၇။ ထာဝရဘုရားကို မြင်နိုင်မမြင်နိုင်

တစ်နေရာတွင် ထာဝရဘုရားကို မည်သူမျှ မမြင်စဖူးဟု ဆိုသည်။
ယော ၁း၁၈။ ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူးသော်လည်း ခမည်းတော်၏ ရင်ခွင်၌ရှိသော တစ်ပါးတည်းသော သားတော်သည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
John 1:18: No man hath seen God at any time; the only begotten Son, which is in the bosom of the Father, he hath declared him.

မမြင်နိုင်ကောင်းသည့် ထာဝရဘုရားက မောရှေကို နှုတ်ဆက်ပြန်သည်။
ထွက် ၃၃း၁၁။ ထာဝရဘုရားသည် အဆွေခင်ပွန်းချင်းကို နှုတ်ဆက် တတ်သည် နည်းတူ မောရှေနှင့် မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်မူ၏။ မောရှေသည် တပ်ထဲသို့ ပြန်ဝင်သောအခါ သူ၏ လက် ထောက် နုန် (အမည်ရှိသူ) ၏သား ယောရှု မည်သော လုလင်သည် တပ်တော်မှ မထွက်ဘဲ နေ၏။
Exodus 33:11: And the Lord spake unto Moses face to face, as a man speaketh unto his friend. And he turned again into the camp: but his servant Joshua, the son of Nun, a young man, departed not out of the tabernacle.

ပလ္လင်ပေါ်မှာ ထိုင်နိုင်သည်။
ဟေရှာယ ၆း၁။ သြဇိမင်းကြီး အနိစ္စရောက်သောနှစ်တွင် ထာဝရဘုရားသည် အလွန်မြင့်မြတ်သော ပလ္လင်ပေါ်မှာ ထိုင်တော်မူသည်ကို ငါမြင်၏။ အဝတ်တော်တန် ဆာသည် ဗိမာန်တော်ကို ဖြည့်လေ၏။
Isaiah 6:1: In the year that king Uzziah died I saw also the Lord sitting upon a throne, high and lifted up, and his train filled the temple.

လူတစ်ယောက်ကို ကိုယ်ထင်ပြဖူးသည်။
ယောဘ ၄၂း၅။ သတင်းတော်ကို အကျွန်ုပ်သည် နားနှင့် ကြားဖူးပါပြီ၊ ယခုမူကား ကိုယ်တော်ကို မျက်စိနှင့် မြင်ရပါ၏။
Job 42:5: I have heard of thee by the hearing of the ear: but now mine eye seeth thee.

ဝိညဉ်တော် ထာဝရဘုရား ကျိန်းစက်သည်။
ဆာလံ ၄၆း၂၃။ အိုဘုရားရှင်၊ နိုးတော်မူပါ။ အဘယ်ကြောင့် ကျိန်းစက်တော်မူသနည်း။ ထတော်မူပါ။ အကျွန်ုပ်တို့ကို အစဉ်စွန့်ပစ်တော် မမူပါနှင့်။
Psa 4623: Awake, why sleepest thou, O Lord? arise, cast us not off for ever.

ထာဝရဘုရား၏ မျက်နှာကို မြင်ဖူးသူမရှိ။
ထွက် ၃၃း၂ဝ။ သို့ရာတွင် သင်သည် ငါ့မျက်နှာကို မမြင်နိုင်ရာ။ ငါမျက်နှာကို မြင်လျှင် အသက်ရှင် ရသောလူ တစ်စုံ တစ်ယောက်မျှ မရှိ။
Ex 33:20: And he (God) said, Thou canst not see my face: for there shall no man see me, and live.

ထာဝရဘုရားကို တွေ့ဖူးသူရှိသည် ဆိုပြန်၏။
ကမ္ဘာ ၃၂း၃ဝ။ ထိုအရပ်ကို ပေညေလဟူ၍ ယာကုပ်သည် သမုတ်လေ၏။ အကြောင်းမူကား ငါသည် ဘုရားသခင်ကို မျက်နှာချင်းဆိုင်၍ ဖူးမြင်ရသော်လည်း အသက်ချမ်းသာပြီဟု ဆိုသတည်း။
Gen 32:30: And Jacob called the name of the place Peniel: for I have seen God face to face, and my life is preserved.

ထာဝရဘုရားသည် ယာကုပ်နှင့် တစ်ညလုံး နပန်းလုံးဖူးသည်။
ကမ္ဘာ ၃၂း၂၄။ ယာကုပ်သည် တစ်ယောက်တည်းနေရစ်၍ လူတစ်ဦးသည် မိုးလင်းသည်တိုင်အောင် သူနှင့် လုံးထွေးလေ၏။ ၂၅။ ထိုသူသည် မိမိမနိုင်မှန်းကို သိလျှင် ယာကုပ် ပေါင်ချန်ကို ထိုး၍ လုံး ထွေးစဉ်တွင် ပေါင်ဆစ် ပြုတ်လေ၏။ ၂၆။ ထိုသူကလည်း ငါ့ကိုလွှတ်ပါ၊ မိုးလင်း ဆဲရှိပြီဟုဆိုလျှင် ယာကုပ်က ကိုယ်တော်သည် အကျွန်ုပ်ကို ကောင်းကြီးမပေးလျှင် မသွားရဟုဆို၏။
Gen 32:24: And Jacob was left alone; and there wrestled a man with him until the breaking of the day. 25: And when he saw that he prevailed not against him, he touched the hollow of his thigh; and the hollow of Jacob's thigh was out of joint, as he wrestled with him. 26: And he said, Let me go, for the day breaketh. And he said, I will not let thee go, except thou bless me.

ကမ္ဘာ ၃၂း၂၇။ ထိုသူကလည်း သင်၏အမည်ကား အဘယ်သို့နည်းဟု မေးလျှင် ယာကုပ်ဖြစ်ပါသည်ဟု ပြန်ဆို၏။ ၂၈။ နောင်၌ သင်၏ အမည်ကို ယာကုပ်ဟူ၍ မခေါ်ရ၊ ဣသရေလဟူ၍ ခေါ်ရမည်။ အကြောင်းမူကား သင်သည် ဘုရားသခင်နှင့်လည်းကောင်း၊ လူနှင့်လည်းကောင်း မင်းကဲ့သို့ ပြိုင်၍ နိုင်လေပြီဟု မိန့်တော်မူ၏။ ၂၉။ ယာကုပ်ကလည်း နာမတော်ကား အဘယ်သို့နည်း၊ အကျွန်ုပ် အား ဖော်ပြတော်မူပါဟု မေးလျှောက်လျှင် ငါ့နာမကို အဘယ်ကြောင့် မေးသနည်းဟု ဆို၍ ထိုအရပ်၌ ကောင်းကြီး ပေးတော်မူ၏။
Gen 32:27: And he said unto him, What is thy name? And he said, Jacob. 28: And he said, Thy name shall be called no more Jacob, but Israel: for as a prince hast thou power with God and with men, and hast prevailed. 29: And Jacob asked him, and said, Tell me, I pray thee, thy name. And he said, Wherefore is it that thou dost ask after my name? And he blessed him there. 30: And Jacob called the name of the place Peniel: for I have seen God face to face, and my life is preserved.


အပြည့်စုံဆုံးသော သမ္မာကျမ်းမြတ်၌ အထက်ပါအတိုင်း ရယ်ဖွယ်ကောင်းလောက်အောင် ရှေ့နောက် ဆန့်ကျင်နေသည်ကို တွေ့ကြရသည်။ ထာဝရဘုရားကို မည်သူမျှ မမြင်နိုင်ဟု အကြိမ်ကြိမ် ဆို ထားပါလျက် မောရှေကို နှုတ်ဆက်ကြောင်း၊ ပလ္လင်ပေါ်မှာ ထိုင်ကြောင်းနှင့် လူတစ်ချို့ကို ကိုယ်ထင် ပြကြောင်း ဖော်ပြထားသည်။ တစ်ဖန် ယာကုပ်နှင့် တစ်ညလုံး နပန်းလုံးရာမှာ ယာကုပ် ပေါင်ကျိုး သွားပါသည်တဲ့။ ထိုမျှလောက် ပညာမဲ့စွာ ကွဲလွဲ မှားယွင်း နေပါလျက် ယင်းကျမ်းကို မျက်စိမှိတ် ယုံ ကြည်နေကြသည့် ဒေါက်တာတွေ သမ္မတတွေ၏ ဦးနှောက်ကား ငယ်စဉ်အခါ မည်မျှ ရိုက်သွင်းခံခဲ့ ရမည်ကို ခန့်မှန်းကြည့်ကြပါကုန်။
သင်းကွပ်ပြီး နွားသိုးများကဲ့သို့ သဘာဝမှန်ကို မတွေးတောနိုင် သို့မဟုတ် မတွေးတောရဲလောက် အောင်ပင် ဖြစ်သွားရှာ သည်ကို တွေ့မြင်ကြရ၏။

ဖန်ဆင်းခြင်း ပြဿနာနှင့် ပတ်သက်သည့် မှတ်စုများကို မျှော်ပါ ......

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP