၁၅။ သားမိုက်ကို ဆုံးမပုံ

သမ္မာကျမ်းစာပိုဒ်
Deuteronomy 21:18 If a man has a stubborn and rebellious son who does not obey his father and mother and will not listen to them when they discipline him, 19 his father and mother shall take hold of him and bring him to the elders at the gate of his town. 20 They shall say to the elders, "This son of ours is stubborn and rebellious. He will not obey us. He is a profligate* and a drunkard." 21 Then all the men of his town shall stone him to death. You must purge the evil from among you. All Israel will hear of it and be afraid.
တရား ၂၁း၁၈ အဘ၌ဆိုးသောသား၊ ခက်ထန်သောသဘောရှိ၍ မိဘစကားကို နားမထောင်သော သား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင် ၁၉ မိဘတို့သည် ထိုသားကို ဆွဲကိုင်၍မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ၂ဝ အကျွန်ုပ်သားသည် ဆိုးသောသူ ခက်ထန်သော သဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင်သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသောသူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆိုရမည်။ ၂၁ မြို့သား ယောက်ျား အပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ကြရမည်။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့် ဣသရေလအမျိုးသား အပေါင်းတို့သည် ထိုသိတင်း ကို ကြား၍ ကြောက်ရွံ့ခြင်း ရှိကြလိမ့်မည်။

သမ္မာဘုရား၏ နည်းလမ်း
သင်၏ သားတော်မောင်သည် သင့်စကားကို နားမထောင်ဘဲ ခေါင်းမာလျှင် မည်သို့ဆုံးမမည်နည်း။ သမ္မာဘုရား သခင်ပေးသော နည်းလမ်းအရမူကား သင့်သားကို သတ်ပစ်လိုက်ရုံသာတည်း။ ယင်း သင်ကြားချက်သည် တစ်ချိန်က တရားဝင် ဥပဒေဖြစ်ခဲ့သည်။ ကျွန်ုပ်တို့သည် နှစ်စဉ် သန်းပေါင်းများစွာ အကုန်အကျခံ၍ မူယစ်ဆေးနှင့် အရက်စွဲသူ များကို ပြန်လည်ပြုပြင်ရန် ဌာနများကို ကမ္ဘာတစ်လွှား၌ တည်ထောင်လျက် ရှိကြသည်။ အကြောင်းမူ တိုင်းနိုင်ငံ တစ်ခုအနေဖြင့် သက်ရှိ လူသားတစ် ယောက်၏ အသက်ကို အရေးတကြီး တန်ဖိုးထားရမည်ဟု ကျွန်ုပ်တို့ ယုံကြည်သောကြောင့် ဖြစ် သည်။ သမ္မာဘုရားသည် ယင်းသို့သော တွေးခေါ် မြော်မြင်ခြင်း မရှိသည်မှာ အလွန် ထင်ရှားသည်။

သို့ဖြစ်ပါလျက် ကျွန်ုပ်တို့၏နိုင်ငံကို သမ္မာကျမ်းလာ စည်းမျဉ်း စည်းကမ်းများဖြင့် တည်ထောင်ထား ကြောင်း ဘာသာရေး ခေါင်းဆောင် များစွာတို့ ဟစ်ကြွေးနေကြသည်မှာ အလွန် စိတ်ဝင်စားဖွယ် ကောင်းသည်။ ဖော်ပြပြီး မူးယစ်ဆေး စွဲသူများအား ပြန်လည်ကုသရေး စီမံချက်မှာ သမ္မာကျမ်းလာ စဉ်းမျဉ်းနှင့် ကိုက်ညီမှု မရှိသည်ကို တွေ့ရသည်။ အကယ်၍ သမ္မာကျမ်း စဉ်းမျဉ်းကိုသာ အတိအကျ လိုက်နာမူ ဆေးစွဲသူ အရက်သမား ရှိတော့မည်ပင် မဟုတ်ချေ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP