၁၁။ ကမ္ဘာကြီး အဆုံးသတ်မည့်နေ့

ဧဝံဂေလိ ခရစ်ယန်တို့သည် မကြာမီ ကမ္ဘာကြီးပျက်စီးလျက် ခရစ်တော် ပြန်လာမည်ဟု ဟောကိန်း ထုတ်လေ့ရှိကြသည်။ ကျွန်ုပ်အသက် ၁၈-နှစ်အရွယ်က ယေဟောဝါ၏သက်သေများ ကျွန်ုပ်တို့ အိမ်သို့လာပြီး ၁၉၇၅-ခုနှစ်တွင် ကမ္ဘာကြီး ပျက်စီးမည့်အကြောင်း ပြောကြသည်ကို ကျွန်ုပ်ကောင်းစွာ မှတ်မိနေသည်။ အကယ်၍ ထိုအချိန်လောက်က ထုတ်ဝေသည့် Watch Tower သို့မဟုတ် Awake မဂ္ဂဇင်းများ ရှိသေးလျှင် ၁၉၇၅-ခုနှစ်မှာ ကမ္ဘာကြီး ပျက်စီးမည်ဖြစ်ကြောင်း ရေးထားသည့် ဆောင်းပါး များကို တွေ့ရဦးမည်ဖြစ်သည်။
၁၈၉၅-ခုနှစ်၊ ၁၉၁၄-ခုနှစ်များတွင် ကမ္ဘာပျက်လိမ့်မည်ဟု ဟောခဲ့စဉ်ကလိုပင် ၎င်းတို့ တကယ်ပင် မှားယွင်းခဲ့သည်။ ၁၉၉ဝ-ပြည့်လွန် နှစ်များတွင်လည်း ဘုရားကျောင်း များစွာတို့သည် ၂ဝဝဝ-ပြည့်နှစ်၌ ကမ္ဘာပျက် မည်ဖြစ်ကြောင်း ဟောခဲ့ကြသည်။ ဆင်ခြင်တုံတရား နည်းပြီး စိတ်ပြောင်းလွယ်သူအချို့ ယင်း အဓိပ္ပါယ်မဲ့ ပြောကြားချက်ကို ယုံကြည်ပြီး ဘာသာ ကူးပြောင်းခဲ့ကြသည်။
၁၉၉၁-ခုနှစ်က ဌာနတစ်ခုတွင် ကျွန်ုပ်အလုပ်လုပ်နေစဉ် ထမင်းစားချိန်တိုင်း မြေညီထပ် စားသောက် ဆိုင်သို့ သွား သည်။ တစ်နေ့တွင် လူငယ်သုံး ယောက်နှင့်တွေ့ရာ ၎င်းတို့က အထပ် ၅ တွင် နေထိုင်သူ တစ်ယောက်ထံ အချိန်ပိုင်း အလုပ်လုပ်နေကြောင်း ပြောပြသည်။
တစ်နေ့၌ နေ့လယ်စာစားရင်း ဘာသာရေးအကြောင်း ပြောစဉ် ၎င်းတို့၏ အလုပ်ရှင် (သူဌေး)သည် ၂ဝဝဝ-ပြည့်နှစ်တွင် ကမ္ဘာကြီး ပျက်စီးမည်ကို ယုံကြည်ကြောင်း ပြောလာသည်။ လူငယ်တစ် ယောက်မှာ ယင်းသို့ဖြစ်လာမည်ကို အတော် ကြောက်ရွံ့နေပြီး ထိုကိစ္စနှင့် ပတ်သက်၍ ကျွန်ုပ်၏ ထင်မြင်ချက်ကို မေးသည်။ 'လုံးဝအဓိပ္ပါယ် မရှိပါဘူး။ ကျုပ်တော့ မယုံပါဘူး။ ခင်ဗျားတို့ သူဌေးလည်း တကယ်မယုံဘူးဆိုတာကို ကျွန်ုပ်အာမခံပါတယ်'ဟု ကျွန်ုပ် ပြောလိုက်သည်။
'အိုး၊ သူက တကယ်ယုံတာပါ'ဟု လူငယ် သုံးယောက်က ပြန် ပြောသည်။
၎င်းတို့က ထိုအကြောင်း ရေးထားသည့် ကျမ်းစာအုပ်များရှိ ကြောင်းနှင့် ကိုးနှစ်ကြာလျှင် ကမ္ဘာကြီး ပျက်စီးတော့ မည်ဖြစ်ကြောင်း သက်သေပြသည့် ကျမ်းစာထဲမှ စာပိုဒ်အချို့ကို ထုတ်ပြကြသည်။ 'ခင်ဗျားရဲ့သူဌေး ဒီကိစ္စကို တကယ် မယုံပါဘူး'ဟု ကျွန်ုပ်က ထပ်ပြောသည်။ 'တကယ်လို့ ဒီအကြောင်း ကျုပ်တို့ သူဌေးကိုပြောရင် ခင်ဗျား စိတ်ဆိုးမလား' 'မဆိုးပါဘူး၊ ရပါတယ်'
နောက်နေ့တွင် လူငယ်သုံးယောက်နှင့်အတူ သူဌေးဆိုသူ ကျွန်ုပ်ထံသို့ ရောက်လာသည်။ ဘာသာ ရေးအကြောင်း ခင်မင်ရင်းနှီးစွာ ပြောကြပြီးနောက် ကမ္ဘာကြီး ပျက်စီးမည့်ဘက်သို့ ရောက်သွားသည်။ သူဌေးက ကမ္ဘာကြီးပျက်စီး မည့်ကိစ္စကို ကျမ်းဂန်တွင် အတိအကျ ဆိုထား ကြောင်းနှင့် ယင်းကို မိမိယုံ ကြည်ကြောင်း ပြောဆိုသည်။
သူ့ကိုကြည့်ပြီး ရယ်လိုက်မိသည်။ 'ခင်ဗျားတို့ဟာ ကိုယ့်ယုံကြည် ချက်ကို ကိုယ်မသိတဲ့အထိ နားဝေး တဲ့အပြင် ဆင်ခြင်တုံတရားလဲ ကင်းမဲ့နေတယ်ဗျ'ဟု ကျွန်ုပ်က ပြောသည်။ 'ကျွန်ုပ်ရဲ့ ယုံကြည်မှု အတိုင်း အတာကို သံသယရှိဖို့ ခင်ဗျားမှာ အခွင့်အရေးမရှိဘူး'ဟု စိတ်ဆိုးလျက် ပြန်ပြောသည်။ 'ကမ္ဘာ ပျက်ပြီး တမန်တော် ပြန်လာမှာကို ခင်ဗျား တကယ်မယုံဘူးဆိုတာ ကျွန်ုပ် သက်သေပြ နိုင်တယ်' 'ကဲ ဒါဖြင့် ပြဗျာ' ဟု ၎င်းက စိန်ခေါ်သည်။
လူငယ်သုံးယောက်မှာ ယခုအခါ စိတ်အားထက်သန်စွာ နားထောင်လျက် ရှိကြသည်။ 'ကောင်းပြီ၊ ၂ဝဝဝ-ပြည့်နှစ်မှာ ကမ္ဘာကြီး လုံးဝပျက်စီးမှာကို ခင်ဗျား တကယ်ယုံသလား' 'လုံးဝယုံပါတယ်၊ ကျမ်းစာ ထဲမှာ အတိအကျ ဟောကိန်းပါတဲ့ အတွက် တကယ် ဖြစ်မယ်လို့ ကျုပ်ယုံတာဗျ'
'အိုကေ၊ ကျွန်ုပ်မှာ ရှေ့နေမိတ်ဆွေ တစ်ယောက်ရှိတယ်။ သူ့ကို မနက်ဖြန် ဒီကိုလာဖို့ ပြောလိုက်မယ်၊ ခင်ဗျားနှင့်ကျွန်ုပ် သင့်လျော်တဲ့ တရားဝင်စာချုပ်တစ်ခု ချုပ်ရအောင်၊ ဒီအထဲမှာ သက္ကရာဇ် ၂ဝဝ၁-ခု ကျရင် ခင်ဗျားရဲ့ အိမ်၊ စီးပွားရေး လုပ်ငန်းနှင့် ပိုင်ဆိုင်မှုအားလုံး ကျုပ်ကိုပေးဖို့ သဘောတူ ရမယ်၊ ဘယ့်နှယ်လဲ'
သူဌေးဆိုသူမှာ မျက်လုံးပြူးသွားသည်။ မည်သို့ ပြန်ပြောရမည်မသိ။ 'လုပ်ပါဗျ၊ ခင်ဗျားမှန်ရင် မှန်တယ်လို့ ပြောဦးမယ်ဆိုရင် ၂ဝဝ၁-ရောက်တဲ့ အခါ ကျွန်ုပ်က ငရဲကိုသွားပြီး ခင်ဗျားက ယေရှုနှင့် အတူ ကောင်းကင်ဘုံကို သွားမှာဖြစ်လို့ ဒီပစ္စည်းတွေအားလုံး ဘာမျှ လိုမှာ မဟုတ်တော့ဘူး' 'ဒါတော့ ကြောင်တာပဲဗျ' ဟု အလွန် ပျာယာခတ်လျက် ပြန် ပြောသည်။
လူငယ်တစ်ယောက်က 'ကျုပ်တော့ ကြောင်တာ မဟုတ်ဘူးလို့ ထင်တယ်၊ ဒီအချိန်ဟာ ခင်ဗျားရဲ့ ယုံကြည်ချက်ကို သက်သေပြရမဲ့ အခွင့်ကောင်းပဲ'ဟု ဝင်ပြောသည်။ 'မှန်တာပေါ့၊ ခင်ဗျား ဘယ် လောက် သစ္စာရှိတယ်၊ ယုံကြည်မှု ပြင်းပြ တယ်ဆိုတာကို သက်သေပြဖို့ မဟာအခွင့်အရေးပဲ။ ဒီလူငယ်သုံးယောက် ခင်ဗျား ရဲ့ဘာသာထဲကို ပြောင်းလာနိုင်တာပဲ။ ခင်ဗျား ပြောတဲ့အတိုင်း လုပ်ပြ စမ်းပါ'ဟု ကျွန်ုပ်က ဝင်ထောက်သည်။
သူဌေးမှာ အလွန်စိတ်ဆိုးသွားပြီး နေရာမှထလျက် ထွက်ခွာသွားသည်။ လူငယ်သုံးယောက်မှာ ပြုံး ကျန်ခဲ့ကြပြီး ကမ္ဘာ ကြီးပျက်စီးတော့မည်ကို ကြောက်ခဲ့ ကြသည့်လူငယ်မှာ ပို၍ပင် ပြုံးနေသည်။

----------------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP