၁၂။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၅)

ပုန်ကန်သူ ဆေတန်

ဆိုကရေတီး။ ။ ဆေတန်က ဘာလို့ ပုန်ကန်တာလဲ။ ဘုရားသခင်ဟာ ခင်ဗျား ပြောသလို အနန္တ တန်ခိုးရှင်ဖြစ်လို့ သူ့ကို သေချာပေါက် နှိမ်နင်းပစ်နိုင်တယ်ဆိုတာကို မသိဘူးလား။

ယေရှု။ ။ ဆေတန်က ဘဝင်မြင့်သွားပြီး ကောင်း ကင်ဘုံကို အုပ်ချုပ်ချင်လို့ ထာဝရဘုရားကို ပုန် ကန်ချင်တာ။ သူက ထာဝရဘုရားရဲ့ တန်ခိုးဟာ (မိမိထက် သာတယ်ဆိုတာကို) နည်းနည်းတော့ သိပါတယ်။ ဒါပေမဲ့ အခွင့်အလမ်း အားလုံးကို ရချင်လို့ အာဏာကို သိပ်လိုချင်တယ်။

ဆိုကရေတီး။ ။ ဒါဆို ဆေတန်ဟာ သတ္တိခဲ လူစွမ်းကောင်းပဲ။ သူမနိုင်တဲ့ လူဆိုးတစ်ယောက်ကို ဆန့် ကျင် တော်လှန်တာပဲ။

ယေရှု။ ။ သူက ဘုရားသခင်ရဲ့ဆန္ဒကို ဆန်ကျင်လို့ အပြစ် ရှိတယ်။

ဆိုကရေတီး။ ။ ဆေတန်နဲ့ ထာဝရဘုရားရဲ့ အဓိက ခြား နားချက်ကတော့ တန်ခိုး အဆင့်အတန်းပဲ ထင်တယ်။

ယေရှု။ ။ ထာဝရဘုရားက အလုံးစုံ ပြည့်စုံပါတယ်။ အနန္တ တန်ခိုးရှင်၊ အနန္တပညာရှင်၊ အပြစ် ကင်းတယ်။

ဆိုကရေတီး။ ။ ဟုတ်တာပေါ့။ အဓိပ္ပာယ်အရ သူက ကိုယ့် ကိုယ်ကို နားထောင်စရာမလိုလို့ သူ့မှာ အပြစ် မရှိပါဘူး။ အဲဒီ နှစ်ယောက်ရဲ့ အစစ်အမှန် ခြားနားချက်က တန်ခိုး ဒီဂရီပါပဲ။ ဒါကြောင့် ဆေတန်ဟာ ထာဝရဘုရားကို ဆန့်ကျင်ဖို့ မမှားဘူး သို့မဟုတ် အပြစ်မရှိဘူး။ ပြိုင်ဆိုင်မှုမှာ ရှုံးလို့ပဲ အပြစ်ဖြစ်မှာဗျ။ ကြည့်လေ၊ သူ အောင်နိုင်ခဲ့ရင် ထာဝရဘုရားသခင်က အပြစ် ရှိသူ ဖြစ်သွားမှာပဲ။ ဘာကြောင့်ဆို ထာဝရဘုရား သို့မဟုတ် အခြားဘုရားတွေထက် တန်ခိုးကြီးတဲ့ ဆေတန်ကို ထာဝရဘုရားက နားမထောင်လို့ပေါ့။ ဆေတန်က သူ့ကိုယ်သူ အပြစ် မတင်နိုင်ဘူး။ ဆိုလိုတာက ကိုယ့်ကိုယ်ကို နားမထောင်နိုင်ဘဲ အားလုံးထက် တန်ခိုးကြီးတယ်ဆိုတာ သက်သေ ပြနိုင်တာကိုး။ ခင်ဗျား အဓိပ္ပာယ်ဖွင့်ပုံအရဆိုရင် ဆေတန်သာ နိုင်ခဲ့ရင်လေ သူက ဘုရားသခင် ဖြစ်လာမှာ။ သူက အနန္တတန်ခိုးရှင် အပြစ် ကင်းသူဖြစ်နေမှာကိုးဗျ။ ဒါမျိုး မဖြစ်ဘူးလို့ ဘယ်သိမလဲ။ ခင်ဗျားရဲ့ ထာဝရဘုရားအကြောင်း ရှင်းပြပုံအရ အဲဒါ မဟုတ်ဘူးလို့ ကျွန်ုပ် သံသယရှိတယ်။

ယေရှု။ ။ ထဝရဘုရားသခင်က တန်ခိုး၊ ဖြောင့်မတ်မှုနဲ့ အပြစ်ကင်းစင်မှုတွေမှာပဲ သာလွန်တာ မဟုတ်ပါဘူး။ ဘုရားသခင်က လုံးဝ မျှတမှု၊ ကရုဏာ၊ ငြိမ်းချမ်းမှု၊ အကြင်နာနှင့် ခွင့်လွှတ်မှုတွေနဲ့ ပြည့်စုံသူပါ။ ဆေတန်က ကောက်ကျစ်တယ်၊ ကိုယ်ကျိုးဆန်တယ်၊ အဖျက်သမား၊ ယုတ်မာသူ။

ဆိုကရေတီး။ ။ ကောင်းကင်ဘုံက နှင်ထုတ်ခံရပြီးနောက် ဆေတန် ဘာဖြစ်သွားသလဲ။

ယေရှု။ ။ ထာဝရဘုရားက ငရဲအိုးထဲ ပစ်ချလိုက်တာပေါ့။ အဲဒီမှာ သူ ညှဉ်းဆဲ ခံရပြီး ထာဝရ ဒုက္ခနဲ့ ကြုံရတာပေါ့။

တွေ့ဆုံခန်း (၆) မှာ ငရဲအကြောင်းကို ဆွေးနွေးပါတယ် ... မျှော်ပါ

----------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP