၂၆။ အမှန်ဆုံးသော ဘာသာတရား

မကြာမီကပဲ ကျွန်ုပ်မိတ်ဆွေတစ်ယောက် ကွယ်လွန်သဖြင့် မီးသင်္ဂြိုဟ်ရုံတွင် ပြုလုပ်မည့် ၎င်းအသုဘ အခမ်းအနားသို့ ကျွန်ုပ်သွားခဲ့သည်။ ဗုဒ္ဓဘာသာ ကိုင်းရှိုင်း သူတစ်ယောက်ဖြစ်ပြီး ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်သူဖြစ်သည့်ပြင် ၎င်း၏ကြင် နာတတ်မှုအတွက် လေးစားခြင်းခံရသူဖြစ်သည်။

ယင်းသို့ဖြစ်စဉ်တွင် ၎င်း၏အစ်မနှင့် အစ်ကိုတို့မှာ နှစ်ယောက်လုံး ခရစ်ယန်များဖြစ်သည့်ပြင် အစ်ကိုမှာ ဧဝံဂေလိတရားဟောဆရာ ဖြစ်သည်။ ၎င်းတို့နှစ်ယောက်နှင့် အခြားခရစ်ယန် မိတ်ဆွေများလည်း အသုဘအခမ်းအနားသို့ တက်ရောက်ကြသည်။ ကွယ်လွန်သူမှာ ဗုဒ္ဓဘာသာဖြစ်သည့်အတွက် ကျော် ကြားသည့် ဆရာတော်တစ်ပါးက အသုဘ အခမ်းအနားကို ဆောင်ရွက်သည်။

တရားဟောပြီးနောက် ဆရာတော်သည် (ပရိသတ်ကို ၎င်းတို့၏ဝါဒအရ) စကားပြောရန် အစ်ကိုဖြစ် သူအား ဖိတ်ကြားလျှင် ကောင်းမည်ဟု ဆုံးဖြတ်သည်။ ဓမ္မဆရာသည် ပရိတ်သတ်ရှေ့သို့ ထွက်လာပြီး ဆရာတော်၏ သဘောထားကြီးမှုကို ကျေးဇူတင်ခြင်းမပြုဘဲ အလွန်ရှည်စွာသော တရားဓမ္မကို မြွက် ဟလေသည်။

၎င်းက ကမ္ဘာပေါ်တွင် မှန်ကန်သော ဘာသာတရား တစ်ခုတည်းသာရှိပြီး ကယ်တင်ခံရရန် နည်းလမ်း တစ်ခုတည်းသာ ရှိကြောင်း၊ အလင်းနှင့်အမှောင်ကို ညှိယူ၍ ရမည်မဟုတ်ကြောင်း ပြောကြားသည်။ စကားပြောပြီးသောအခါ ဆရာတော်အား ကျေးဇူးတင်ခြင်းမပြုဘဲ စင်မြင့်မှဆင်း သွားပြီး သူ့နေရာသူ ဝင်ထိုင်နေသည်။

ဧဝံဂေလိတို့၏ ရိုင်းပြမှုကို ကောင်းစွာ အကျွမ်းဝင်ခဲ့ပြီးဖြစ်သည့် ကျွန်ုပ်သည်ပင် အနှီဆိုးသွမ်းသည့် အမူအယာ ဖော်ပြမှုအတွက် မှင်တက်သွားမိသည်။ မီးသင်္ဂြိုဟ်ဆောင်မှ ကျွန်ုပ်တို့အားလုံး ထွက်ခွာကြ ပြီးနောက် ကျွန်ုပ်သည် မိတ်ဆွေတစ်ယောက်အား စကားပြောနေသည်။ ထိုမိတ်ဆွေက 'အဲဒီဓမ္မ ဆရာရဲ့ တရားက အံ့သြစရာ မကောင်းဘူးလား'ဟု ဆိုသည်။

ယင်းမှတ်ချက်အပေါ် ကျွန်ုပ် အံ့သြသွားပြီး ဆိုလိုသည်ကို ထပ်မံရှင်းပြရန် ကျွန်ုပ်က ပြောလိုက်သည်။ 'ဟုတ်ပြီ။ သူပြောတဲ့အထဲမှာ ဗုဒ္ဓဘာသာနှင့် ဧဝံဂေလိ ခရစ်ယန်ဘာသာနှစ်ခု ခြားနားချက်ကို ကောင်းကောင်း သရုပ်ဖော်မပြနိုင်ဘူး။ ဒီကနေ့ ဒီအသုဘ အခမ်းအနားကိုလာတဲ့ လူတစ်ရာမှာ လူ တိုင်းက အဲဒီလူတွေ ဘယ်လောက် ရိုင်းတယ်၊ အယူသည်းတယ်၊ ဘယ်လောက်အမူအရာ ဆိုး သွမ်းတယ် ဆိုတာ သိပါတယ်'ဟု မိတ်ဆွေက ပြန်ပြောပါသည်။

---------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP