၁ဝ။ ဖန်ဆင်းပုံ မှားယွင်းခြင်း

ထာဝရဘုရားသည် အားလုံးကို လုပ်နိုင်စွမ်းရှိသည် ဆို၏။
Mark 10:27: And Jesus looking upon them saith, With men it is impossible, but not with God: for with God all things are possible.
မာကု ၁ဝး၂၇။ ယေရှုသည်လည်း သူတို့ကို ကြည်ရှု၍ ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရား သခင် မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသော အမှုတို့ကို တတ်နိုင်တော် မူသည်ဟု မိန့်တော်မူ၏။

သို့သော် သံရထားရှိသူများကို မနှင်ထုတ်နိုင်ဟု ဆိုပြန်သည်။
Judges 1:19: And the Lord was with Judah; and he drave out the inhabitants of the mountain; but could not drive out the inhabitants of the valley, because they had chariots of iron.
သူကြီး ၁း၁၉။ ထာဝရဘုရားသည် ယုဒနှင့် အတူရှိတော်မူ၍ သူသည် တောင်ပေါ်မှာ နေသောသူတို့ကို နှင်ထုတ်လေ၏။ ချိုင့်သားတို့ကို မနှင်ထုတ်နိုင်။ အကြောင်းမူကား သူတို့သည် သံရထား ရှိကြ၏။

ဘုရားသခင်သည် အရာခပ်သိမ်းကို ပြုလုပ်နိုင်သည့် အနန္တတန်ခိုးရှင်ဖြစ်ကြောင်း ခရစ်ယန်တို့ ယုံ ကြည်ကြသည်။ အထက်ပါ ဖြစ်ရပ်၌ ရောဂါရှိသူကို လက်နှင့် ထိရုံဖြင့် ကုသနိုင်သူ တန်ခိုးရှင် ဖြစ်ပါ လျက် သံရထားရှိသူများကိုမူ ထာဝရဘုရား အရှုံးပေးရကြောင်း ဆိုသည်။ နျူကလီယာ လက်နက် ပိုင်ရှင် ယနေ့ခေတ် လူသားများကို ထာဝရဘုရား မည်သို့မျှ လွှမ်းမိုးနိုင်မည် မဟုတ်။ ထာဝရဘုရား သခင်သည် မည်သည့်နည်းနှင့်မျှ အနန္တတန်းခိုးရှင် မဖြစ်နိုင်။
-------------------

သက်ရှိအားလုံးကို ရေဖြင့် ဖန်ဆင်းသည် ဆို၏။
Gen 1:20: And God said, Let the waters bring forth abundantly the moving creature that hath life, and fowl that may fly above the earth in the open firmament of heaven. 21: And God created great whales, and every living creature that moveth, which the waters brought forth abundantly, after their kind, and every winged fowl after his kind: and God saw that it was good.
ကမ္ဘာ ၁း၂ဝ။ တစ်ဖန် ဘုရားသခင်က အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန်တို့ကို ရေသည် များပြားစွာ မွေးဖွားစေ။ ငှက်တို့လည်း မြေပေါ် မိုးကောင်းကင် မျက်နှာကြက်ပြင်ဝယ် ပျံစေဟု အမိန့် တော်ရှိ၏။ ၂၁။ ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုးအလိုက် များပြားစွာ မွေးဖွား၍ ငါးကြီးအစ ရှိသော အသက်ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် အပေါင်းတို့ကိုလည်းကောင်း၊ ပျံတတ်သော ငှက်မျိုး အပေါင်းတို့ကို လည်းကောင်း ဘုရားသခင် ဖန်ဆင်း၍ ထိုအမှုအရာ ကောင်း သည်ကို မြင်တော်မူ၏။

သက်ရှိအားလုံးကို မြေဖြင့် ဖန်ဆင်းသည်ဟုလည်း ဆိုပြန်သည်။
Gen 2:19: And out of the ground the Lord God formed every beast of the field, and every fowl of the air; and brought them unto Adam to see what he would call them: and whatsoever Adam called every living creature, that was the name thereof.
ကမ္ဘာ ၂း၁၉။ ထာဝရအရှင် ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့် မိုးကောင်းကင် ငှက်အပေါင်းတို့ကို မြေဖြင့် ဖန်ဆင်းတော်မူပြီးလျှင် လူသည် အဘယ်သို့ ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည် အတိုင်း နာမည် အသီးအသီးရှိကြ၏။


ဖော်ပြပါ တစ်ကျမ်းတည်းက စာပိုဒ်နှစ်ခုကို ဖတ်ကြည့်လျှင် ပထမစာပိုဒ်အရ ထာဝရဘုရားသည် သက်ရှိအားလုံးကို ရေက ဖန်းဆင်းခဲ့သည်ဟု နားလည်ရသည်။ ဒုတိယ စာပိုဒ်အရမူကား တွားသွား ပျံသွား သတ္တဝါတွေကို မြေကြီးက ဖန်ဆင်းပါသည်တဲ့။ အပြည့်စုံဆုံးသောကျမ်း မပြည့်မစုံ ဖြစ်နေ ပါပကော။

မေးခွန်း။ ။ သက်ရှိအစ ရေကလော၊ မြေကြီးကလော။
---------------------

ထာဝရဘုရားသည် လူကို အရင်ဖန်ဆင်းသည်။
Gen 2:18: And the LORD God said, It is not good that the man should be alone; I will make him an help meet for him. 19: And out of the ground the LORD God formed every beast of the field, and every fowl of the air; and brought them unto Adam to see what he would call them: and whatsoever Adam called every living creature, that was the name thereof.
ကမ္ဘာ ၂း၁၈။ ထာဝရဘုရားသခင်ကလည်း ယောက်ျားသည် တစ်ယောက်တည်း မနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူ့ဘို့ ငါလုပ်ဦးမည်ဟု အကြံ ရှိတော်မူ၏။ ၁၉။ ထာဝရအရှင် ဘုရားသခင်သည် မြေတိရိစ္ဆာန်တို့နှင့် မိုးကောင်းကင်ငှက် အပေါင်းတို့ကို မြေဖြင့် ဖန်ဆင်းတော် မူပြီးလျှင် လူသည်အဘယ်သို့ ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည်လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ်သမုတ်သည်အတိုင်း နာမည် အသီး အသီး ရှိကြ၏။

တိရစ္ဆာန်ကို အရင်ဖန်ဆင်းသည်ဟုလည်း ဆိုပြန်သည်။
Gen 1:25: And God made the beast of the earth after his kind, and cattle after their kind, and every thing that creepeth upon the earth after his kind: and God saw that it was good. 26: And God said, Let us make man in our image, after our likeness: and let them have dominion over the fish of the sea, and over the fowl of the air, and over the cattle, and over all the earth, and over every creeping thing that creepeth upon the earth.
ကမ္ဘာ ၁း၂၅။ ထိုသို့ ဘုရားသခင်သည် သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး အပေါင်းတို့ကို ဖန်ဆင်း၍ ထိုအမှုအရာ ကောင်းသည်ကို မြင်တော်မူ၏။ ၂၆။ တစ်ဖန် ဘုရားသခင်က ငါတို့ပုံသဏ္ဌာန်နှင့် တညီတ သဏ္ဌာန်တည်း လူကို ဖန်ဆင်းကြစို့။ သူသည် ပင် လယ်ငါးတို့ကို၎င်း၊ မိုးကောင်းကင် ငှက်တို့ကိုလည်းကောင်း၊ သားယဉ်တို့ကိုလည်းကောင်း၊ မြေ တပြင်လုံးနှင့်တကွ မြေပေါ်မှာ တွားတတ်သော တိရိစ္ဆာန်တို့ကိုလည်းကောင်း အုပ်စိုးစေဟု အမိန့် တော်ရှိ၏။

ဒုတိယစာပိုဒ်အရ ထာဝရဘုရားသည် တိရစ္ဆာန်များကို မြေဖြင့် ဖန်ဆင်းပြီးနောက် လူရှိရာသို့ ခေါ် ဆောင်လာသည်ဟု ဆိုသဖြင့် လူကိုအရင် ဖန်ဆင်းထားပြီး ဖြစ်ကြောင်း ဆိုလိုရာရောက်၏။ သို့ ဖြစ်မူ ပထမစာပိုဒ်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပြန်သည်။

အနာဂတ်နိုင်ငံတော်အကြောင်း မှတ်စုများကို မျှော်ပါ ......

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP