၃၄။ ဘုရားသည် ဘုရားပဲ

သမ္မာကျမ်းစာပိုဒ်
Hosea 13:16 "The people of Samaria must bear their guilt, because they have rebelled against their God. They will fall by the sword; their little ones will be dashed to the ground, their pregnant women ripped open."
ဟောရှေ ၁၃း၁၆ ရှာမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့ သားသည် ထားဖြင့်လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကိုလည်း ကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမတို့သည် ဝမ်းခွဲခြင်းကို လည်းကောင်း ခံရကြလိမ့်မည်။

ဘုရားသည် ဘုရားပဲ
သမ္မာကျမ်း၌ အကြမ်းဖက်မှု အများအပြားပါရှိသည်အနက် အထက်ပါစာပိုဒ်တွင် ကလေး လူကြီးနှင့် နောက်ဆုံး မမွေးရသေးသည့် ကလေးများကိုပင် မိခင်ဝမ်းကို ခွဲ၍ သတ်ပစ်ရန် သမ္မာဘုရားက အမိန့်ပေးသည်။ ခရစ်ယန် အစွန်းရောက်တို့ ပြောသည့် သမ္မာဘုရား၏ လူသားတို့အပေါ် ထားရှိသည့် မေတ္တာတရားဟူသည်ကို အဘယ်သို့လျှင် နားလည်နိုင်ပါမည်နည်း။ 'ဘုရားဟာ ဘုရားပဲ၊ ဘုရားဟာ သူ လုပ်ချင်ရာကို လုပ်မှာပဲ' 'ဘုရားသခင်က ထိုကလေးများကို ကောင်းကင်ဘုံကို ယူသွားမှာမို့ ကလေးကို သတ်ပစ်ပေမဲ့ ကိစ္စမရှိပါဘူး' (စကားမစပ် သမ္မာဘုရား မကြိုက်လို့ ကွပ်မျက်ခံရသူတွေကို ကောင်းကင်ဘုံကို ယူသွားတယ်ဆိုတာ သမ္မာကျမ်းမှာ မတွေ့မိသေးပါဘူး)ဟု ဆိုလေ့ရှိသည်။ 'လူ များသည် ပြစ်မှုကို ကျူးလွန်သောကြောင့် ထိုပြစ်မှုအတွက် ပေးဆပ်ရမည်'ဟုလည်း ဆိုလေ့ရှိ သည်။ သို့ဖြစ်မူ အကယ်၍ ဘုရားသခင်က လူမမယ် ကလေးများနှင့် မွေးကင်းစ ကလေးများကို ၎င်း တို့၏ပြစ်မှုအတွက် သတ်ပစ်ရန် ရွေးချယ်ခဲ့သည်ဆိုလျှင်လည်း မှန်ရမည်၊ ဘာကြောင့်ဆို သမ္မာ ဘုရားသည် သမ္မာဘုရားပဲ မဟုတ်ပါလား။

အကြမ်းဖက်မှုများ
နှစ်အနည်းငယ် အလွန်က ခရစ်ယန် အစွန်းရောက်များသည် ယင်းသို့ အစွန်းရောက် ထပ်ဖြစ်ရန် ရည်ရွယ်လျက် ပဋိသန္ဓေတားသည့် ဆေးခန်းများကို မီးရှို့ပြီး ဗုံးခွဲတိုက်ခိုက်ခဲ့ကြသည်။ ယင်းအစွန်း ရောက်များ၏ လက်ချက်ကြောင့် သမ္မာဘုရား၏ အမည်နာမတော်ဖြင့် ဆရာဝန်အချို့ အသက် ဆုံးရှုံးခဲ့ကြရသည်။ မှန်၏၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ဝမ်းဗိုက်ကို ခွဲခိုင်းသည့် ၎င်းတို့ ကိုး ကွယ်ခံ သမ္မာဘုရားသခင်ပင် ဖြစ်ပါ၏။

-----------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP