၁၉။ ဆိုလာဘုရား ကျောင်းလူသတ်ပွဲ

၁၉၉၄ ခုနှစ် အောက်တိုဘာလတွင် ကနေဒါ၊ ပြင်သစ်နှင့် ဆွဇ်ဇာလန် နိုင်များ၌ အဖွဲ့ဝင်များရှိသည့် မထင်ရှားသော ဆိုလာဘုရားကျောင်း ဘာသာရေး အယူသီး အဖွဲ့သည် မိမိကိုယ်ကိုမိမိ အဆုံးစီရင်မှု တစ်ရပ်ကို ကျူးလွန်ခဲ့ကြသည်။ အဖွဲ့ဝင် ၅၃ ယောက်ကို ဆွဇ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့အနီး နေရာနှစ်ခု၌ အသေတွေ့ရှိခဲ့သည်။ အားလုံးနီးပါး လောက်မှာ ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ် သေဆုံးခြင်း ဖြစ်ပြီး (အချို့မှာ ရှစ်ကြိမ် တိုင်တိုင် ပစ်ခတ်ထားသည်ကို တွေ့ရသည်) အချို့မူ ကြိမ်ဖန်များစွာ ဓားဖြင့် ထိုးသတ်ထားခံရသည်။ အုပ်စုအအဖွဲ့ဝင်များက အစီအစဉ်တကျ စနစ်တကျ စီမံခဲ့ပြီး နောက်ဆုံး၌ ၎င်းတို့၏ အကြွင်းအကျန်များကို မီးရှို့ခဲ့ သည်။ ၂၂ လောင်းကို ဆွဇ်ဇာလန်ဘက်တွင် တွေ့ရပြီး ၂၅ လောင်းကို အခြားဘက်၌ တွေ့ရသည်။ အနည်းဆုံး ကလေးလူငယ် ငါးယောက်ပါဝင်သည်။

ဆွဇ်ဇာလန်နိုင်ငံမှ ဆိုလာဘုရားကျောင်း အဖွဲ့ဝင်များ၏ မီးလောင်ကျွမ်း သွားသည့် အကြွင်းအကျန် များကို အာဏာပိုင်များ ဖော်ထုတ်ချက်အရ ယင်းအဖွဲ့၏ အဖွဲ့ဝင် ငါးယောက်ထက် မနည်းမှာ ကနေဒါ နိုင်ငံ၊ မွန်တာရီယာမြို့မှ ၄၅ မိုင် အကွာတွင် တွေ့ရှိခဲ့သည်။ ဆွစ်လူမျိုး အမျိုးသားတစ်ယောက်နှင့် ဗြိတိသျှလူမျိုး ၎င်း၏ဇနီးနှင့် ၎င်းတို့၏ ၃ လအရွယ် သားငယ်တို့ ဖြစ်သည်။

သေဆုံးသူအားလုံးမှာ 'ဘဝသစ် (New Age) သီအိုရီများနှင့် အာဟာရ အကြောင်းများကို ဟော ပြောလျက် ဓာတ်ကြမ်းနည်းဖြင့် ကုသသူဟုယူဆရသူ အသက် ၄၆ နှစ်အရွယ် မိမိကိုယ်ကို ဂုရုဟုဟု ဆိုသည့် လုဂျိုးရက် (Luc Joret) ၏ နောက်လိုက်များ ဖြစ်ကြသည်။

ဂျိုးရက်သည် အခြားများစွာသော အစွန်းရောက် ခေါင်းဆောင်များကဲ့သို့ ၎င်း၏ နောက်လိုက်များအား ကမ္ဘာလောကသို့ မကြာမီ ကပ်ဘေး ဆိုက်ရောက်လာတော့မည်ဟု ဟောပြောသည်။ ၎င်းက ကမ္ဘာ ကြီးသည် ပတ်ဝန်းကျင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာတော့မည်ဖြစ်ပြီး ဘုရားသခင်၏ ရွေး ချယ်ခြင်းကို ခံရ သူများသာ အသက်ရှင်ကျန်ရစ်မည်ဖြစ်ကြောင်း ရှင်းပြသည်။

ဂျိုးရက်သည် ဘယ်လ်ဂျီယန်နိုင်ငံ ယခုအခါ ဇိုင်ယာ(Zaire) ဟုခေါ်တွင် သည့် ကွန်ဂို (Congo) မြို့၌ မွေးဖွားခဲ့သည်။ သူသည် ၁၉၇ဝ ပြည့်နှစ်များတွင် အပ်စိုက်ပညာနှင့် ဓာတ်ကြမ်းပညာများ သင်ယူရန် ဘရပ်ဆယ် (Brussels) မြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး 'ပြန်လည်ဖွဲ့စည်းသည့် ကက်သိုလစ်ဘာသာ' ဟုခေါ်သည့် ပြင်သစ်အဖွဲ့နှင့် ဆက်သွယ်ခဲ့သည်။ ယင်းအုပ်စု၏ အဖွဲ့ခေါင်းဆောင်မှာ ယခင် နာဇီ ဂက်စတာပို လျှို့ဝှက် ရဲအရာရှိဟောင်းဖြစ်လျက် လျှို့ဝှက်ဆန်းကြယ် ခရစ်ယန်ဘာသာရေး အစီအမံ များဖြင့် မွမ်းမံထားပုံရသည့် ယောဂနှင့်အဂ္ဂိရတ် ဂန္ဓာရီ ပညာနှစ်မျိုး ရောစပ်ကျင့်ထုံးတစ်ခုကို လိုက်နာ သူဖြစ်သည်။ ယင်းအဖွဲ့ ခေါင်းဆောင် ၁၉၈၁ ခုနှစ်တွင် သေဆုံးပြီးနောက် ဂျိုးရက်က ခေါင်း ဆောင်အဖြစ် ဆက်ခံပြီး အဖွဲ့ဝင်သစ်များကို စည်းရုံးရန် အဖွဲ့အစည်း ကွန်ယက်တစ်ခုကို တည် ထောင်ခဲ့သည်။

ဂျိုးရက်သည် နောက်လိုက်များအား လက်နက်များ သိုမှီးသိမ်းဆည်းထားရန် လူသိရှင်ကြား တိုက်တွန်း သည်။ မူလအားဖြင့် ယင်းအုပ်စုသည် ကနေဒါ နိုင်ငံတွင် အခြေခံခဲ့သည်။ ၁၉၉၃ တွင် ဂျိုးရက်သည် အသံတိတ် ကိရိယာများ နှင့် သေနတ်များကို တရားမဝင် ရယူမှုကြောင့် အပြစ်ရှိသဖြင့် ကနေဒါနိုင်ငံမှ ထွက်ပြေးခဲ့ရသည်။

လုဂျိုးရက်၏ ခန္ဓာကိုယ်ကို ဆွဇ်ဇာလန်နိုင်ငံတွင် အခြားဆိုလာဘုရားကျောင်း လူသတ်သမားများနှင့် အတူ တွေ့ရှိခဲ့သည်။

သြစတြေးလျမှ သေနတ်ခိုးသွင်းမှု စွပ်စွဲချက်များနှင့် ကနေဒါနှင့် ဥရောပတစ်ခွင်မှ ငွေကြေး လျှော်ပစ် မှုများမှာ ယင်းအုပ်စုနှင့် ပတ်သက်သည့် သတင်းများ လွင့်ပျံ့လျက်ရှိသည်။ ယင်းအဖွဲ့၏ ခေါင်း ဆောင်များဖြစ်ကြသည့် လုဂျိုးရက် နှင့် ဂျိုးဆက် ဒီ မမ်ဘရို (Joseph Di Mambro) ၇ဝ နှစ် တို့သည် သန်းကြွယ် သူဌေးများကဲ့သို့ အလျှံပယ် သုံးဖြုန်း နေထိုင်ခဲ့ကြလျက် မိမိတို့ ပိုင်ဆိုင်မှုများကို ပေး အပ်လှူဒါန်းခဲ့ကြသည့် ၎င်းတို့၏တပည့် နောက်လိုက်များထံမှ ဒေါ်လာ ၉၃ သန်းမျှ ရယူ စုဆောင်း နိုင်ခဲ့ကြသည်။ ဒီမမ်ဘရို၏ နောက်ဆုံး စကားများမှာ ၎င်းအနေဖြင့် ဤမြေပြင် ဘုံဌာနမှ ထာဝရဘုရားစံရာ ကောင်းကင်ဘုံဗိမာန်သို့ ထွက် ခွာရန်သာ အဓိဋ္ဌာန်ထားကြောင်း ဖော်ပြခဲ့သည်။

ဥရောပနှင့် ကနေဒါနိုင်ငံတို့၌ ရှေးဦး ဆိုလာဘုရား ကျောင်း လူသတ်ပွဲများ ပြီးနောက် သေပျောက် သူနှုန်းမှာ ထိုအုပ်စုဝင်များအတွင်း တဖြည်းဖြည်း မြင့်တက်လာပုံရသည်။ ၁၉၉၅ ခုနှစ် ပြင်သစ်မှ သတ်ဖြတ်ပွဲတွင် လူ ၁၆ ယောက် ပါဝင်ခဲ့သည်။ ၁၉၉၇ ခုနှစ်၊ မတ်လအတွင်း ကနေဒါနိုင်ငံ၊ ကျူဗေး (Quebec City) မြို့အနီး ၎င်းတို့၏ စခန်းအတွင်း ဆိုလာဘုရားကျောင်း အဖွဲ့ဝင် ငါးယောက်ထက် မနည်းသည် ဘုရားသခင်နှင့် တွေ့မည်ဆိုပြီး မိမိ ကိုယ်ကို သတ်သေခဲ့ကြသည်။

၁၉၉၈ ခုနှစ် အစောပိုင်းတွင် စပိန်ရဲတပ်ဖွဲ့သည် နောက်လိုက်နောက်ပါ ၂၉ ယောက် ပါဝင်ပတ် သက်နေသည့် ဂျာမန်စိတ်ပညာရှင် အမျိုးသမီးတစ်ယောက်အား အုပ်စုလိုက် မိမိကိုယ်ကို မိမိ အဆုံးစီရင်ရန် အကြံအစည် မအောင်မြင်မီ နာရီပိုင်းမျှ အလိုတွင် ဖမ်းဆီးနိုင်ခဲ့သည်။

ဂျာမန်လူမျိုး ၂၈ ယောက် ပါဝင်သည့် ယင်း အုပ်စုကို ကာနရီကျွန်း(Canary Islands) ၌ တွေ့ရှိခဲ့ပြီး ဆိုလာဘုရားကျောင်း၏ လက်ကျန်အဖွဲ့ခွဲ တစ်ခုဖြစ်မည်ဟု ယုံကြည်ရသည်။ ၁၉၉၉ ခုနှစ်၊ ကာနရီ ကျွန်း၌ လူ ၇၉ ယောက် သေဆုံးမှုမှာ ယင်းဆိုလာ ဘုရားကျောင်း အုပ်စုနှင့် တိုက်ရိုက် ပတ် သက်ခဲ့သည်။

လုဂျိုးရက်၏ သြဇာလွှမ်းမိုးမှုအရ ယင်းအုပ်စုဝင်များသည် ၎င်းတို့အနေဖြင့် 'ဆီရီယာ့စ်' (Sirius) ဟုခေါ်သည့်ကြယ်၌ ပြန်လည် မွေးဖွားရမည်ဟု ယုံကြည်သည့် 'အသေခံ စွန့်စားခန်းခရီး' (death voyages) ခေါ်သောအရာကို လက်ခံလာကြသည်။

၂ဝဝ၂ ခုနှစ်တွင် ဆွဇ်ဇာလန်နိုင်ငံသည် ဘာသာရေး အစွန်းရောက်များကို အနီးကပ် လေ့လာသည့် ပြည့်သူ့ ပြန်ကြားရေးဌာနတစ်ခု ဖွင့်လှစ်ခဲ့သည်။ ယင်းကို ဆွဇ်ဇာလန်နိုင်ငံတွင် သေဆုံးခဲ့သည့် ဆိုလာ ဘုရားကျောင်းအဖွဲ့ဝင် ၄၈ ယောက်အား စုံစမ်းရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ဂျီနီဗာမြို့ နယ်မြေတာဝန်ခံ တရားရေး အရာရှိ ဂရန့်ရမ်ဆေယာ (Gérard Ramseyer) က 'ကျုပ် တွေ့ခဲ့ရတဲ့ လူသေခေါင်း ၇၄ ခု၊ အထူးသဖြင့် ကလေးခေါင်း ၁၁ ခုကတော့ ကျုပ်စိတ်ထဲမှာ ထင်ဟပ်နေဆဲ ဖြစ်ပါတယ်' ဟု ဆိုခဲ့သည်။

ဂျီနီဗာမြို့ တရားရေးဌာနက ဆွဇ်ဇာလန်နိုင်ငံအတွင်းရှိ ပြင်သစ်ဘာသာစကား ပြောသည့် အယောင် ဆောင် ဘာသာရေးအုပ်စု ၁၅ဝ မှ ၁၇ဝ အထိ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ ယင်းဌာနသစ်သည် အစွန်းရောက် သားကောင်များအား ပြစ်မှုမကျူးလွန်နိုင်အောင် ကူညီမည်ဖြစ်ပြီး ယင်းနှင့် ဆက်သွယ် ပတ်သက်သူများနှင့် ပြည် သူများအား ပညာပေးလိမ့်မည်ဖြစ်သည်။

အတ္တကိုဗဟိုပြု စဉ်းစားလေ့ရှိသည့် လူအများစုသည် တစ်ကိုယ်ရေ ကောင်းစားရေးအတွက် ထွက် ပေါက် ရှာရာမှ မိမိအသက်ကိုပင် စွန့်ရဲသွားကြခြင်း ဖြစ်ဖွယ်ရှိသည်။


-------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP