၆။ ထာဝရဘုရားမှာ ကိုယ်ခန္ဓာရှိ မရှိ

အချို့ကျမ်းများ၌ ထာဝရဘုရားသည် ဝိညာဉ်ကောင်ဖြစ်၏ဟု ဆိုပါလျက် အချို့ကျမ်များ၌မူ ယင်းသည် ခြေ လက် မျက်စိ နား နှာခေါင်း ရှိ၏ ပါးစပ် ရှိ၏ အတောင် ရှိ၏ဟု ဆိုပြန်သည်။ ပထမအဆို မှန်လျှင် ဒုတိယအဆို မှားရမည်။ သို့ဖြစ်မူ သမ္မာကျမ်းသည် ဘုရားသခင်ထံမှရရှိသော ကမ္ဘာပေါ်တွင် အမှန် ကန်ဆုံးနှင့် အပြည့်စုံဆုံးသော ကျမ်းဖြစ်၏ဟူသော ခရစ်ယန်တို့၏ ယုံကြည်ချက်ကို စဉ်းစားရတော့ မည်။ အောက်ပါ ကျမ်းစာလာ စကားများကို ဖတ်ကြည့်ပါ။

ထာဝရဘုရားသည် ဝိညာဉ်ကောင် ဖြစ်သည်။
John 4:24: God is a Spirit: and they that worship him must worship him in spirit and in truth.
ယော ၄း၂၄။ ဘုရားသခင်သည် နံဝိညာဉ် ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည် နံဝိညာဉ်နှင့် လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။

ခြေထောက်တော် ရှိသည်။
Psa 18:9: He bowed the heavens also, and came down: and darkness was under his feet.
ဆာလံ ၁၈း၉။ မိုးကောင်းကင်ကို ညွတ်သဖြင့် ဆင်းသက်တော်မူ၍ ခြေဖဝါးတော် အောက်၌ မှောင်မိုက် ဖြစ်လေ၏။

ထာဝရဘုရား၌ လက်ရှိသည်။
Jer 27:5: I have made the earth, the man and the beast that are upon the ground, by my great power and by my outstretched arm, and have given it unto whom it seemed meet unto me.
ယေရမိ ၂၇း၅။ ငါသည် မဟာတန်ခိုးနှင့် လက်ရုံးကို ဆန့်လျက် မြေကြီးကိုလည်းကောင်း၊ မြေကြီး ပေါ်မှာရှိသော လူနှင့် တိရစ္ဆာန်တို့ကိုလည်းကောင်း ဖန်ဆင်းသည်ဖြစ်၍ ငါသည် ပေးလိုသောသူတို့ အား ပေး၏။

အတောင်ရှိသည်။
Psa 36:7: How excellent is thy lovingkindness, O God! therefore the children of men put their trust under the shadow of thy wings.
ဆာလံ ၃၆း၇။ အို ဘုရားသခင်၊ ကရုဏာတော်သည် အလွန် မြတ်နိုးဖွယ် ဖြစ်ပါ၏။ ထို့ကြောင့် လူ သားတို့သည် အတောင်တော် အရိပ်ကို ခိုလှုံလျက် နေရကြပါ၏။

ပါးစပ်ရှိသည်။
Isa 1:20: But if ye refuse and rebel, ye shall be devoured with the sword: for the mouth of the LORD hath spoken it.
ဟေရှာ ၁း၂ဝ။ သို့မဟုတ် ငြင်းဆန် ပုန်ကန်လျှင် ဓားလက်နက်ဖြင့် ဆုံးရကြလိမ့်မည်ဟု ထာဝရ ဘုရား၏ နှုတ်တော် ထွက် အမိန့်တော်ရှိ၏။

အမည် သုံးမျိုးနှင့် တစ်ဆူတည်းသော ဘုရားဖြစ်သည်။
I John 5:7 For there are three that bear record in heaven, the Father, the Word, and the Holy Ghost: and these three are one. 8: And there are three that bear witness in earth, the spirit, and the water, and the blood: and these three agree in one.
၁ ယော ၅း၇။ သို့ဖြစ်လျှင် ကောင်းကင်ဘုံ၌ ခမည်းတော်တစ်ပါး၊ နှုတ်ကပတ် တော်တစ်ပါး၊ သန့်ရှင်းသော ဝိညာဉ် တော်တစ်ပါး၊ သက်သေခံ သုံးပါရှိ၍ ထိုသုံးပါးတို့သည် တစ်လုံးတစ်ဝတည်း ဖြစ်တော်မူ၏။ ၈။ မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တစ်ပါး၊ ရေတစ်ပါး၊ အသွေးတစ်ပါး၊ သက်သေခံ သုံးပါးရှိ၍ ထိုသုံးပါးတို့သည် တစ်ညီတစ်ညွတ်တည်း ဖြစ်၏။

အချို့ ခရစ်ယန်ဝါဒီတို့ ယုံကြည်ပုံအရ ခမည်းတော်၊ နှုတ်ကပတ်တော်၊ ဝိညာဉ်တော်ဟူသော အရာ သုံးမျိုးသည် တစ်ခုတည်း (အတူတူ) ဖြစ်သည်။ ယင်းသည် ကောင်းကင်ဘုံမှာ ရှိသည်။ ကမ္ဘာ မြေပေါ်၌မူ ဝိညာဉ်တော်၊ ရေနှင့် သွေး သုံးမျိုး အတူတူဖြစ်သည်ဟူ၏။ ထိုအရာ သုံးမျိုးကို တစ်ခု တည်းဟုဆိုလျှင် ရေကို ဝိညာဉ်တော်ဟု ခေါ်ရမည်လော။ မည်သည့်နည်းနှင့်မျှ ယုတ္တိကို ရှာမရနိုင်ပါ။

ထာဝရဘုရားကို ဘယ်သူ မြင်ဖူးသလဲ။ မျှော်ပါ .......

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP