၁၆။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၆)

ထာဝရငရဲ ဆိုတာ ဘာလဲ

ဆိုကရေတီး။ ။ ငရဲဆိုတာက ဘာလဲဗျ။ အဲဒီမှာ သိပ်ပြီး ဆင်းရဲတယ်၊ စိတ်ညစ်စရာ ကောင်းတယ် ဆိုရင် ဆေတန်က ဘာလို့ အဲဒီမှာ နေတာလဲ။

ယေရှု။ ။ သူ့ကို ဘုရားသခင်က ငရဲမှာ သော့ခတ်ထားတယ်။ ငရဲက ထွက်ခွာခွင့် မပေးဘူး။ ဆေတန် လိုပုဂ္ဂိုလ်တွေနှင့် ဘုရား သခင်ကို မယုံကြည်သူတွေအတွက် ပြစ်ဒဏ်ပေးဖို့ အဲဒီငရဲကို ဘုရားသခင်က ဖန်ဆင်းခဲ့တာ။ ငရဲဆိုတာ ထာဝရ ပူလောင်နေ တဲ့ ညှဉ်းပန်းမှု နှိပ်စက်မှုတွေ ရှိတယ်။ ခွင့်လွှတ်ဖို့ ဘုရား သခင်ထံမှာ တောင်းပန်ခြင်း မလုပ်ဘဲ ဘုရားသခင်ကို မယုံ ကြည်လို့ အပြစ်ရှိတဲ့ လူသားအားလုံး အဲဒီငရဲမှာ နတ်ဆိုးတွေရဲ့ ထာဝရ ညှဉ်းပန်းမှုကို ခံရမှာဗျ။

ဆိုကရေတီး။ ။ အကယ်လို့ ထာဝရဘုရားဟာ မျှတရင်၊ သနား တတ်ရင် တိုက်ပွဲမှာ သူ့ကိုတိုက်ခိုက်တဲ့ ရန်သူတစ် ယောက် အပေါ် သူဒီလို လုပ်ရက်ပါ့မလား။ လူသားတွေ အောင်နိုင်ပြီး နောက် နိုင်ငံတစ်နိုင်ငံက ဖမ်းဆီးထားတဲ့လူတွေကို ခွင့်လွှတ် သလို ဘုရားသခင်က ဘာကြောင့် ဆေတန်ကို ခွင့်မလွှတ်တာလဲ။ စစ်ပွဲမှာ အောင်နိုင်တဲ့ လူသား တွေဟာ ထာဝရဘုရားသခင်ထက် ပိုပြီး သနားတတ်ပုံရတယ်။ ဘာကြောင့်ဆို သူတို့ဟာ နိုင် ထားတဲ့လူတွေကို ဒီဘဝ တစ်ခုလုံးကိုတောင် အဲဒီလို ကြောက်မက်ဖွယ် ညှဉ်းပန်းမှုမျိုးနဲ့ မဆက် ဆံကြဘူးလေ။ ထာဝရ နှိပ်စက်ဖို့ဆိုတာ အသာထားအုံး။ ထာဝရဘုရားဟာ ခင်ဗျားပြောခဲ့တဲ့ မျှတမှု၊ သနားတတ်မှု၊ ကရုဏာ၊ ခွင့်လွှတ်မှုဆိုတဲ့ သူ့ရဲ့ အရည်အချင်းတွေကို ဘာကြောင့် ဆေတန်အပေါ် မပြတာလဲ။ ထာဝရဘုရားရဲ့ စစ်ကိုနှစ်သက်တဲ့ သဘာဝဟာ ခင်ဗျားပြောတဲ့ ငြိမ်းချမ်း၊ သနား ခွင့်လွှတ်ဆိုတဲ့ ထာဝရဘုရား အဓိပ္ပာယ်ဖွင့်ဆိုမှုနဲ့ မကိုက်ညီ တာတော့ သေချာတယ်။

ယေရှု။ ။ ထာဝရဘုရားသခင်က ဆန်းကြယ်တဲ့ နည်းတွေနဲ့ ဆောင်ရွက်ပါတယ်။

ဆိုကရေတီး။ ။ ဆေတန်ကို ငရဲမှာ သော့ခတ်ထားတယ်ဆိုရင် သူက ဘယ်လို လုပ်ပြီး လူသားတွေဆီ ကပ်ရောဂါတွေ နှိပ်စက်မှုတွေကို ယူလာနိုင်တာလဲ။ ဘုရားသခင်ကကော အနန္တတန်ခိုးရှင် ကောင်းတာ ကိုပဲ လုပ်သူဖြစ်ရင် ဘာကြောင့် အဲဒါတွေကို ခွင့်ပြုရတာလဲ။ ဘာလို့ မကောင်းဆိုးဝါးကောင် ဆေတန်ကို ဆက်လက် တည်ရှိနေဖို့ ခွင့်ပြုထားရတာလဲ။ ဘာကြောင့် ဆေတန်ကို သတ်မပစ်တာလဲ။ ဒီအချက်နဲ့ပဲ ကျွန်ုပ်တော့ ဆန့်ကျင်ဘက် အကြောင်းတရားဖြစ်တဲ့ ဆေတန်က ပိုသာလေမလားလို့ စပြီး စဉ်းစားမိ ခဲ့တာပဲ။

ယေရှု။ ။ အေဒင် ဥယျာဉ်ထဲမှာ ပြစ်မှုလုပ်မိတဲ့အတွက် လူသားတွေကို ပြစ်ဒဏ်ပေးဖို့ ကပ်ရောဂါတွေနဲ့ နှိပ်စက်မှုတွေ လွှတ်ဖို့ ထာဝရဘုရားသခင်က ဆေတန်ကို လွှတ်ပေးလိုက်တာပါ။

တွေ့ဆုံခန်း (၇) မှာ အေဒင် ဥယျာဉ်အကြောင်း ဆွေးနွေကြပါလိမ့်မယ် .... မျှော်ပါ။

-------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP