၁၄။ အပျိုစင်များကို ကိုယ်ဖို့ ချန်ထား၍

သမ္မာကျမ်းစာပိုဒ်
Numbers 31:1 The LORD said to Moses, 2 "Take vengeance on the Midianites for the Israelites. After that, you will be gathered to your people." 5 So twelve thousand men armed for battle, a thousand from each tribe, were supplied from the clans of Israel. 7 They fought against Midian, as the LORD commanded Moses, and killed every man.
တောလည် ၃၁း၁ တဖန် ထာဝရဘုရားက ၂ မိဒျန်အမျိုးသားတို့သည် ဣသရေလ အမျိုးသားတို့ကို ပြစ်မှားသော အပြစ်အလျောက် ဣသေ၇လအမျိုးသား ဘက်၌နေ၍ တရားစီရင်လော့။ သို့ပြီးမှ သင်သည် မိမိလူမျိုးစည်းဝေးရာသို့ သွားရမည်ဟု မောရှေိအား မိန့်တော်မူ၏။ ၅ ဣသရေလအမျိုးသား အထောင် အသောင်းတို့တွင် တမျိုးတမျိုးထံက စစ်တိုက်လက်နက်ပါသောသူ တထောင်စီ လူပေါင်း တသောင်းနှစ်ထောင်ကို အပ်၍ ၇ မောရှေအား ထာဝရဘုရား မှာထားတော်မူသည့်အတိုင်း ထိုသူတို့သည် မိဒျန်အမျိုးသားတို့ကို တိုက်၍ လူယောက်ျား အပေါင်းတို့ကို သတ်ကြ၏။

9 The Israelites captured the Midianite women and children and took all the Midianite herds, flocks and goods as plunder. 10 They burned all the towns where the Midianites had settled, as well as all their camps. 11 They took all the plunder and spoils, including the people and animals, 13 Moses, Eleazar the priest and all the leaders of the community went to meet them outside the camp.
၉ ဣသရေလအမျိုးသားတို့သည် မိဒျန်မိန်းမများ သူငယ်များတို့ကို လက်ရသိမ်းယူ၍ သိုးဆိတ် နွား အစရှိသော ဥစ္စာအလုံးစုံတို့ကို လုယူကြ၏။ မိဒျန် အမျိုးသားတို့ နေရသောမြို့ရွာ ရှိသမျှတို့ကို မီးရှို့ ကြ၏။ ၁၁ ဘမ်းသော လူ တိရစ္ဆာန်နှင့်တကွ လက်ရဥစ္စာအလုံးစုံတို့ကို သိမ်းသွား၍ ၁၃ မောရှေနှင့် ယဇ် ပုရောဟိတ် ဧလာဇာမှစ၍ ပရိသတ်တို့၌ မင်းအပေါင်းတို့သည် ကြိုဆိုခြင်းငှာ တပ်ပြင်သို့ ထွက်သွားကြ၏။

14 Moses was angry with the officers of the army--the commanders of thousands and commanders of hundreds--who returned from the battle. 15 "Have you allowed all the women to live?" he asked them. 16 "They were the ones who followed Balaam's advice and were the means of turning the Israelites away from the LORD in what happened at Peor, so that a plague struck the LORD's people. 17 Now kill all the boys. And kill every woman who has slept with a man, 18 but save for yourselves every girl who has never slept with a man.
၁၄ မောရှေသည် စစ်တိုက်ရာမှ ပြန်လာသောတပ်မှူးများ ဗိုလ်မင်းများကို အမျက်ထွက်၍ ၁၅ သင်တို့သည် မိန်းမအပေါင်းတို့ကို အဘယ်ကြောင့် အသက်ရှင်စေကြသနည်း။ ၁၆ ဣသေ၇လ အမျိုး သားတို့သည် ပေဂုရ ဘုရားအမှု၌ ထာဝရဘုရားကို ပြစ်မှားစေခြင်းငှာ ဤမိန်းမတို့သည် ဗာလမ်ပေး သောအကြံကို လိုက်၍ပြုကြသောကြောင့် ထာဝရဘုရား၏ပရိသတ်၌ ဘေးရောက်လေသည် တကား ၁၇ ထိုကြောင့် သူငယ်ယောက်ျား အပေါင်းကိုလည်းကောင်း၊ ယောက်ျားနှင့် ဆက်ဆံဘူးသော မိန်းမအပေါင်းကိုလည်းကောင်း သတ်ကြလော့ ၁၈ ယောက်ျားနှင့် မဆက်ဆံဘူးသော မိန်းမငယ် အပေါင်းတို့ကို မိမိတို့အဘို့ အသက်ချမ်းသာ ပေးကြလော့။

အဘယ်ကြောင့်နည်း
အထကပ်ပါ စကားများကို အထူး ဖွင့်ဆိုရန်ပင် မလိုပါချေ။ သမ္မာဘုရားသည် မောရှေအား မိဒျန်တို့ကို သုတ်သင်ရန် အမိန့်ပေး၏။ မောရှေသည် ၁၂ဝဝဝ မကသော အစ္စရေးစစ်သားများနှင့် မိဒျန်အားလုံးကို သတ်ပစ်၏။ မြို့ရွာများကို မီးရှို့၏။ အမျိုးသမီးနှင့် ကလေးအားလုံးကို သုံ့ပန်းအဖြစ် ဖမ်းယူ၏။ စစ်သားများ သည် ဖမ်းယူလာသည့် အမျိုးသမီးနှင့် ကလေးများကို မိုးရှေအား ဆက်သ၏။ ယင်းသို့ ရောကောသောသော ဆက်ဆံမှုကို ဗိုလ်ချုပ်မိုးရှေ မနှစ်သက်။ ထို့ကြောင့် မိုးရှေသည် ယောက်ျား အားလုံးနှင့် ယောက်ျားနှင့် အိပ်ဖူးသည့် အမျိုးသမီးများ အားလုံးကို သတ်ပစ်ရန် အမိန့်ပေး ၏။ သို့သော် မိုးရှေသည် အပျိုစင်များနှင့် အရွယ်မရောက်သေးသည့် မိန်းကလေးများကို အသက် ချမ်းသာပေး၏။ ထိုအမျိုးသမီးများ ဘာဖြစ်ခဲ့ကြသည် ဘာရည်ရွယ်ချက်နှင့် ယင်းတို့ကို ချန်ထားခဲ့ သည်ကိုမူ စာရှုသူတို့ စဉ်းစား မိနိုင်ရာသည်။

ဤဖော်ပြပါ သမ္မာမှတ်တမ်းကို သိရခြင်း၌ ယနေ့ ခရစ်ယန်တို့ ပြောသော ဘုရားသခင်၏ မေတ္တာ ဟူသည် အဘယ် နည်းဟုလည်း သေရှာစေ့ငု တွေးရှုနိုင်ရာသည်။

---------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP