၂၉။ ယုံကြည်မှုဖြင့် ကုသခြင်း

နှစ်အနည်းငယ် အလွန်က စိတ်ဝင်စားဖွယ် ဖြစ်ရပ်တစ်ခုကို ပြောပြသည့် မလေးရှား အမျိုးသမီးတစ် ယောက်နှင့် တွေ့သည်။ သူ့သားမှာ ဒဏ်ရာရပြီး နားမကြား ဖြစ်သွားသည်။ နားအနီးတွင် ကပ်ပြီး အော် ပြောမှသာ ကြားနိုင်တော့သည်။

ထုံးစံအတိုင်း မိခင်မှာ စိုးရိမ်ပြီး ဆရာဝန်များစွာထံ သွားရောက်သော်လည်း မထူးခြားချေ။ တစ်နေ့တွင် ဘာသာရေးနည်းဖြင့် ရောဂါကုသပွဲတစ်ခု အကြောင်း မိတ်ဆွေတစ်ယောက်ထံမှ သိရသဖြင့် မိမိမှာ ဗုဒ္ဓဘာသာဝင် ဖြစ်လင့်ကစား သားတော်မောင် တစ်ခုခု ထူးခြားလာနိုးဖြင့် သွားကြည့်ရန် ဆုံးဖြတ်ခဲ့ သည်။ စိတ်လှုပ်ရှားနေသူ ထောင်ပေါင်းများစွာ ရောက်နေကြပြီး ၎င်းတို့ သားအမိနှင့် အခြား မကျန်းမာသူ များစွာတို့ကို စင်မြင့်ပေါ်သို့ ခေါ်ယူသည်။ တစ်ယောက် ပြီးတစ်ယောက် ဆုတောင်း ပေးသူ တရားဟော ဆရာ၏ ရှေ့သို့ သွားကြသည်။

၎င်း၏သား အလှည့်သို့ ရောက်သောအခါ ဆရာက ဖြစ်ပုံကို မေးသဖြင့် မိခင်က နားမကြားကြောင်း ရှင်းပြသည်။ မိခင်က ကလေးမှာ အတော်အတန် ကြားကြောင်း ပြောပြနေခိုက် မိခင်၏စကားမဆုံးမီ ဆရာသည် အသံကုန်မြှင့်ပြီး အော်ပြောလိုက်သည်။ (အဆိုပါ တရားဟောဆရာများသည် အေးဆေး ညင်သာစွာ ပြောလေ့မရှိဘဲ အော်ဟစ်၍သာ ပြောလေ့ရှိကြသည်။) 'တမန်တော်၏ အမည်နာမဖြင့် ကျန်း မာစေသတည်း' ယင်းနောက် ဓမ္မဆရာသည် 'ကလေး ကြားရဲ့လား'ဟု အော်လိုက်ရာ ကလေးက အော်ပြောလျှင် ကြားနိုင်သဖြင့် ခေါင်းညိတ်ပြသည်။

တရားဟောဆရာသည် လူးလာခေါက်ပြန် လျှောက်ရင်း'ဒါ အံ့သြစရာပဲ၊ ဘုရားသခင်က ဒီကလေးကို ကျန်းမာအောင် လုပ်ပေးလိုက်တာပဲ'ဟု အော်ပြောသည်။ ပရိသတ်ကြီးက 'ဘုရားသခင်အား ချီးမွမ်း ကြလော့'ဟု လက်ခုပ်တီး၍ အော်ဟစ်ကြသည်။ ဟိုသားအမိမှာ စင်မြင့်ပေါ်မှ အလျှင်အမြန် ဆင်းသွား ခဲ့ပြီ။ တရားဟောဆရာသည် နောက်ထပ် အံ့သြဖွယ်ဖြစ်ရပ်တစ်ခု ဆက်လုပ်ပြန်သည်။

အမျိုးသမီးသည် နောင်အခါ အံ့သြဖွယ် ရောဂါပျောက်ကင်းသွားသည့် ကလေးငယ်(မိမိသား)ကို အကြောင်းပြု၍ ပရိသတ်အချို့ ၎င်းတို့ဘာသာသို့ ကူးပြောင်းခြင်းသတင်းများကို ကြားရသည်ဟု ဆိုသည်။

ယင်းမတော်တဆ ဖြစ်ရပ်သည် ယုံကြည်မှုဖြင့် ကုသသူတို့၏ အံ့သြဖွယ် ရောဂါကုသမှု၏ နောက် ကွယ်၌ တွေ့ရသည့် အစစ်အမှန် ဖြစ်ရပ်အကြောင်း နမူနာတစ်ရပ် ဖြစ်သည်။ ကျန်းမာသွား သည်ဆိုသော ဖြစ်ရပ်အားလုံးနီးပါးမှာ အစစ်အမှန် မဟုတ်ချေ။ ဖော်ပြသည့် ဖြစ်ရပ်ကဲ့သို့ပင် တရား ဟောဆရာသည် မကြာခဏ မည်သူမျှမရှိသည့်နေရာတွင် အံ့ဖွယ်ဖြစ်ရပ်ကို အသံကုန် အော်ရသည် အထိ မိမိ၏ တန်ခိုးစွမ်းကို ဖော်ပြရာ၌ စိုးရိမ်ကြောင့်ကြလေ့ရှိသည်။

တစ်ခါတစ်ရံ၌ ကိုယ်ခန္ဓာ မသန်မစွမ်းသူသည် တွန်းလှည်းပေါ်မှ တကယ် ဆင်းနိုင်လောက်အောင် စိတ်လှုပ်ရှားသွားတတ်ပြီး စင်မြင့်ပေါ်မှ ဆင်းသည်နှင့် တစ်ပြိုင်နက် နဂိုအတိုင်း ပုံလဲကျသွားသည်သာ ဖြစ်သည်။ သို့တစေ အဆိုပါနည်းဖြင့် ကုသသူတို့သည် ထိုသို့ဖြစ်ခြင်းကို လုံးဝဂရုမစိုက်ဘဲ ပရိသတ် သဘောကျမှုနှင့် လူအများအား မိမိတို့ဘာသာသို့ သွတ်သွင်းမှုကိုသာ အလေးထားသည်။

၎င်းတို့အဖို့ လူနာမှာ အသုံးချပစ္စည်းသာဖြစ်ပြီး မေးခွန်းများ အမေးမခံရမီ ရှောင်ပြေး သို့မဟုတ် လူနာ အကြောင်း ရှင်းပြရန် ဆရာဝန်တစ်ယောက် ပေါ်လာတတ်သည်။

တစ်ခါတစ်ရံ၌မူ တမင်တကာ ကလိမ်ကျလေ့ရှိ သည်။ ပရိသတ်ထဲ၌ ဘုရားကျောင်းမှ လူတစ် ယောက် ထည့်ထားပြီး ထိုပုဂ္ဂိုလ်က ရှေ့သို့ထွက် လာလျက် ရောဂါပျောက်သွား သယောင် ဟန် ဆောင်လျက် ချိုင်းထောက်ကို လွှင့်ပစ်သည်။ ယင်းနောက် အကူအညီမလိုဘဲ ကောင်းစွာ လမ်း လျှောက်နိုင်ကြောင်း ပြသည့်အနေဖြင့် ကတောင် ကပြလိုက်သေးသည်။ များသောအား ဖြင့် ချိုင်းထောက်သမားများကို ဦးစားပေးလေ့ရှိ သည်။ အကြောင်းမှာ ပြည်တည်နာ၊ အရိုးကင် ဆာ၊ နား မကြားခြင်းတို့ကို ကုသသည်ထက် ပရိသတ် ပို၍မြင်သာသောကြောင့် ဖြစ်သည်။

ဧဝံဂေလိဝါဒီတို့ဆိုတိုင်း တန်ခိုးပြာဋိဟာ တကယ်ပြနိုင်သလား။ မပြနိုင်ပါ။ သို့ပါလျက် ဧဝံဂေလိ တို့သည် အဘယ်ကြောင့် ၎င်းတို့ကို ယေရှုက ကူညီနေကြောင်း အမြဲပြောနေကြသနည်း။ အချို့ဖြစ်ရပ် များတွင် လိမ်ညာပြီး တစ်စုံတစ်ယောက်ကို ခရစ်ယန်ဘာသာနှင့်နီးစပ်ပြီး နောက်ဆုံး ဘာသာကူး ပြောင်း လာစေလို သည့် မျှော်လင့်ချက်ဖြင့် ချဲ့ကား၍ ပြောဆိုနေကြခြင်းဖြစ်သည်။

အချို့ဖြစ်ရပ်များ၌ ၎င်းတို့၏ဘဝတွင် အံ့သြလောက်အောင် ယေရှုနှင့် ပတ်သက်မှုရှိသည်ဟု တကယ် ယုံ ကြည်ကြသည်။ သို့ဖြစ်၍ သာမန်ဖြစ်ရပ်ကိုပင် တန်ခိုးပြာဋိဟာအဖြစ် ယုံမှတ်သွားသည်အထိ ၎င်းတို့ အမှောင်ဖုံးလျက်ရှိကြသည်။ ကျွန်ုပ်အား ဘာသာကူးပြောင်းအောင် အမြဲတမ်းအသည်းအသန် ကြိုးစားခဲ့သူ တစ်ယောက်ကို ကျွန်ုပ် သိခဲ့ဖူးသည်။ တစ်နေ့တွင် ကျွန်ုပ်က ခင်ဗျားဘာကြောင့် ခရစ်ယန် ဖြစ်လာ သနည်းဟု မေးမိသည်။ သူသည် ယေရှုအား သက်သေပြရန် အခွင့်အလမ်းရသွားသဖြင့် နှစ်သက် သွားပြီး ခန္ဓာကိုယ်ကိုဆန့်လျက် အောက်ပါဖြစ်ရပ်ကို ပြောပြသည်။

၎င်းအမေက ဗုဒ္ဓဘာသာ၊ အဖေက ခရစ်ယန်ဖြစ်သဖြင့် ၎င်းမှာ ငယ်စဉ်က နှစ်မျိုးလုံး အနည်းငယ်စီ ယူ ခဲ့ကြောင်း ပြောပြသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်ထဲဝင်ခဲ့ပြီး သီရိလင်္ကာမှ မြောက်အမေရိကသို့ ပို့ခံရသည်။

၎င်းတို့လူသိုက် နိုင်ငံခြားသို့ သင်္ဘောဖြင့်ထွက်ခါနီးတွင် ၎င်းမှာ ရှောင်တစ်ခင် ဖြစ်ရပ်ကြောင့် ကြန့်ကြာ နေသည်။ ပြီးဆုံး၍ ၎င်းသင်္ဘောဆိပ်သို့ ရောက်သွားစဉ် အဖော်အားလုံး သင်္ဘောပေါ်သို့ ရောက် နှင့်နေပြီး သင်္ဘော ထွက်ခွာသွားသည်။ ရပ်ပြီးကြည့်နေစဉ် သင်္ဘောမှာ ပင်လယ်ထဲသို့ ရောက်သွား သည်။ ယင်းသင်္ဘောကို ဂျာမန်ရေငုတ်သင်္ဘော၏ တိုပီဒိုထိသည်။ သင်္ဘောမြုပ်ပြီး ပါသွားသူ အားလုံး သေကုန်သည်။ ယင်းသို့ ပြောပြီးနောက် ယင်းဖြစ်ရပ်က ၎င်းဘယ်သို့ ခရစ်ယန် ဖြစ်လာသည်ကို ရှင်းပြပြီး ဖြစ်သည် ဟူသော သဘောဖြင့် အားရ ပါးရပြုံးလျက် ရပ်နေသည်။ 'ခင်ဗျားဖြစ်ရပ်က ဘာကိုဆိုလိုတာလဲ'။ 'ခင်ဗျား မတွေ့ဘူးလား။ ကျုပ် အဲဒီသင်္ဘောနှင့် ပါသွားခဲ့ရင် ကျုပ်လဲသေပြီ။ ယေရှုက အသက်ကိုကယ်ဖို့ ကျုပ်ကို အအချိန်ဆွဲ ထားခဲ့တာ။ အဲဒီအခိုက်မှာပဲ ကျုပ် အသစ် တစ်ဖန်မွေးဖွားပြီး ကျုပ်ကိုယ်ကို ယေရှုကို ပေးအပ်ခဲ့ပါတယ်'။

အေဝံဂျေလိတို့၏ ဈေးကွက်ယုတ္တိကို နားလည်ဖို့ကြိုးစားရင်း ကျွန်ုပ် ခဏကြာ နှုတ်ဆိတ်မိသည်။ ယင်း နောက် ကျွန်ုပ်က 'ခင်ဗျား ယုံကြည်လာဖို့ လူတစ်ရာမကကို ယေရှုက သေအောင်လုပ်ခဲ့တယ်လို့ ဆိုလို တာလား။ သေသွားသူ အားလုံး သူ့ကိုယုံကြည်လာဖို့ ဘာဖြစ်လို့ နောက်ကျအောင် အချိန်ဆွဲ မထားတာလဲ' ဟု ကျွန်ုပ် မေးသည်။ ထိုပုဂ္ဂိုလ်သည် ပါးစပ် အဟောင်းသားနှင့် ရပ်နေသည်။ ယင်းသို့သော ဖြစ်နိုင်ခြေကို ၎င်းအနေဖြင့် ယခင်က မစဉ်းစားမိခဲ့သည်မှာ သေချာသည်။ ထိုလူသည် ကျွန်ုပ်အား ယေရှုအကြောင်းနောက် နောက်တစ်ဖန် လုံးဝမပြောတော့ချေ။

-------------------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP