၂၄။ ယေရှုဟောသော တရား

ယေရှုက မိမိစကားကို နားထောင်သူသည် ဘယ်တော့မှ မသေဟု ဆိုသည်။
John 8:51: Verily, verily, I say unto you, If a man keep my saying, he shall never see death.ယော ၈း၅၁။ ငါအမှန်အကန် ဆိုသည်ကား ငါ့စကားကို နားထောင် သောသူသည် သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်လိမ့်မည်ဟု မိန့်တော်မူ၏။

ယေရှုသည် ဓားကို စေလွှတ်ရန် ဤလောကသို့ လာသည်။
Matthew 10:34: Think not that I am come to send peace on earth: I came not to send peace, but a sword. 35: For I am come to set a man at variance against his father, and the daughter against her mother, and the daughter in law against her mother in law. 36: And a man's foes shall be they of his own household.
မဿဲ ၁ဝး၃၄။ မြေပေါ်သို့ ငြိမ်သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်ဟု မထင်ကြနှင့်။ ငြိမ် သက်ခြင်းကို စေလွှတ်အံ့သောငှာ ငါလာသည်မဟုတ်၊ ဓားကို စေလွှတ်အံ့သောငှာ ငါလာသတည်း။ ၃၅။ အဘနှင့်သား၊ အမိနှင့်သမီး၊ ယောက္ခမ နှင့်ချွေးမ အချင်းချင်း ကွဲပြားစေခြင်းငှာ ငါလာသတည်း။ ၃၆။ ကိုယ့်အိမ်သူ အိမ် သားတို့သည်လည်း ကိုယ့်ရန်သူ ဖြစ်ကြလိမ့်မည်။

ယေရှုသည် လူတွေ အချင်းချင်း ကွဲပြားစေရန် ဤလောကသို့ လာသည်။
Luke 12:49 I am come to send fire on the earth; and what will I if it be already kindled? 50 But I have a baptism to be baptized with; and how am I straite-ned till it be accomplished! 51 Suppose ye that I am come to give peace on earth? I tell you, Nay; but rather division: 52 For from henceforth there shall be five in one house divided, three against two, and two against three.
လုကာ ၁၂း၄၉။ မြေပေါ်၌ မီးလောင်စေခြင်းငှာ ငါလာသတည်း။ ထိုမီး မညှိမီတိုင် အောင် ငါ၏အလို မပြည့်စုံ။ ဗတ္တဇံ(ရေနှစ်ခြင်း) တစ်ခုကိုလည်း ငါခံစရာရှိ၏။ ၅ဝ။ ထိုဗတ္တိဇံကို မခံမီတိုင်အောင် ငါသည် အလွန်ငြီးငွေ့သော စိတ်ရှိ၏။ ၅၁။ မြေပေါ်၌ ငြိမ်သက်ခြင်းကို ပေးအံ့သောငှာ ငါလာသည်ဟု ထင်ကြ သလော၊ ထိုသို့သော အလို့ငှာ ငါလာသည်မဟုတ်၊ အချင်းချင်း ကွဲပြားစေခြင်းငှာ ငါလာသည်ဟု ငါ(ယေရှု) ဆို၏။ အသို့နည်းဟူမူကား ယခုမှစ၍ အိမ်တစ်အိမ်၌နေသော လူငါးယောက်တို့သည် နှစ် ယောက်တစ်စု သုံးယောက်တစ်စု အချင်းချင်း ကွဲပြားလိမ့်မည်။

ယေရှုသည် လူများအား အဝတ်ကို ရောင်း၍ ဓားဝယ်ခိုင်းသည်။
Luke 22:36: Then said he unto them, But now, he that hath a purse, let him take it, and likewise his scrip: and he that hath no sword, let him sell his garment, and buy one.
လုကာ ၂၂း၃၆။ ယခုမူကား ငွေအိတ်ရှိသောသူသည် ယူစေ၊ လွယ်အိတ်ရှိသောသူသည် ယူစေ။ ဓား မရှိသောသူသည် အဝတ်ကို ရောင်း၍ ဓားကို ဝယ်စေ။

ယေရှုက သင့်မိဘများကိုထက် ငါ့ကို ပိုချစ်ပါဟု တောင်းဆိုသည်။
Matthew 10:37: He that loveth father or mother more than me is not worthy of me: and he that loveth son or daughter more than me is not worthy of me. 38: And he that taketh not his cross, and followeth after me, is not worthy of me. 39: He that findeth his life shall lose it: and he that loseth his life for my sake shall find it.
မဿဲ ၁ဝး၃၇။ အကြင်သူသည် ငါ့ကိုချစ်သည်ထက် မိဘကို သာ၍ချစ်၏၊ ထိုသူသည် ငါ(ယေရှု)နှင့် မထိုက်မတန်။ အကြင်သူသည် ငါ့ကို ချစ်သည်ထက် သားသမီးကို သာ၍ချစ်၏၊ ထိုသူသည် ငါ (ယေရှု)နှင့် မထိုက်မတန်။ ၃၈။ အကြင်သူသည် မိမိလက်ဝါးကပ်တိုင်ကို ထမ်း၍ ငါ့(ယေရှု) နောက်သို့ မလိုက်၊ ထိုသူသည် ငါနှင့်မထိုက်မတန်။ ၃၉။ မိမိအသက်ကို တွေ့သောသူသည် အသက်ရှုံးလိမ့်မည်။ ငါ့ကြောင့် မိမိအသက်ရှုံးသောသူမူကား အသက်ကို တွေ့လိမ့်မည်။

ယေရှုသည် မိမိကို မချစ်သူများအား ကျိန်ဆဲသည်။
1 Corintrians 16:22: If any man love not the Lord Jesus Christ, let him be Anathema Maranatha.
၁ကော ၁၆း၂၂။ အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာ ဖြစ်စေသတည်း။

ယေရှုသည် နှုတ်တော်ထွက် ဓမ္မဟောင်းကျမ်းအဆို အချို့ကို ပယ်ခဲ့သည်။
Matthew 38: Ye have heard that it hath been said, An eye for an eye, and a tooth for a tooth: 39: But I say unto you, That ye resist not evil: but whosoever shall smite thee on thy right cheek, turn to him the other also.
ရှင်မဿဲ ၅း၃၈။ သူ့မျက်စိကို ဖျက်လျှင် ကိုယ့်မျက်စိ ဖျက်ခြင်းကိုခံစေ၊ သူ့သွားကို ချိုးလျှင် ကိုယ့် သွားချိုးခြင်းကို ခံစေဟူသော ပညတ်စကားကို သင်တို့ ကြားရပြီ၊ ၃၉ ငါပညတ်သည်ကား နှောင့် ယှက်သောသူကို မဆီးမတားနှင့်။ သင်၏ပါး တဘက်ကို သူတပါးပုတ်လျှင် ပါးတဘက်ကို လှည့်၍ ပေးဦးလော့။

Matthew 5:43: Ye have heard that it hath been said, Thou shalt love thy neighbour, and hate thine enemy. 44: But I say unto you, Love your enemies, bless them that curse you, do good to them that hate you, and pray for them which despitefully use you, and persecute you; that ye may be the children of your Father which is in heaven.
ရှင်မဿဲ ၅း၄၃။ ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်လော့၊ ရန်သူကို မုန်းလော့ဟူသော ပညတ်စကားကို သင်တို့ ကြားရပြီ။ ၄၄ ငါပညတ်သည်ကား သင်တို့သည် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့ အဘ၏ သားဖြစ်လိုသောငှာ သင်တို့၏ ရန်သူတို့ကို ချစ်ကြလော့။ သင်တို့ကို ကျိန်ဆဲသောသူ တို့အား မေတ္တာ ပို့ကြလော့။ သင်တို့ကို မုန်းသောသူတို့အား ကျေးဇူးပြုကြလော့၊ သင်တို့ကို နှောင့်ယှက် ညှဉ်း ဆဲသောသူတို့အဘို့ ဘုရားသခင်ကို ဆုတောင်းကြလော့။

ယေရှုသည် သမ္မာကျမ်းဟောင်း၌ ဘုရားသခင်၏ ဆုံးမချက်ကို ရဲဝံ့စွာ ပယ်ခဲ့သည်မှာ အဘယ် အကြောင်းကြောင့်နည်း။ သို့သော် ပါးတစ်ဖက် ရိုက်ခံရလျှင် အခြားတစ်ဖက်ကို ထိုးပေးဖို့ တိုက် တွန်းခြင်းမှာ ပိုလွန်းသည်။ မသကာ ရန်မတုံ့ပြန်ဘဲ ကာကွယ် သို့မဟုတ် လွတ်ရာသို့ တိမ်းရှောင်ရုံသာ ဖြစ်သင့်သည်။ မိမိပါးကို ရိုက်လာသူအား အခြားသော ပါးတဖက်ကို ထိုးပေးသည့် ခရစ်ယန်တစ် ယောက် အကြောင်းကို မကြားဖူး မဖတ်ဖူးသေးပါ။

ကွယ်လွန်ခါနီးတွင် ယေရှုခရစ် အရက်သောက်ခဲ့သည်။
John 19:30 When, now, he had received the sour wine, Jesus said: “It has been accomplished!” and, bowing his head, he delivered up [his] spirit. (Jehova's Witiness version) John 19:30: When Jesus therefore had received the vinegar, he said, It is finished: and he bowed his head, and gave up the ghost. (King James's version)
ယောဟန် ၁၉း၃ဝ။ ယေရှုသည် ဝိုင်(ပုံးရည်)ကိုခံပြီးမှ အမှုပြီး ပြီဟု မိန့်တော်မူလျက် ခေါင်းတော်ကို ငိုက်ဆိုက် ညွတ်၍ အသက်တော်ကို စွန့် တော်မူ၏။

sour wine (စပျစ်ရည်)ဟု ဆိုဆို၊ vinegar(ပုံးရည်)ဟု ရေးရေး တရားကိုယ်မှာ သောက်လျှင် မူးယဇ်စေတတ်သော ဝိုင်အရက် သာတည်း။ ကင်းမျှော်စင် ခရစ်ယန်ဂိုဏ်းအဖွဲ့ဝင် အိမ်စဉ် လှည့်လည်စည်းရုံးသူများအား မေးမြန်း ချက်အရ 'အရက်ကို ဥပါဒ်မဖြစ်ရုံသောက်လျှင် တစ်နည်း အမူးလွန်အောင် မသောက်လျှင် ယေဟောဝါ ဘွဲ့ခံ ဘုရားသခင်က လူသားတို့အပေါ် ထားရှိသည့် မဟာကရုဏာတော်ကြောင့် ကြည်ဖြူစွာ ခွင့်ပြုသည်'ဟု ဖြေဆိုသည်။ အရက်ကြိုက်သူများအဖို့ ဝမ်းမြောက်ဖွယ် သတင်းကောင်း ဖြစ်နေမည် လားမသိပါ။

ယေရှုသည် ခိုးမှုတစ်ခုကို ကျူးလွန်ခဲ့သည်။
Luke 19:29: And it came to pass, when he was come nigh to Bethphage and Bethany, at the mount called the mount of Olives, he [Jesus] sent two of his disciples, 30: Saying, Go ye into the village over against you; in the which at your entering ye shall find a colt tied, whereon yet never man sat: loose him, and bring him hither. 31: And if any man ask you, Why do ye loose him? thus shall ye say unto him, Because the Lord hath need of him. 32: And they that were sent went their way, and found even as he had said unto them. 33: And as they were loosing the colt, the owners thereof said unto them, Why loose ye the colt? 34: And they said, The Lord hath need of him.
လုကာ ၁၉း၂၉။ သံလွင်အမည်ရှိသော တောင်ခြေရင်း၌ ဗက်ဖာဂေရွာနှင့် ဗေသနိ ရွာအနီးသို့ ရောက်တော်မူသောအခါ တပည့်တော်နှစ် ယောက်တို့ကို စေလွှတ်၍ ၃ဝ။ သင်တို့ရှေ့၌ရှိသောရွာသို့ သွားကြ၊ ထိုရွာသို့ရောက်လျှင် အဘယ်သူမျှ မစီးဖူးသော မြည်းကလေး ချည်နှောင်လျက်ရှိသည်ကို သင်တို့သည် တွေ့လိမ့်မည်။ မြည်းကြိုးကို ဖြည်၍ ဆောင်ခဲ့ကြ။ ၃၁။ သူတစ်ပါးက အဘယ်ကြောင့် မြည်း ကြိုးကို ဖြည်သနည်းဟု သင်တို့ကိုဆိုလျှင် သခင်အလိုရှိသည်ဟု ပြန်ပြောကြလော့ဟု မှာ ထားတော်မူ၏။ ၃၂။ ထိုသို့စေလွှတ်သောသူတို့သည် သွား၍ စကားတော်အတိုင်း တွေ့ ကြ၏။ ၃၃။ မြည်းကြိုးကို ဖြည်စဉ်တွင် မြည်းရှင်တို့က အဘယ်ကြောင့် မြည်းကြိုးကို ဖြည်သနည်းဟုဆိုလျှင်၊ ၃၄။ သခင် အလိုရှိသည်ဟု ပြန်ပြောကြ၏။ ယေရှုထံတော်သို့ မြည်းကလေးကို ဆောင်ခဲ့၍၊ ၃၅။ မြည်း ကျောပေါ်မှာ မိမိတို့အဝတ်ကို တင်ပြီးလျှင် ကိုယ်တော်ကို စီးစေကြ၏။

သူတစ်ပါး မပေးသည့် ပစ္စည်းကို အတင်းအကြပ် သို့မဟုတ် ပိုင်ရှင်အား မပန်ကြားဘဲ ယူသည်ကို ခိုးခြင်းဟု အဓိပ္ပာယ် ဖွင့်ဆိုလျှင် ယေရှုသည် ခိုးမှုတစ်ခုကို ကျူးလွန်ခဲ့သည်။ သူတော်စင်သည် အထက်ပါအတိုင်း မဆောင်ရွက်သင့်။ တောင်းပါ၊ မပေးလျှင် အခြားနေရာမှ ရှာဖွေခဲ့ကြဟုဆိုလျှင် သင့်မြတ်နိုင်ရာ၏။
---------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP