၃ဝ။ ထာဝရဘုရား အမျက်ကြီးခြင်း

ထာဝရဘုရားက “င့ါသည် အလွန် အမျက်ထွက်ပြီ”တဲ့။
Zechariah 8: 2: Thus saith the Lord of hosts; I was jealous for Zion with great jealousy, and I was jealous for her with great fury.
ဇာခရိ ၈း၂။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား ငါသည် ဇိအုန်တောင်အဖို့ အလွန် စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍ သူ့အဖို့ စိတ်အား ကြီးပြီ။

အနန္တမေတ္တာရှင်ဟု ဆိုပါလျက် အဘယ်ကြောင့် ထိုမျှလောက် ဒေါသကြီးရသည်ကို စဉ်စား၍ မရနိုင်။ သမ္မာကျမ်းသည် အလွန် ဒေါသကြီးသူ မောဟသည်းသူ တစ်ယောက် သို့မဟုတ် အုပ်စုတစ်စုက တစ်စုံတစ်ခုသော လူမျိုးရေးနှင့် နိုင်ငံရေး ရည်ရွယ်ချက်များဖြင့် စိတ်ကူးယဉ် ထာဝရဘုရားဟူသည်ကို ဖန်တီးသရုပ် ဖော်ရေးသားခဲ့သော မှတ်စုများ ဖြစ်ရော့သလားဟု စဉ်းစားမိသည်။ အလင်း နှစ် သန်းပေါင်းများစွာဖြင့် နှိုင်းယှဉ်ပြောဆိုရသည့် ကျွန်ုပ်တို့ နေစကြဝဠာနှင့် မဟာဂေလက်ဆီကြီး အတွင်း မည်သည့်နေရာတွင်မှ ထာဝရတည်မြဲနေသည်ဆိုသော ယင်းမဟာတန်ခိုးရှင်ကို စဉ်းစား၍ပင်မရနိုင် သူ တစ်ယောက်အဖို့ အလွန် ရယ်မောစရာ ပြက်လုံးများကဲ့သို့ ဖတ်ရင်းနှင့် သွားပေါ်ရုံမကလည်း ပြုံးမိ၏။ အသံ ထွက်အောင်လည်း ရယ်မိ၏။ ဟက်ဟက် ပက်ပက်လည်း ရယ်မိ၏။

ထာဝရဘုရားသည် လူမိုက်များကို အားပေးခဲ့သည်။
1 Corinthians 1:27: But God hath chosen the foolish things of the world to confound the wise; and God hath chosen the weak things of the world to confound the things which are mighty.
၁ ကော ၁း၂၇။ ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီအရာ၌ မိုက်မဲ သောသူတို့ကို ရွေးကောက်တော်မူ၏။ အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ လောကီ အရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။

----------------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP