၂၁၊ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၈)

မေထုန်စိတ်ကို သွင်းပေးသူ

ဆိုကရေတီး။ ။ အကယ်လို့ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင်ဖြစ်ရင် ဘုရားသခင်က ဆေတန်ကို အေဒင်ဥယျာဉ်ထဲလာပြီး အေဝကို ဖျားယောင်းခွင့် ပြုခဲ့တာလဲ။ ဘုရားသခင်က လူတွေကို အသီးကို မစားစေချင်ရင် ပထမဆုံး နေရာဖြစ်တဲ့ ဥယျာဉ်ထဲမှာ အဲဒီသစ်ပင်ကို ဘာလို့ ထားရတာလဲ။ ဘုရား သခင်က လူတွေမှာ မေထုန်ချစ်ကို မရှိစေချင်ရင် မေထုန်အတွက် လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်း တွေကို ဘုရားသခင် ဘာကြောင့် ထည့်ခဲ့တာလဲ။ ဘုရားသခင်ဟာ မူရင်းပြစ်မှုကို မကျူးလွန်စေ ချင်ရင် အသိပညာ အတွေ့အကြုံ၊ စူးစမ်းရှာဖွေမှုနှင့် ကောက်ကျစ်တဲ့ အချစ်တွေအတွက် ဆန္ဒကို ဘာလို့ ပေးခဲ့တာလဲ။

ယေရှု။ ။ ဘုရားသခင်ဟာ လူတွေကို စမ်းသပ်ချင်လို့ ဥယျာဉ်ထဲမှာ အဲဒီသစ်ပင်ကို ဖန်ဆင်းပြိး ဆေတန်ကို လာခွင့်ပေးခဲ့တာ။

ဆိုကရေတီး။ ။ ဘုရားသခင်ဟာ အားလုံးကို သိတယ်လို့ ခင်ဗျား ပြောတယ်။ မဖြစ်ခင်ကတည်းက ဒီလိုဖြစ်မှာကို သိတယ်လို့လည်း ပြောတယ်နော်။ အခြေအနေအရ လူတွေဘာလုပ်မယ်ဆိုတာကို ဘုရားသခင် သိပြီးဖြစ်မှာ သေချာပါတယ်။

ယေရှု။ ။ ဘုရားသခင်က လူသားတွေကို လွတ်လပ်ခွင့် ပေးခဲ့ပါတယ်။ လူသားတွေအဖို့ အပြစ်ရှိ သလောက် ဘုရားသခင်ရဲ့ စကားကို နားမထောင်သလောက် ဖြောင့်မတ်ဖို့နဲ့ စကားကို နား ထောင်ဖို့ ဖြစ်နိုင်ခဲ့တာပဲ။

ဆိုကရေတီး။ ။ လူသားတွေ အပြစ်ရှိမှာကို ဘုရားသခင် သိခဲ့ပါသလားခင်ဗျ။

ယေရှု။ ။ လူတွေ အပြစ်ရှိမှာကို ဘုရားသခင် သိပါတယ်။ ဒါပေမဲ့ ကိုယ့်ဆန္ဒနဲ့ကိုယ် ရွေးချယ်ဖို့ လွတ် လပ်ခွင့် ပေးခဲ့တာပဲ။

ဆိုကရေတီး။ ။ လူတွေကို ဖန်ဆင်းခဲ့လို့ ဘုရားသခင်မှာ အပြစ်မရှိဘူးလား။ ဒီအခြေအနေမှာ ဘုရား သခင်ဟာ လူတွေ အပြစ်မရှိအောင် ဖန်ဆင်းသင့်တယ်ဗျ။

ယေရှု။ ။ ဟုတ်ပါတယ်။ ဘုရားသခင်က အနန္တတန်ခိုးရှင်ဖြစ်လို့ အဲဒီလို လုပ်သင့်တယ်။ ဒါပေမဲ့ ဘုရား သခင်ဟာ လူတွေကို ရုပ်သေးရုပ်တွေလို မဖြစ်စေချင်ဘူးလေ။ လူတွေကို ကိုယ့်ဟာကိုယ် ဆုံးဖြတ်စေ ချင်တယ်။

ဆိုကရေတီး။ ။ ဘုရားသခင်က လူတွေကို ခေါင်းနှစ်လုံး ခြေသုံးသုံးချောင်း သို့မဟုတ် အခြားနည်းနဲ့ သူအလိုရှိသလို ဖန်ဆင်းနိုင်တယ် မဟုတ်လား။

ယေရှု။ ။ ဘုရားသခင်ဟာ လူတွေကို သူကြိုက်သလို ဖန်ဆင်းနိုင်ပါတယ်။

ဆိုကရေတီး။ ။ ဘုရားသခင်ဟာ လူတွေကို သူလိုချင်သလို ဖန်ဆင်းခဲ့တယ် မဟုတ်လား။ ခေါင်းတစ် လုံး ခြေနှစ်ချောင်းနဲ့ အခုတွေ့ရတဲ့အတိုင်း ဖန်ဆင်းခဲ့ တယ်မဟုတ်ပါလား။

ယေရှု။ ။ သေချာတာပေါ့။ ဘုရားသခင်က အလုံးစုံ ပြည့်စုံတဲ့ အနန္တတန်ခိုးရှင်ပါ။ ဘုရားသခင်ဟာ အမှားအယွင်း မလုပ်ပါဘူး။

ဆိုကရေတီး။ ။ ဒါဖြင့် ဘုရားသခင်ဟာ အမှားအယွင်း မလုပ်ပါဘူး။ လူကို သူလိုချင်တဲ့အတိုင်း တစ် သဝေမတိမ်း ဖန်ဆင်းခဲ့တာပေါ့၊ ဟုတ်လား။

ယေရှု။ ။ ဟုတ်ပါတယ်။

ဆိုကရေတီး။ ။ ဒါဖြင့်ရင် ခင်ဗျားနဲ့ ကျုပ်ကို ဘုရားသခင် ဖြစ်ချင်တဲ့အတိုင်း အတိအကျ ဖန်ဆင်းခဲ့တာပေါ့၊ ဟုတ် လား။ အာဒမ်နှင့် အေဝကိုလည်း သူဖြစ်ချင်တဲ့ အတိုင်းပဲ အတိအကျ ဖန်ဆင်းခဲ့တာပေါ့။

ယေရှု။ ။ ဟုတ်ကဲ့။ ဒီကိစ္စ ကျုပ် ပြေားပြီးသားပါ။

ဆိုကရေတီး။ ။ လူသားမှာရှိတဲ့ အစိတ်အပိုင်းအားလုံးကို ဘုရားသခင် ဖန်ဆင်းလိုက်တာလား။

ယေရှု။ ။ ဟုတ်ကဲ့။ ထာဝရဘုရားက အရှင်သခင်၊ ထိန်း ချုပ်သူ၊ အားလုံးကို ဖန်ဆင်းသူပါ။

ဆိုကရေတီး။ ။ နတ်ဆိုး သို့မဟုတ် အခြားအင်အားတစ်ခုက လူသားရဲ့ အစိတ် အပိုင်း တစ်ခုခုကို ဖန်ဆင်းတာလား။

ယေရှု။ ။ မဟုတ်ပါဘူး။ ဘုရားသခင်ပဲ အားလုံးရဲ့ ဖန်ဆင်းရှင်ပါ။

ဆိုကရေတီး။ ။ ဒါဖြင့်ရင် အကယ်၍ ဘုရားသခင်ဟာ လူတွေရဲ့ မျက်လုံးတွေ၊ ခြေထောက်တွေ၊ စိတ်တွေကို ဖန်ဆင်းတယ်ဆိုရင် လူတွေရဲ့ လိုအင် ဆန္ဒတွေ .. လိုအင်ဆန္ဒအားလုံးပေါ့ .. အသိပညာနဲ့ မေထုန်ပြုတဲ့ ဆန္ဒကိုလည်း ဘုရားသခင်ပဲ ဖန်ဆင်းတာပေါ့။ လူသားက ဘာကြောင့် အပြစ် ရှိရတာလဲ။

ယေရှု။ ။ လူသားရဲ့ အားနည်းမှုနှင့် ဆိုးယုတ်တဲ့ သဘာဝကြောင့် ဘုရားသခင်က အပြစ်ပေးတာပါ။

ဆိုကရေတီး။ ။ လူ့သဘာဝဟာလည်း လက်တွေ ခြေတွေလိုပဲ လူသားရဲ့ အစိတ်အပိုင်းပဲ မဟုတ် လားခင်ဗျ။

ယေရှု။ ။ ဟုတ်ပါတယ်။ လူ့သဘာဝဟာ လူသားရဲ့ အစိတ်အပိုင်းပါပဲ။

ဆိုကရေတီး။ ။ လူကို ဘယ်သူ ဖန်ဆင်းတာလဲ။

ယေရှု။ ။ ဘုရားသခင်ပါ။

ဆိုကရေတီး။ ။ လူသားရဲ့ သဘာဝကိုကော ဘယ်သူဖန်ဆင်းတာလဲ။

ယေရှု။ ။ ဘုရားသခင်ပါပဲ။

ဆိုကရေတီး။ ။ လူတွေကို လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းနှင့် ယနေ့မြင်တွေ့ရတဲ့အတိုင်း၊ အာဒမ်နဲ့ အေဝတို့ခေတ်ကအတိုင်း အတိအကျပုံစံနဲ့ လူတွေကို ဘယ်သူ လုပ်တာလဲ။

ယေရှု။ ။ ဘုရားသခင်ပါပဲ။

ဆိုကရေတီး။ ။ လူတွေရဲ့ သဘာဝကို ဘယ်သူဖန်ဆင်းတာလဲ။

ယေရှု။ ။ ဘုရားသခင်ပါပဲ။

ဆိုကရေတီး။ ။ လူတွေရဲ့ ယုတ်ညံ့တဲ့ သဘာဝနဲ့ ကောက်ကျစ်မှုကို ဘယ်သူ ပေးတာလဲ။ ဘုရား သခင်ပဲ ပေးတာပဲ။ ဘာကြောင့်ဆို လူမှာရှိနေတဲ့ အစိတ်အပိုင်းတိုင်းကို ဘုရားသခင် တစ်ဦး တည်းကပဲ ပေးခဲ့လို့ပါ။

ယေရှု။ ။ ဘုရားသခင်က လူတွေကို ကိုယ်ပိုင် ရွေးချယ်ခွင့် ပေးခဲ့ပါတယ်။

---------------------------

တွေ့ဆုံခန်း (၉) မှာ ကမ္ဘာပေါ်ရှိ ဆိုးရွားမှုတွေရဲ့ တရားခံ ဘယ်သူလဲ ဆိုတာကို ဆွေးနွေးကြပါတယ်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP