမ်းကြုတ် မိခင်အား
ပို၍ကောင်းအောင် ပြုပြင်ပေးပါ။

Lord Tennyson

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP