၂၃။ ဆေတန်ရဲ့ လှူုမှုရေးပြဿနာ

TV Live Show တစ်ခု၌ လာသည့် ပြဇာတ်တစ်ခုမှာ ဤသို့ဖြစ်၏။ တစ်နေ့သ၌ မိန်းမစိတ် ပေါက် နေသည့် အခြောက် (gay) ဆေတန် (မာရ်နတ်) သည် ရေးကြီး သုတ်ပျာဖြင့် ဂေါ့ဒ်ဘုရားသခင်ထံ အကြံ တောင်းရန် ရောက်လာစဉ် ...

ဆေတန်။ ။ (မျက်နှာ မသာမယာဖြင့်) ဟဲလို ... ဂွတ်ဒ် မောနင်း ... ဂေါ့ဒ်သခင်။

ဂေါ့ဒ်။ ။ ဂွတ်ဒ် မောနင်း ... ဆေတန် .. ။ မတွေ့တာ ကြာပကော၊ ဘာပြဿနာတုံး၊ ငါ့ကောင်းကင်ဘုံနဲ့ စစ်တိုက်အုံး မလို့လား။

ဆေတန်။ ။ (ခေါင်းကို ခါရမ်းလျက်) နိုး နိုး ... မဟုတ်ပေါင်၊ မဟုတ်ရပါဘူး။ အခြားကိစ္စ တစ်ခုပါဗျ။

ဂေါ့ဒ်။ ။ (လက်ပိုက်ပြီး မာန်ပါပါ ဟန်နဲ့) ကဲဆို .. ဒါဖြင့် .. ဘာလဲ။ ခင်ဗျားက ငရဲဘုံမှာ ဘုရင်လုပ်ရတာ မကျေနပ်သေးလို့ ငါ့ရဲ့ ကမ္ဘာမြေကိုပါ ဖျက်ဆီးပစ်ဖို့ ကြံနေပြန်တာလား။

ဆေတန်။ ။ မဟုတ်ရပါဘူး ခင်ဗျ။ လိုရင်းပြော ရရင် ကျုပ်နဲ့ မေတ္တာမျှနေတဲ့ ဆတ်ဒန်ဟူစိန် (အီရတ် သမ္မတဟောင်း)က ကျုပ်ကို ဂရုမစိုက် ဘဲနဲ့ ဘင်လာဒင် (အကြမ်းဖက် ခေါင်းဆောင်) နဲ့ ပရောပရည် ဖြစ်နေတယ်။ ကျုပ် မကြိုက်တဲ့ ဘင်လာဒင်က ကျုပ်ကို လိုက်နေတယ်။ အဲဒီ တော့ ကျုပ် ဘယ်သူကို တွဲရမလဲဆိုတာ မဆုံး ဖြတ်နိုင်လို့ ဂေါ့သခင် ကျုပ်ကို အသိဉာဏ် အလင်းရောင် ပေးစမ်းပါ။

ဂေါ့ဒ်။ ။ (အီကြာကွေး လေသံဖြင့်) ဟိုက် ရှာလပတ်ရည် .. ကျုပ်အထင် မဟုတ်မှ လွဲရော၊ ခင်ဗျားက ဖင်ကိစ္စနဲ့ ပတ်သက်ပြီး ဆတ်ဒန်ကို စွဲနေတယ် မဟုတ်လား။

ဆေတန်။ ။ မှန်ရာကို ဆိုမှဖြင့် ဟုတ်ပါတယ် ခင်ဗျ။ ကျုပ် ဘာဆက်လုပ်ရမလဲ အကြံပြုပါအုံး။

ဂေါ့ဒ်။ ။ ဒီကိစ္စ လွယ်ပါတယ် ... နှစ်ယောက်လုံးနဲ့ မတွဲဘဲ နေလိုက်ရုံပေါ့။

ဆေတန်။ ။ အလို ... အို အို ... မဖြစ်နိုင်ဘူး ထင်တယ်။ ဘာဖြစ်လို့လဲ ခင်ဗျ။ ရှင်းစမ်းပါအုံး။

ဂေါ့ဒ်။ ။ ခင်ဗျား ဘယ်သူ့ကိုမှ မစွဲလမ်းခဲ့ရင် အခုလို စိတ်ဆင်းရဲရမှာ မဟုတ်ဘူး။ ဆတ်ဒန်လည်း ခင်ဗျားလိုပဲ ဟိုတစ်ယောက်နဲ့မှ အဆင်ပြေလို့ ခင်ဗျားနားကို မကပ်တာပေါ့။ ဒီတော့ ခင်ဗျားအနေနဲ့ အမှန်အတိုင်း ဆုံးဖြတ်ဖို့ဆိုရင် အချိန်အတန်ကြာ တစ်ကိုယ်တည်း နေကြည့်ရမယ်။ ဒါဟာ ငါ့ကျင့် သုံးနေတဲ့ အလယ် အလတ်လမ်းစဉ်ပါပဲ။ ငါလည်း တစ်ကိုယ်တည်းပဲလေ။

ဆေတန်။ ။ နို့ .. ဒါဖြင့် .. ခင်ဗျားကော ဘာကြောင့် အလယ်အလတ် လမ်းစဉ်ကို ရွေးလိုက်ရတာလဲဗျ။

ဂေါ့ဒ်။ ။ (ပြုံးလျက်) Because I'm a ..........

-----------------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP