ဝေဖန်သုံးသပ်ကြဖို့အတွက်ပါ

Read More...

၅၈။ တစ်ဆူတည်းသောဘုရား အလုပ်များပြီလော

၁၉၈၅-တွင် ကျွန်ုပ် ယူအက်စ်အေသို့ အလည်သွားရောက် ခွင့်ရခဲ့သည်း ဤသည်မှာ အမေရိကရှိ ခရစ်ယန် ဘာသာရေးအကြောင်း သိရန် အခွင့်အရေးကောင်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တည်းခိုခဲ့သည့် မြို့တွင် ခရစ်ယန်ဂိုဏ်းကွဲ ၁၅-ခု ရှိ ကြောင်းသိရသဖြင့် ကျွန်ုပ် အလွန်စိတ်ဝင် စားသွားသည်။ ယင်းတို့အနက် အချို့ မှာ အနည်းငယ်သာခြားနားပြီး အချို့မူ အလွန်ခြားနားကြသည်။

ဥပမာ ခရစ်ယန် အားလုံးနီးပါး တနင်္ဂနွေနေ့တွင် ဘုရားကျောင်းသို့ သွားရမည်ဟု ယုံကြည်သော်လည်း သတ္တမနေ့ အသင်း သားများမှာ စနေနေ့တွင် သွားရ မည်ဟု ဆိုသည်။ ကက်သိုလစ်များက စိန့်များနှင့် အပျိုစင်မေရီကို ကိုးကွယ်ကြသော်လည်း အခြား ခရစ်ယန်များက မှားသည်ဟုဆိုသည်။ ခရစ်ယန်အများစုက ယေရှုကို ထာဝရဘုရား၏ သားတော်ဟု ယုံကြည်သော်လည်း ယေဟောဝါ၏ သက်သေ (ကင်းမျှော်စင်)တို့ကမူ ယေရှုမှာ ပရောဖက်သာ ဖြစ်သည်ဟု ယုံကြည်သည်။ သာမန် ခရစ်ယန်များမှာ နာမကျန်းဖြစ်ပါက ဆရာဝန်တွေဆီ သွားကြသော်လည်း ခရစ်ယန် သိပ္ပံပညာရှင်တို့ကမူ ယင်းသို့ပြုခြင်းမှာ ယုံကြည်မှု အားနည်းကြောင်း ဖော်ပြသည်ဟု ယုံမှတ်ကြသည်။

အချို့က ကယ်တင်ခံရရန် မွေးသည်နှင့် တစ်ပြိုင်နက် ရေနှစ်ရမည်ဟု ဆုံး မပြီး အချို့ကမူ နားလည်သည့်အချိန်ရောက်မှ ရေနှစ်ရမည် ဟုဆိုသည်။ မိုမန် (ခရစ်ယန်ဂိုဏ်းကွဲတစ်မျိုး) တို့ကလည်း သေမှသာ အမှန်တကယ် ရေဖြန်းရမည်ဟုဆိုသည်။ အချို့က ခေါင်းကို ရေဖြန်း ရုံမျှဆိုလျှင် လုံလောက်သည်ဟု ဆိုလျက် အချို့က ရေအောက်မှာ ငုပ်ရမည်ဟု အကျောက်အကန် ဆိုသည်။ ယင်း အမျိုးမျိုးသော ယုံကြည်မှု၊ အတွေးအမြင်၊ သွန်သင်မှုတို့သည် ခရစ်ယန်တို့အား တစ်ဆူတည်းသောဘုရားကို အတူတူ မကိုးကွယ်နိုင်အောင် တားဆီးသည်။ ယေရှု ၏တရားသည် အလွန်ရှင်းလင်း ရိုးမှန်လျှင် ဘာကြောင့် ယင်းသို့ ဘုရားကျောင်းအမျိုးမျိုး ကွဲပြားနေရသနည်း။ ခရစ်ယန်တို့၏ ဖော်ပြပါ ပြင်ဆင်မှု အားလုံးတွင် မည်သည့်မူက တစ်ခုတည်းသော အမှန်တရား ဖြစ်သနည်း။

ခရစ်ယန်တို့သည် မေတ္တာကို အမှန်တကယ် ကျင့်သုံးသည်ဆိုလျှင် ဘာကြောင့် ဘုရားကျောင်းအချင်းချင်း မနာလိုမှု၊ ပြိုင်ဆိုင်မှုနှင့် ရန်စောင်မှုတွေ ဤမျှ များပြားရသနည်း။ ၎င်းတို့အနေဖြင့် မည်သည့်အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တို့အား ကိုယ့်အချင်းချင်း သဘော ထားကွဲလွဲသူများအဖြစ် ပြစ်တင်နိုင်ခွင့်ရှိသနည်း။

သီရိလင်္ကာနိုင်ငံ မြို့တစ်မြို့၌ ဘုန်းကြီးကျောင်း များစွာရှိနိုင်ပြီး အားလုံးမှာ တူညီသော ဓမ္မကိုသာ ဟောပြောကြသည်။ ရဟန်း များအချင်းချင်း ပုဂ္ဂိုလ်ရေးအရ သဘောမတူညီမှု ရှိနိုင်သော်လည်း တူညီသော ဓမ္မကို ယုံကြည်ကြသည်။

Read More...

၅၇။ ဆိုကရေတီးနှင့် ယေရှုတွေ့ဆုံခန်း (၁၅)
ကမ္ဘာလောကကို ဘယ်သူဖန်ဆင်းလဲ
ဆိုကရေတီး။ ။ ကမ္ဘာလောကကို ဖန်ဆင်းဖို့ ခင်ဗျားရဲ့ ဘုရားသခင်ကို မလို အပ်ပါဘူး။ သူတို့ရဲ့ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းပါတယ်လို့ ပြောတဲ့ တရားဟောဆရာတွေ ကမ္ဘာပေါ်မှာ ထောင်ပေါင်း များစွာ ရှိပါတယ်။ ကျွန်ုပ်မှာ အဖြေမရှိရုံမျှနဲ့ပဲ ကျွန်ုပ်ဟာ မစုံစမ်းမဆင်ခြင်ဘဲ ခင်ဗျား ပြောတာကို လက်ခံရ မယ်လို့ ကျွန်ုပ် မဆိုလိုပါဘူး။

ဂရိမဟာနတ်ဘုရား ဇူးစ်က ကမ္ဘာလောကကို ဖန်ဆင်းတယ်ဆိုတာကို ယုံကြည်ဖို့ ကြောင်းကျိုး ဆက်စပ်မှုအရ ခင်ဗျားကို ကျွန်ုပ် တောင်းဆိုနိုင်ပါတယ်။ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်း တယ်ဆိုတာကို ကျွန်ုပ် ယုံကြည်လက်ခံတယ် ဆိုရင်တောင် ဘုရားသခင်ရဲ့ အရည်အချင်းကို အ ဓိပ္ပာယ်ဖွင့်ဆိုမှုရဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။ ဘုရားသခင်အကြောင်း ခင်ဗျားရဲ့ အဓိပ္ပယ် ဖွင့်ဆိုမှုဟာ စိတ်ကူးယဉ်မျှ ဖြစ်တယ်လို့ ယူဆဖို့ ကြောင်းကျိုး ယုတ္တိနဲ့ မတူ ဒီကနေ ကျွန်ုပ်တို့ ရှေ့ကို ဆက်မသွား နိုင်တော့ပါဘူး။

ယေရှု။ ။ ခဏနေအုံး၊ မသွားပါနဲ့အုံး။ ခင်ဗျားရဲ့ ဝိညာဉ်ကို ထာဝရငရဲမှ ကယ်တင်ရမယ်။ ဘုရား သခင်ကို ခင်ဗျားရဲ့ နှလုံးသားးထဲမှာ လက်ခံပါ။ ခင်ဗျား ဟုတ်ကဲ့လို့ မပြောသေးသရွေ့ ကျွန်ုပ် မသွား သေးဘူး ခင်ဗျ။

ဆိုကရေတီး။ ။ ဟုတ်ကဲ့၊ ဒီမှာ ကျွန်ုပ်အဖိုးအို တစ်ယောက်ရဲ့ ခပ်စုတ်စုတ် အတွေးတွေ အယူ အဆတွေပဲ ရှိပါတယ်ခင်ဗျ။ 'ခင်ဗျား မှန်တာ သေချာပါတယ်။ ခင်ဗျားမှာက နောက်လိုက်တွေ တပည့် တော်တွေ အများကြီး ရှိတာကိုး။ လူအများစုရဲ့ ပြောသံ ဆိုသံ ဝေဖန်သံ ဖြစ်တဲ့ ခုနက ဖော်ပြခဲ့တဲ့ ကြောင်းကျိုးရှိမှု၊ ယုတ္တိနဲ့ အတွေးအမြင် ဒဿနတွေကို တင်ပြတဲ့ နုံချာတဲ့ ကျွန်ုပ်လို အဖိုးအို တစ် ယောက်က ဘာမို့လို့တုန်း။ ကျေးဇူးတင်ပါတယ် ခင်ဗျ။

ယေရှု။ ။ ခင်ဗျားကို ထာဝရဘဝ ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယေရှုစကား မဆုံးခင် ဆိုကရေတီး ထွက်သွားနှင့်ပါပြီ။

Read More...

၅၆။ လူချမ်းသာတွေ နှင့် ကောင်းကင်ဘုံ
လူချမ်းသာတွေ ကောင်းကင်ဘုံနှင့် မထိုင်တန်ဟု ဆိုသည်။
Luke 6:20: And he lifted up his eyes on his disciples, and said, Blessed be ye poor: for yours is the kingdom of God.
လုကာ ၆း၂ဝ။ ထိုအခါ ကိုယ်တော်သည် မြော်၍ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင် ဆင်းရဲသော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရား သခင်၏နိုင်ငံတော်သည် သင်တို့၏ နိုင်ငံဖြစ်၏။

Matt 19:23: Then said Jesus unto his disciples, Verily I say unto you, That a rich man shall hardly enter into the kingdom of heaven. 24. And again I say unto you, It is easier for a camel to go through the eye of a needle, than for a rich man to enter into the kingdom of God.
မဿဲ ၁၉း၂၄။ ယေရှုကလည်း ငါအမှန်ဆိုသည်ကား ငွေရတတ်သောသူသည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ခဲလှ၏။ ၂၄။ တစ်ဖန် ငါဆိုသည်ကား ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်နိုင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။

ဲJames 5:1: Go to now, ye rich men, weep and howl for your miseries that shall come upon you.
ယာကုပ် ၅း၁။ အချင်းသူဌေး သူကြွယ်တို့၊ ယခုလာကြ။ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။

လူချမ်းသာများ ကောင်းကင်ဘုံသို့ မရောက်နိုင်သည်မှာ အဘယ်ကြောင့်နည်း။

Read More...

၅၅။ သမ္မာကျမ်းနှင့် သိပ္ပံပညာ
သမ္မာကျမ်းသည် သိပ္ပံပညာနှင့် ပညာရှင်များကို အားမပေး။
Ecclesiastes 1:17: And I gave my heart to know wisdom, and to know madness and folly: I perceived that this also is vexation of spirit. 18: For in much wisdom is much grief: and he that increaseth knowledge increaseth sorrow.

ဒေသနာ ၁း၁၇။ ပညာတရားကိုလည်းကောင်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို လည်းကောင်း ပိုင်းခြား၍ သိအံ့သောငှာ ငါသည် နှလုံးထား၏။ ထိုအမှုသည် လည်း လေကို ကျက်စားသောအမှုဖြစ်သည်ကို ရိပ်မိ၏။ ၁၈။ အကြောင်းမူကား ပညာများလျှင် ငြိုငြင်စရာအကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွား တတ်၏။

Isaiah 29:14 Therefore, behold, I will proceed to do amarvellous work among this people, even a marvellous work and a wonder: for the wisdom of their wise men shall perish, and the understanding of thier prudent men shall be hid.
ဟေရှာ ၂၉း၁၄ ထို့ကြောင့် အံ့သြကြောက်မက်ဖွယ်သော အမှုကို ဤလူမျိုးတွင် တဖန် ငါပြုဦးမည်။ သူတို့တွင် ပညာရှိတို့၏ ပညာသည် ပျက်စီးလိမ့်မည်။ Óာဏ် ကောင်းသော သူတို့၏ Óာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။

1 Corintrians 1:19: For it is written, I will destroy the wisdom of the wise, and will bring to nothing the understanding of the prudent.
၁ကော ၁း၁၉။ ကျမ်းစာလာသည်ကား ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်၊ Óာဏ်ကောင်းသောသူတို့၏ Óာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။

Read More...

၅၄။ လွယ်အိတ်ထဲက ဖန်ဆင်းရှင်
တစ်ခါသော် ကျွန်ုပ်သည် ဘတ်စ်ကားစောင့်ရင်း ဗုဒ္ဓဘာသာအကြောင်း စာတစ်အုပ်ကို ဖတ်နေသည်။ ခဏအကြာတွင် လူငယ်တစ်ယောက် ရောက်လာပြီး ကျွန်ုပ်ဘေးတွင် ထိုင်သည်။ ကျွန်ုပ် ဖတ်နေသည့် စာအုပ်ကို ကြည့်ပြီး ဗုဒ္ဓဘာသာလားဟု မေးသည်။

ဟုတ်ပါကြောင်း ကျွန်ုပ်ကပြောသောအခါ ဧဝံဂေလိတို့၏ ထုံးစံအတိုင်း အမှန်တစ်ဝက်နှင့် မခိုင် လုံမရေရာသည့် ကြွားလုံးများဖြင့် တရစပ် ဟောပြောတော့သည်။ သူသည် ပိုမိုစိတ်တက်ကြွလာသဖြင့် ၎င်းက 'ဘုရားသခင် တကယ်ရှိပါတယ်၊ ခင်ဗျားကို ကျုပ်သက်သေပြနိုင်ပါတယ်' ဟုဆိုလာသည်။ ကျွန်ုပ်က ရယ်ပြီး မဖြစ်နိုင်ပါဘူးဟု ပြောသည်။ 'ဒီလွယ်အိတ်ထဲမှာကို ဘုရားသခင်ရှိတယ် ဆိုတာကို ကျုပ် သက်သေပြနိုင်တယ်'ဟု ၎င်းကပြောသည်။

သူ့စကားကြောင့် ကျွန်ုပ်မျက်လုံးပြူးသွားပြီး ပြပါအုံးဟု ကျွန်ုပ်က ပြောသည်။ ထိုလူငယ်သည် လွယ် အိတ်ထဲသို့ လက်ထည့်လျက် လိမ်မော်သီး တစ်လုံးကို ထုတ်ပြသည်။ ယခုအခါ ကျွန်ုပ် စိတ်အိုက် သွားပြီး လိမ်မော်သီးက ဖန်ဆင်းရှင်ရှိတာကို ဘယ်လိုသက်သေပြမလဲဟု ထပ်မေးသည်။

လူငယ်သည် လိမ်မော်သီးကို ခွဲလိုက်ပြီး အမြွာများကို စိတ်လျက် 'ဘုရားသခင်က စကြဝဠာ တစ်ခုလုံးကို လူသားတွေရဲ့ အကျိုးအတွက် တီထွင်ထားတာ ပါ။ ဒီလိမ်မော်သီး လေးကိုကြည့်ပါ။ အမြွာတိုင်းကို ကျွန်ုပ်တို့ရဲ့ ပါးစပ်နှင့်ကိုက် ညီအောင် ဖန်ဆင်းထားတယ်' ဟုဆိုသည်။

ကျွန်ုပ် ခပ်ကျယ်ကျယ် ရယ်မောလိုက်ပြီး 'ဒါဖြင့်ရင် ဖရဲသီးကျတော့ကောဗျာ၊ ခင်ဗျားပါးစပ်နှင့် သင့် တော်အောင် ဘယ်လိုလုပ်သလဲ'ဟု ကျွန်ုပ်က မေးလိုက်မိသည်။ ဧဝံဂေလိတို့၏ ဖန်ဆင်းရှင်အား ယုံကြည်ရန် ထုတ်ပြသည့် ယုတ္တိမှာ ထိုမျှပင် လွယ်ကူလှဘိသည်။

Read More...

၅၃။ ထာဝရဘုရား အငြိုးသိုလျှင်
ထာဝရဘုရားသည် ခဏမျှ စိတ်ဆိုးတတ်၏။
Psa 30:5: For his anger endureth but a moment; in his favour is life: weeping may endure for a night, but joy cometh in the morning.
ဆာလံ ၃ဝး၅။ အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော်မူကား တစ်သက်လုံး တည်၏။ ညဦး ယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏။ နံနက်ယံ၌ကား သီချင်းဆိုသော အခွင့်ရှိ၏။

နှစ်ပေါင်း လေးဆယ်ကြာအောင် စိတ်ဆိုးသည်လည်း ဆိုပြန်သည်။
Num 32:13: And the Lord's anger was kindled against Israel, and he made them wander in the wilderness forty years, until all the generation, that had done evil in the sight of the LORD, was consumed.
တော ၃၂း၁၃။ ထိုသို့ ထာဝရဘုရား ရှေ့တော်၌ ဆိုးသောအမှုကို ပြုသော လူအပေါင်းတို့သည် မပျက် စီးမီတိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက်ထွက်၍ အနှစ်လေးဆယ် ပတ်လုံး တော၌ လှည့်လည်စေတော်မူ၏။

ထာဝရဘုရားသည် ရန်သူကို အငြိုးထားသည်။
Jeremiah 17:4: And thou, even thyself, shalt discontinue from thine heritage that I gave thee; and I will cause thee to serve thine enemies in the land which thou knowest not: for ye have kindled a fire in mine anger, which shall burn for ever.
ယေရမိ ၁၇း၎။ သင်ကိုယ်တိုင်လည်း ငါပေးသော အမွေမှ ရွေ့သွားရလိမ့်မည်။ သင် မသိသော ပြည် တွင် ရန်သူလက်၌ သင့်ကို ငါကျွန်ခံစေမည်။ အကြောင်းမူကား အစဉ်လောင်သော ငါ၏ အမျက်မီးကို သင်တို့သည် မွှေးကြပြီ။

Malachi 1:4: Whereas Edom saith, We are impoverished, but we will return and build the desolate places; thus saith the Lord of hosts, They shall build, but I will throw down; and they shall call them, The border of wickedness, and, The people against whom the Lord hath indignation for ever.
မာလခိ ၁း၎။ ဧဒုံ အမျိုးသားတို့က ငါတို့သည် ပျက်စီးသော်လည်း ပျက်စီးသော အရပ်တို့ကို တစ်ဖန် တည်ဆောက်ဦးမည်ဟုဆိုရာတွင် ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား သူတို့သည် တည်ဆောက်သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရား အစဉ်အမြဲ အမျက်ထွက်တော်မူသော လူမျိုးဟူ၍ သမုတ်ကြလိမ့်မည်။

Nahum 1:2: God is jealous, and the Lord revengeth; the Lord revengeth, and is furious; the Lord will take vengeance on his adversaries, and he reserveth wrath for his enemies.
နာဟုံ ၁း၂။ အပြစ်ရှိသည်ဟု ထာဝရဘုရားသည် ယုံလွယ်၍ ဒဏ်ပေးသော ဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဒဏ်ပေး၍ အမျက် ပြင်းထန်တော်မူ၏။ ထာဝရဘုရားသည် ရန်ဖက်ပြုသော သူတို့ကို ဒဏ်ပေး၍ ရန်သူတို့ကို အငြိုးထား တော်မူ၏။

ထာဝရဘုရားသည် လူတွေကို လိမ်အောင် ဖြားယောင်းတတ်သည်။
2 Thess 2:11: And for this cause God shall send them strong delusion, that they should believe a lie: 12: That they all might be damned who believed not the truth, but had pleasure in unrighteousness.
၂ သက်သာ ၂း၁၁။ ထို့ကြောင့် သမ္မာတရားကို မယုံဘဲ မတရားသော အမှု၌ မွေ့လျော်သောသူ အ ပေါင်းတို့သည် ၁၂။ တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း မုသားစကားကို ယုံစိမ့်သောငှာ မိစ္ဆာဒိဋ္ဌိ ပြုပြင် အားထုတ်ခြင်း အခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။

ထာဝရဘုရားသည် တစ်ခါတစ်ရံ ခဏမျှ စိတ်ဆိုး၏။ တစ်ခါတစ်ရံမူ ကြာရှည်စွာ စိတ်ဆိုးသည်။ တစ်ခါ တစ်ရံ အလွန် အငြိုးအာဃာတ ကြီးမားသည်ကို တွေ့ရလိမ့်မည်။ ထာဝရဘုရား ကိုယ်တိုင် လူ အများကို တမင်သက်သက် စိတ်ရှုပ်ထွေးအောင် လုပ်ခြင်းမှာ လူအများကို မကယ်တင်လို၍လော။ ကယ် တင်ခံရလိမ့် မည်ဟုကော မျှော်လင့်နိုင်အံ့လော။ လိမ်တတ်သူသည် ဒုရိုက်မှုမှန်သမျှကို မလုပ်ရဲ မရှိ၊ မလုပ်ဝံ့ မရှိဟူသည်ကို သတိမူသင့်၏။

ဘုရားဟူသည် ကိုယ်ကွယ်သူတို့၏ စံပြ မဖြစ်သင့်ဘူးလော။ သူကိုယ်တိုင် လူအများကို လိမ်အောင် ဖြားယောင်းသည် ဆိုခြင်းကြောင့် အနှီကျမ်းစာထဲက အရှုပ်ဇာတ်ကောင်မှာ ဘုရားအစစ် မဖြစ်နိုင်။ ဘုရားစိတ် ပေါက်နေသော ကိုယ်ကျိုးဆန်သူ လူသာမန်သာ ဧကန် ဖြစ်ရမည်။

Read More...

၅၂။ ဧဝံဂျေလိတို့ကို မငြင်းပါနှင့်
လွန်ခဲ့သည့် ၆ လ ခန့်အလွန်က ကျွန်ုပ်၏တံခါးကို ခေါက်သံကြားသဖြင့် ဖွင့်လိုက်သောအခါ ဧဝံ ဂေလိခရစ်ယန် နှစ်ယောက်ကို တွေ့ရသည်။ ၎င်းတို့အား ဧဝံဂျေလိ ခရစ်ယန်ဖြစ်ကြောင်း သိလိုက် သည်မှာ တစ်စုံတစ်ယောက်ကို မိမိဘာသာသို့ ကူးပြောင်းလာအောင် ကြိုးစားတိုင်း ၎င်းတို့တွင် တွေ့ရမြဲဖြစ်သော အတုအယောင် အပြုံးမျိုးကို တွေ့ရသောကြောင့်ဖြစ်သည်။

ဤသည်မှာ တစ်လအတွင်း ၎င်းတို့ ကျွန်ုပ်၏တံခါးကို လာခေါက်ပြီး နှောင့်ယှက်သည်မှာ တတိယ အကြိမ်ဖြစ်၍ ၎င်းတို့ကို သင်္ခန်းစာပေးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းတို့က 'မင်္ဂလာပါ'ဆိုသဖြင့် ကျွန်ုပ် လည်း 'မင်္ဂလာပါ'ဟု နှုတ်ဆက်၏။

'ယေရှုခရစ်တော် အကြောင်း သိပါသလား ခင်ဗျာ'ဟု ကျွန်ုပ်အား မေးသည်။ 'ယေရှုအကြောင်း အတော် အ သင့် သိပါတယ်၊ ဒါပေမဲ့ ကျွန်ုပ်က အခြား ဘာသာဝင် ဖြစ်လို့ ပိုသိဖို့ စိတ်မဝင်စားပါဘူး'ဟု ကျွန်ုပ်က ပြန်ပြော လိုက်သည်။ သို့ရာတွင် အခြားအားလုံးသော ဧဝံဂျေလိ များကဲ့သို့ပင် ၎င်းတို့လည်း ကျွန်ုပ်၏ဆန္ဒကို ဂရုမစိုက် ဘဲ ၎င်းတို့၏ ယုံကြည်မှု အကြောင်းကို ဆက်၍ ပြော ကြသည်။

သို့ဖြင့် ကျွန်ုပ်က 'ခင်ဗျားမှာ ယေရှုခရစ်အကြောင်း ပြော ပြနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ကျွန်ုပ် မထင် ဘူး'ဟု ပြောသည်။ အလွန် အံ့သြသွားကြပြီး 'ဘာဖြစ်လို့လဲ'ဟု ပြန်မေးသည်။
'ဘာဖြစ်လို့ ဆိုရင် ခင်ဗျားတို့မှာ ယုံကြည်ချက် မရှိလို့ဘဲ'။
'ယေရှုအပေါ် ကျွန်ုပ်တို့ရဲ့ ယုံကြည်ချက်က ကျောက်တောင်လို ခိုင်မြဲပါတယ်'။
ကျွန်ုပ်က ပြုံးပြီး 'ကျွန်ုပ်တော့ မထင်ဘူးဗျ'ဟု ပြန်ပြောသည်။

'ခင်ဗျားတို့ ဘိုင်ဘယ်လ်ကို ဖွင့်လိုက်၊ ပြီး ရှင်မာကု ခရစ်ဝင် ၁၆း၁၆-၁၇-၁၈ ကို ဖတ်ဗျာ'ဟု ပြောလျက် ၎င်းတို့ ဘိုင်ဘယ်လ်ကို လှန်လှောနေစဉ် ကျွန်ုပ် အခန်းထဲကို ခပ်သုတ်သုတ်ဝင်သွားပြီး ပြန်ထွက်ခဲ့ သည်။ တစ်ဦးက စာပိုဒ်ကို တွေ့သဖြင့် ကျွန်ုပ်က ခပ်ကျယ် ကျယ်ဖတ်ခိုင်းသည် ..

'ယုံကြည်၍ ဗတ္တိဇံကို ခံယူသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတ္တံ့၊ မယုံကြည်သော သူမူကား အပြစ်စီရင်ခြင်းကို ခံရလတ္တံ့၊ ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာ ဟူမူကား ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတ္တံ့၊ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြော ကြလတ္တံ့၊ မြွေတို့ကို ဘမ်းကိုင်ကြလတ္တံ့၊ သေစေတတ်သော အဆိပ်အတောက်ကို သောက်စား လျှင် ဘေးဥပါဒ်နှင့် ကင်းလွတ်ကြလတ္တံ့၊ မကျန်းမာသော သူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာ ပေးကြလတ္တံ့'။

၎င်းတို့ ဖတ်ပြီးသောအခါ ကျွန်ုပ်က 'ဒီစာပိုဒ်တွေမှာ ယေရှုက အကယ်၍ သင့်မှာ စစ်မှန်တဲ့ ယုံကြည် ချက်ရှိရင် အဆိပ်ကို သောက်နိုင်စွမ်းရှိတယ်၊ မသေဘူး'လို့ ဆိုထားတယ်'ဟု ပြောသည်။ ကျွန်ုပ်သည် ကျောဘက်မှ လန်ကမ်းပုလင်းကို မြှောက်ပြီး 'ဒီမှာအဆိပ်ရည် ရှိတယ်၊ ခင်ဗျားရဲ့ယုံကြည်မှု ခွန်အားကို သရုပ်ပြပါ၊ အဲဒီနောက် ခင်ဗျားပြောတဲ့ ယေရှုအကြောင်းကို ကျွန်ုပ် နားထောင်မယ်'ဟု ကျွန်ုပ် ပြော လိုက်သည်။

စာရှုသူအား ၎င်းတို့၏ မျက်နှာကို ပြလိုက်ချင်စမ်းပါဘိ။ ဘာကို ပြောရမည်မှန်း မသိတော့ချေ။ 'ဘာဖြစ်လို့လဲ၊ ခင်ဗျားရဲ့ ယုံကြည်မှု မပြည့်စုံသေးလို့လား'ဟု ကျွန်ုပ် မေးသည်။ သူတို့ အတန်ကြာ ဆိုင်းငံ့နေကြပြီး တစ်ယောက်က 'ဘိုင်ဘယ်ထဲမှာ ဘုရားသခင်ကို မစမ်းသပ်ရဘူးလို့ ပြောထားပါ တယ်' ဟုဆို၏။ 'ကျွန်ုပ် ဘုရားသခင်ကို စမ်းသပ်နေတာ မဟုတ်ဘူး၊ ခင်ဗျားကို စမ်းသပ်နေတာ၊ ခင်ဗျားက ယေရှုအတွက် သက်သေပြချင်နေတာ၊ ယခုခင်ဗျားရဲ့ မဟာအခွင့်အရေးပဲ'။ နောက်ဆုံးတွင် တစ်ယောက်က 'ကျွန်ုပ်တို့ ပါစတာဆီ သွားပြီး ဒီကိစ္စကို ပြောပြပါဦးမယ်၊ ဒီနောက် ခင်ဗျားကို လာတွေ့ပါဦးမယ်'ဟု ဆိုသည်။ 'ကံကောင်းမယ် မထင်ပါဘူး'ဟု ၎င်းတို့ သုတ်ချေတင်နေစဉ် ကျွန်ုပ် က ပြောလိုက်မိသည်။ တကယ်ပင် ၎င်းတို့ နောက် တစ်ကြိမ် ပြန်မလာတော့ပါ။

အနည်းငယ် အကြံပြုပါရစေ။ ဖော်ပြပါ ဘိုင်ဘယ်လ် စာပိုဒ်ကို ကူးပြီး လန်းကမ်း (အမွှေးရည်) တစ် ပုလင်း အဆင်သင့် ဆောင်ထားပါ။ ဧဝံဂေလိတို့ သင့်အိမ်တံခါးသို့ ရောက်လာတိုင်း ဖော်ပြပါအတိုင်း စမ်းသပ်ပါ။ သို့မဟုတ် မြွေပွေး(အရုပ်) ကို ဆောင်ထားလျှင်လည်း ရပါသည်။

Read More...

၅၁။ မိန်းမကို ယောက်ျားအတွက် ဖန်ဆင်းခဲ့၏
ထာဝရဘုရား သည် မိန်းမများကို ယောက်ျားများအတွက် ဖန်ဆင်းခဲ့သည်။
1 Cor 11:3: But I would have you know, that the head of every man is Christ; and the head of the woman is the man; and the head of Christ is God. 7: For a man indeed ought not to cover his head, forasmuch as he is the image and glory of God: but the woman is the glory of the man. 8: For the man is not of the woman; but the woman of the man. 9: Neither was the man created for the woman; but the woman for the man.

၁ ကော ၁၁း၃။ ယောက်ျား၏ ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကို လည်းကောင်း၊ ခရစ်တော်၏ ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကို လည်းကောင်း သင်တို့ သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။ ၇။ ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဌာန်၊ ဘုန်းအသရေတော် ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ။ မိန်းမမူကား ယောက်ျား၏ ဘုန်းအသရေ ဖြစ်၏။ ၈။ ယောက်ျားသည် မိန်းမကြောင့် ဖြစ်သည်မဟုတ်၊ မိန်းမသည် ယောက်ျားကြောင့် ဖြစ်၏။ ၉။ ယောက်ျားကို မိန်းမဖို့ ဖန်ဆင်းသည် မဟုတ်၊ မိန်းမကို ယောက်ျားဖို့ ဖန်ဆင်း၏။

မိန်းမများသည် ယောက်ျားများ၏ ဘုပ်ချုပ်မှုကို ခံယူရမည်။
1 Cor 14:34: Let your women keep silence in the churches: for it is not permitted unto them to speak; but they are commanded to be under obedience, as also saith the law. 35: And if they will learn any thing, let them ask their husbands at home: for it is a shame for women to speak in the church.
၁ ကော ၁၄း၃၄-၃၅။ သင်တို့၏ မိန်းမတို့သည် အသင်းတော်၌ တိတ်ဆိတ်စွာ နေကြစေ။ သူတို့သည် ဟောပြောရသောအခွင့် မရှိကြ။ ပညတ်တရား စီရင်သည်အတိုင်း သူတို့သည် ယောက်ျား၏ အုပ်စိုး ခြင်းကို ဝန်ခံကြရမည်။ ၃၅။ မိန်းမတို့သည် တစ်စုံတစ်ခုကို သင်လိုလျှင် အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမသည် အသင်းတော်၌ ဟောပြောလျှင် ရှက်ဖွယ်သော အကြောင်းဖြစ်၏။

မိန်းမသည် ယောက်ျားကို မလွှမ်းမိုးရ၊ ယောကျာ်း၏ အမိန့်ကိုသာ နာခံရမည်။
1 Tim 2:11-15: Let the woman learn in silence with all subjection. 12: But I suffer not a woman to teach, nor to usurp authority over the man, but to be in silence. 13: For Adam was first formed, then Eve. 14: And Adam was not deceived, but the woman being deceived wasinthe transgression.
၁ တိမော ၂း၁၁-၁၅။ မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာ သင်စေ။ ၁၂။ မိန်းမသည် ဆုံးမသြဝါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်းအခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာ နေ အပ်၏။ ၁၃။ အကြောင်းမူကား အာဒံကို ရှေးဦးစွာ ဖန်ဆင်းတော်မူ၍ နောက်မှ ဧဝကိုဖန်ဆင်းတော် မူ၏။ ၁၄။ ထိုမှတပါး အာဒံသည် လှည့်ဖြားခြင်းကို မခံ။ မိန်းမသည် လှည့်ဖြားခြင်းကို ခံ၍ လွန်ကျူး၏။

ဇနီးမယားများသည် လင်ယောက်ျား၏ အုပ်ချုပ်ခြင်းကို ခံယူရမည်။
Eph 5:22-24: Wives, submit yourselves unto your own husbands, as unto the Lord. 23: For the husband is the head of the wife, even as Christ is the head of the church: and he is the saviour of the body. 24: Therefore as the church is subject unto Christ, so let the wives be to their own husbands in every thing.
ဧဖက် ၅း၂၂။ အချင်းမိန်းမတို့၊ သခင်ဘုရား၏ အုပ်စိုးတော်မူခြင်းကို ဝန်ခံသကဲ့သို့ ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို ဝန်ခံကြလော့။ ၂၃။ အကြောင်းမူကား ခရစ်တော်သည် အသင်းတော်၏ အပေါ်မှာ ခေါင်းဖြစ်တော်မူသကဲ့သို့ ယောက်ျားသည် မိမိ ခင်ပွန်း၏အပေါ်မှာ ခေါင်းဖြစ်၏။ ခရစ်တော်သည် လည်း မိမိကိုယ်ကို ကယ်တင်သောသူ ဖြစ်တော်မူ၏။ ၂၄။ အသင်းတော်သည် ခရစ်တော်၏ အုပ်စိုး တော်မူခြင်းကို ဝန်ခံသကဲ့သို့ မိန်းမတို့လည်း ကိုယ့်ခင်ပွန်း၏ အုပ်စိုးခြင်းကို အရာရာ၌ ဝန်ခံရကြမည်။

ခရစ်ယန်ဝါဒီ အမျိုးသမီးအပေါင်းတို့၊ သင်တို့ ကိုးကွယ်သော ထာဝရဘုရားသည် သင်တို့အား တန်းတူ အခွင့်အရေး ပေးခဲ့သည်ဟု ယူဆနေလျှင် သင်တို့သည် ဒီတစ်သက် ဘယ်တော့မှ ယေက်ျားတို့၏ အနိုင်ကျင့်ခံရမှုမှ လွတ်မြောက်နိုင်မည် မဟုတ်။ သင်တို့၏ ဘုရားသခင် အကြောင်းကို သိအောင် ကြိုးစားကြလော့။ ဘုရားသခင်ကိုယ်၌က အထီးအမ မကွဲပြားသော်လည်း ၎င်း (ဘုရားသခင်)ကို ဖန်ဆင်းသူမှာ အတ္တလွန် ကျားသတ္တဝါ တစ်ယောက်သာ ဖြစ်သည်။

Read More...

၅ဝ။ အပျိုမစစ်လျှင် သေဒဏ်

ထာဝရဘုရားသည် အပျိုမစစ်သော မိန်းမငယ်ကို သတ်ပစ်သည်။
Deuteronomy 22:13: If any man take a wife, and go in unto her, and hate her, 14: And give occasions of speech against her, and bring up an evil name upon her, and say, I took this woman, and when I came to her, I found her not a maid:
တရား၂၂း၁၃။ လူသည် မယားနှင့် ထိမ်းမြားဆက်ဆံပြီးမှ တစ်ဖန် ထိုမိန်းမကို မုန်း၍ ၁၄။ ငါသည် ဤမိန်းမနှင့် ထိမ်းမြားဆက်ဆံသောအခါ ကညာမစစ်ကြောင်းကို သိရပြီဟု ထိုမိန်းမ၌ ကဲ့ရဲ့စရာ အ ကြောင်းကိုပြု၍ သူ့အသရေကို ဖျက်လျှင်၊

Deuteronomy 22:15: Then shall the father of the damsel, and her mother, take and bring forth the tokens of the damsel's virginity unto the elders of the city in the gate: 16: And the damsel's father shall say unto the elders, I gave my daughter unto this man to wife, and he hateth her;
တရား၂၂း၁၅။ ထိုမိန်းမ၏ မိဘတို့သည် ကညာ၏လက္ခဏာ သက်သေကို ဆောင်လျက် မြို့၌ အသက် ကြီးသူတို့ရှိရာ မြို့တံခါးဝသို့သွား၍ ၁၆။ ထိုမိန်းမ၏ အဘက အကျွန်ုပ်သမီးကို ဤလူ၌ အကျွန်ုပ် ပေးစားပါပြီ။ သူသည် အကျွန်ုပ်သမီးကိုမုန်း၍၊

Deuteronomy 22:17: And, lo, he hath given occasions of speech against her, saying, I found not thy daughter a maid; and yet these are the tokens of my daughter's virginity. And they shall spread the cloth before the elders of the city.
တရား ၂၂း၁၇။ သင်၏သမီးသည် ကညာမစစ်ကြောင်းကို ငါ တွေ့ပြီဟုဆိုလျက် ကဲ့ရဲ့စရာ အ ကြောင်းကို ပြုပါ၏။ သို့ရာတွင် ဤသည်ကား ကျွန်ုပ်သမီး၏ ကညာလက္ခဏာ သက်သေဖြစ်ပါ၏ဟု အသက်ကြီးသူတို့အား လျှောက်ဆိုလျက် ထို အဝတ်ကို သူတို့ရှေ့မှာ လှန်၍ ပြရမည်။

Deuteronomy 22:18: And the elders of that city shall take that man and chastise him; 19: And they shall amerce him in an hundred shekels of silver, and give them unto the father of the damsel, because he hath brought up an evil name upon a virgin of Israel: and she shall be his wife; he may not put her away all his days.
တရား ၂၂း၁၈။ ထိုအခါ မြို့၌ အသက်ကြီးသူတို့သည် ထိုလူကိုယူ၍ ရိုက်ပြီးမှ ၁၉။ ငွေတစ်ပိဿာကို လျော်စေ၍ မိန်းမ၏ အဘအား ပေးရမည်။ အကြောင်းမူကား ဣသရေလ အမျိုးကညာ၏ အသရေကို ထိုသူ ဖျက်လေပြီ။ ထိုမိန်းမသည် သူ၏မယား ဖြစ်ရမည်။ တစ်သက်လုံး ထိုမိန်းမနှင့် မကွာရ။

Deuteronomy 22:20: But if this thing be true, and the tokens of virginity be not found for the damsel: 21: Then they shall bring out the damsel to the door of her father's house, and the men of her city shall stone her with stones that she die: because she hath wrought folly in Israel, to play the whore in her father's house: so shalt thou put evil away from among you.
တရား ၂၂း၂ဝ။ သို့မဟုတ် လင်စကားမှန်၍ ထိုမိန်းမ၌ ကညာလက္ခဏာ သက်သေမရှိလျှင် ၂၁။ မြို့ သား ယောက်ျားတို့သည် ထိုမိန်းမကို အဘအိမ်တံခါးသို့ ဆောင်ခဲ့ပြီးလျှင် ကျောက်ခဲနှင့်ပစ်၍ အသေ သတ်ရကြမည်။ အကြောင်းမူကား သူသည် အဘအိမ်၌ မတရားသော မေထုန်သို့လိုက်၍ ဣသရေလ အမျိုး၌ မိုက်မဲသောအမှုကို ပြုလေပြီ။ ထိုသို့ သင်တို့တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားရကြမည်။

အမျိုးသားများကို လူပျိုမစစ်လျှင် မည်သို့ စီရင်မည်ကို မဖော်ပြခြင်းမှာ အဘယ်ကြောင့်နည်း။ ဘုရား သခင်သည် လူတိုင်းကို အခွင့်အရေး တူညီစွာ ပေးသင့်သည် မဟုတ်တုံလော။ အပျိုမစစ်ရုံနှင့် သေဒဏ် ပေးခြင်းမှာ ပြစ်မှုနှင့် ပြစ်ဒဏ်တော် တန်ပါ၏လော။ ယနေ့ထိ ထာဝရဘုရားကို အထီးမှန် အမမှန်း မသိရ။ ထို့ကြောင့် အပျိုမစစ်၍သာ အပြစ်ပေးစတမ်း ဆိုလျှင် ထာဝရဘုရားကိုသာ ရှေးဦးစွာ သေဒဏ် ပေးရမလို ဖြစ်နေသေးတော့သည်။

---------------

Read More...

၄၉။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၁၄)

ဘုရား မဟုတ်ဘူး

ယေရှု။ ။ ဟုတ်ကဲ့၊ တူတာပေါ့။

ဆိုကရေတီး။ ။ ပြီးတာ့ လူသားအားလုံး အပြစ်ရှိသူတွေဖြစ်ပြီး ဘုရားသခင်ရဲ့ ဂုဏ်ရည်အောက်မှာ ကျရောက်တယ်လို့ ခင်ဗျား ပြောခဲ့ပါသလား။

ယေရှု။ ။ ပြောခဲ့ပါတယ်။

ဆိုကရေတီး။ ။ ယုံကြည်မှုရှိတဲ့ ခရစ်ယန်တွေ ဂျူးတွေအားလုံးက သူတို့ အပြစ်ရှိရင် ငရဲကို သွားရမယ်လို့ ယုံကြည်ကြတယ်။ ကျွန်ုပ်ကို ဒီဥပမာလေးတစ်ခု တင်ပြခွင့်ပြုပါ။ ခရစ်ယန်တိုင်းဟာ ချောက်ကမ်းပါး ထိပ်မှာ ရပ်နေသူနဲ့ တူပါတယ်။ အကယ်လို့ သူဟာ အပြစ်ကို ကျူးလွန်ရင် ထာဝရ ညှဉ်းဆဲခံရမှာကို သိတယ်။ ငရဲဟာ လူ့လောကမှာရှိတဲ့ ကြမ္မာဆိုးတွေထက် ပိုဆိုးတယ်လို့ ခင်ဗျား ပြောခဲ့တယ်နော်။ လူ့လောကမှာရှိတဲ့ ကြမ္မာဆိုးတွေ ဘယ်လောက် ပြင်းထန်စေ ယုံကြည်တဲ့ ခရစ်ယန် တစ်ယောက်ဟာ အပြစ်ကို ကျုးလွန်မှာ မဟုတ်ဘူး။ ဆိုလိုတာက ထာဝရ ဒုက္ခဆင်းရဲအတွက် ချောက်ထဲ ခုန်ချမှာပေါ့။ ယုံကြည်တဲ့ ခရစ်ယန်တွေ ဂျူးတွေ အပါအဝင် လူအားလုံးဟာ အပြစ်ရှိ သူတွေလို့ ခင်ဗျား ပြောခဲ့တယ်လေ။ ဒီတော့ ရှေးဦးအစကတည်းက ခရစ်ယန်ဖြစ်စေ ဂျူးဖြစ်စေ သူဟာ ငရဲကို သွားရမယ်ဆိုတာကို ဘယ်သူမှ အမှန်တကယ် မယုံကြည်ခဲ့ဘူး။ ဘာကြောင့်ဆို သူတကယ် ယုံကြည်ခဲ့ရင် သူဟာ အပြစ်ရှိမှာ မဟုတ်ဘူး။ ငရဲနှင့်ံထာဝရ ညှဉ်းပန်းမှုတွေက အောက်မှာ သူ့ကို စောင့်နေတယ်ဆိုတာကို သူယုံကြည်ခဲ့ရင် သူဟာ ချောက်ထဲ ခုန်ချခဲ့မှာ မဟုတ်ဘူး။ လူအားလုံး ချောက်ထဲကို ခုန်ချတယ်၊ ဒါကြောင့် လူအားလုံး အပြစ်ရှိတယ်။ ဒါကြောင့်မို့လို့ ရာစုနှစ်တွေ တစ် လျှောက်လုံးမှာ ဘယ်သူမှ ခင်ဗျားကို တကယ် မယုံကြည်ခဲ့ကြပါဘူး။ ဒီတော့ ခုနက ကျွန်ုပ်ရဲ့ နှလုံးသားထဲ ဝင်ရောက်သည်ထက် ပိုပြီး သူတို့ နှလုံးသားထဲမှာလည်း ဘုရားသခင် မရှိပါဘူး။ ဒါကြောင့် ဘုရားသခင်မှာ ၎င်းတို့ကို ခရစ်ယန်လို ပြုမူရန် သို့မဟုတ် ၎င်းကို ယုံကြည်ရန် မျှော်လင့်ချက် မရှိပါဘူး။ ဒါကြောင့် လူတွေကို ပြစ်ဒဏ်ပေးဖို့ သို့မဟုတ် ငရဲကို ပို့ဖို့ အခွင့်အရေး မရှိဘူး။ ဒါကြောင့် ဘုရားသခင်ဟာ မမျှတဘူး။ ဒါကြောင့် ခင်ဗျားရဲ့ ဘုရားက ဘုရား မဟုတ်ဘူး။

ယေရှု။ ။ ခင်ဗျားရဲ့ ပတ်ဝန်းကျင်ကို ကြည်စမ်းပါ။ ဘုရားသခင် ရှိတယ်ဆိုတာကို သက်သေ မပြ ဘူးလား။ ခင်ဗျားကို ကျန်းမာ လန်းဆန်းစေပြီး နွေးထွေးမှု အတွက် နေ၊ အစားအစာအတွက် တော တောင်တွေကို ပေးတဲ့ လှပရက်ရောတဲ့ သဘာဝကို ကြည့်စမ်း။ ခင်ဗျားအတွက် သူ လုပ်ပေးထား တာအတွက် ခင်ဗျား သူ့ကို မကိုးကွယ်ထိုက်ဘူးလား။

ဆိုကရေတီး။ ။ သဘာဝတရားဟာ အားလုံးကောင်းတယ် ရက်ရောတယ်ဆိုတာကို ကျွန်ုပ် သိတာပေါ့။ ဒါပေမယ့် ကျွန်ုပ်ရဲ့ အိမ်ပြတင်းပေါက်ကို ကျောက်တုံးနဲ့ခွဲပြီး အရုပ်ဆိုအောင် လုပ်တာကကော။ ဘယ်သူလဲ။

ယေရှု။ ။ အကောင်းကို လက်မခံတဲ့ ယုတ်မာသူ ရှိလို့ပဲ။ အဲဒါအတွက် ခင်ဗျား ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ။ အဲဒါတွေကို နှိမ်နင်းဖို့ ဘုရားသခင် ရှိကို ရှိရမယ်။ ဘာကြောင့်ဆို အကယ်လို့ ဘုရားသခင်က ကမ္ဘာလောကကို မဖန်ဆင်းခဲ့ရင် ကမ္ဘာလောက ဘယ်က ရောက်လာတာတုန်း။

------------------------

တွေ့ဆုံးခြင်း အမှတ် (၁၅) မှာ ကမ္ဘာလောကကို ဘယ်သူ ဖန်ဆင်းတယ်ဆိုတာကို ဆွေးနွေးကြ ပါတယ် ...

Read More...

၄၈။ ဘုရားသခင်နှင့် တွေ့လိုသူများ၏ ကြမ္မာဆိုး

မာရှယ် ဟာ့ဖ် အက်ပဲလ်ဝှိုက် (Marshall Herff Apple-white) သည် ၁၉၃၁ တွင် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်စ်ပြည်နယ်၊ ဆပါးရ် (Spur) မြို့၌ မွေးဖွား၏။ ၁၉၅၂ ခုနှစ်တွင် အော်စတင်ကောလိပ်မှ ဘီအေဘွဲ့ရပြီး ဗာဂျီးနီယားပြည်နယ်၊ ရစ်ခ်ျမွန်(မြို့) Union Theolo- gical Seminary ၌ အတန်ကြာ စာပေသင်ကြားခဲ့၏။ ယင်းနောက် မြောက်ကာရိုလိုင်းနား ပြည်နယ် First Presbyterian ဘုရားကျောင်း၌ ဂီတညွှန်ကြားရေးမှူးအဖြစ် လုပ်ကိုင်ပြီး တက္ကဆပ်စ်၊ ဟျူစတန်(မြို့)သို့ ပြန်လာလျက် အနုပညာတင်ဆက်မှုများဖြင့် အသက်မွေးခဲ့ပြီး စိန့်သောမတ်စ်တက္ကသိုလ်၌ ဂီတ ပါမောက္ခ ဖြစ်ခဲ့သည်။ ၁၉၇ဝ တွင် လူငယ်ကျောင်းသား တစ်ယောက်နှင့် လိင်တူ ဆက်ဆံမှု အရှုပ် အထွေးကြောင့် တက္ကသိုလ်မှ ထုတ်ခံရမှုအပေါ် ဝှိုက်သည် ခါးသီးစွာခံစားရ၏။ ဝှိုက်သည် လိင်တူ လိင်မတူ ဆက်ဆံမှုနှစ်မျိုးဖြင့် ရောင့်ရဲမှုမရှိဟု ဆိုသည်။

၁၉၇၂ - တွင် စိတ်ရောဂါဆေးရုံသို့ တက်ရောက်၍ မိမိကိုယ် ကို စမ်းသပ်ခံ၏။ ထိုဆေးရုံ၌ ဗွန်နီ လု နက်တဲလ်စ် (Bonnie Lu Nettles 1927-1985) ခေါ် သူနာပြု အမျိုးသမီးနှင့်တွေ့၏။ နက်တဲလ်စ် သည် ရုပ်လွန်ပညာ လေ့လာမှုကို စိတ်ဝင်စားကြောင်းထက်ပို၍ သူမ၏ မွေးဖွားရာအရပ်နှင့် နောက်ခံ သမိုင်းကိုများ စွာမသိရချေ။ သူမသည် ဒေသဆိုင်ရာ ရုပ်လွန်ပညာအဖွဲ့၏ အဖွဲ့ ဝင်ဖြစ်ပြီး ဝှိုက်အား ရုပ်လွန်ပညာကို လေ့လာစေရန် ဆက်သွယ်ပေးခဲ့၏။ ယင်းသည် ဝှိုက်၏ တွေဝေမှု စိတ်ဝေဒနာကို ပိုမိုမြှင့်တင်ပေးခဲ့၏။ ဝှိုက်၏ လိင်ကိစ္စ အခြေအနေအပေါ်လက်ခံသဖြင့် ဝှိုက် အဖို့ နက်တဲလစ်အပေါ် ယုံကြည်ခဲ့သည်။

ဝှိုက်နှင့် နက်တဲလ်စ်တို့ နှစ်ယောက် တွဲမိသွားပြီး အဖွဲ့ဝင်များ တိုးလာ အောင် စည်းရုံးနိုင်ကြသဖြင့် နောင်အခါ အုပ်စုတစ်ခု ဖြစ်လာ၏။ ၁၉၇၃ တွင် ဟျူစတန်မှ သြရီဂန်သို့ ပြောင်းရွှေ့သွားကြ၏။ ယင်းနောက် လော့စ်အိန်ဂျယ် လိစ်၌ ရုပ်လွန် ပညာအကြောင်း ဆွေးနွေးပွဲတစ်ခုတွင် အဖွဲ့ဝင် ၂၄ ယောက် စည်ရုံးနိုင်ခဲ့၏။ ယင်းနောက် လူ ၁ဝဝဝ ခန့်ထိ အဖွဲ့ဝင်အဖြစ် စည်းရုံးနိုင်ခဲ့သော်လည်း အဖွဲ့ဝင်အချင်းချင်း ဆက်သွယ်မှု အားမကောင်းဘဲ ပြတ်လပ်နေခဲ့သည်။

ပထမတွင် ယင်းအုပ်စု၏ အမည်ကို “နှစ်ယောက် (The Two)” (ဝှိုက်နှင့် နက်တဲလ်စ်ကို ရည် ရွယ်သည်)၊ ထို့နောက် 'တဲနှင့်ဒို (Te and Do) (တဲမှာ နက်တဲ လ်စ်၊ ဒိုမှာ ဝှိုက်) ဖြစ်သည်။ သတင်း ထောက်များက ဤအုပ်စု၏ အဓိက ဟောပြောချက်ကို ဖော်ပြလျက် 'လူသားပုဂ္ဂလိက အသွင် ပြောင်းလဲခြင်း' (Human Individual Metam-orphosis, HIM) ဟု ရည်ညွှန်း ခေါ်ဝေါ်ကြသည်။

နက်တဲလ်စ်သည် ၁၉၈၅ ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ပြီး ဝှိုက်ကို ခွဲခွာသွားခဲ့သည်။ ထိုအချိန်မှစ၍ ဝှိုက်သည် ပိုမိုအထည်း ကျန်မှုကို ခံစားခဲ့ရသည်။ ယင်းနောက် ၁၉၉၄ ခုနှစ် ၎င်းတို့ အုပ်စု သတင်းစာကြော်ငြာ တစ်ခု၌ ၎င်းတို့၏အမည်ကို 'အမည်မသိ လုံးဝ လွတ်မြောက်သူများ' (Total Overcomers Anonymous) ဟု ကင် ပွန်း တပ်ခဲ့သည်။ ၎င်းတို့ အုပ်စုသည် ပြည်နယ် အတော်များများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြပြီး ၁၉၉၆ တွင် ဆန်ဒေယေဂိုမြို့ (ကာလီဖိုးနီး ယား)သို့ ပြောင်းရွှေ့ခဲ့ကြသည်။

'ကောင်းကင်ဘုံတံခါး (Heaven's Gate)ဟူသော အမည်မှာ ယင်း အဖွဲ့ ကျဆုံးခါနီး အသုံးပြုခဲ့သော ၎င်းတို့၏ အင်တာနက်ဝက်ဘ်ဆိုက် အမည်ဖြစ်သည်။

ဝှိုက်အနေဖြင့် ၎င်း၏စိတ်ရောဂါ လုံးဝ ပျောက်ကင်းသည်အထိ ကုသရန် မဆုံးဖြတ်ခဲ့ခြင်းကြောင့် ပိုမိုဆိုးရွားသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့ခြင်း ဖြစ်၏။ ၎င်း၏ စိတ်ရောဂါ ကုသမှုကို ဆက်မလုပ်ဘဲ အတန်ကြာနေပြီးနောက် လိင်ကိစ္စ စိတ်မကျေနပ်မှုကို ဖြေရှင်းရန် ကြိုးပမ်းမှုအနေဖြင့် မိမိ ကိုယ်ကိုမိမိ ဝှေးသင်းခဲ့၏။ ဝှိုက်သည် 'လိင်တူဆက်ဆံလိုသော လှုံ့ဆော်မှု'နှင့် ပတ်သက်၍ မိမိ ကိုယ်ကိုမိမိ ကုသရေးနည်းလမ်း ရှာဖွေခဲ့ပုံရသည်။

ဝှိုက်သည် အဖွဲ့ဝင်များအား အရာအားလုံးနီးပါးမျှကို စွန့်လွှတ်စေ၏။ မိသားစု၊ မိတ်ဆွေနှင့် လိင် ဆက်ဆံမှုတို့ကို စွန့်လွှတ်ရပြီး တပည့်ယောက်ျား ငါးယောက်မှာ ၎င်းတို့၏ ခေါင်းဆောင်ကဲ့သို့ ဝှေး စေ့များကို ခွဲစိတ်သင်းကွပ်ခဲ့သည်။ ၎င်းတို့သည် မိမိတို့၏ လောကီပိုင်ဆိုင်မှု အားလုံးကို အလျှော့ ပေး သို့မဟုတ် စွန့်လွှတ်ခဲ့ကြ၏။ ၎င်း'အဖွဲ့ဝင်များ'အား 'လူစီဖီယန်များ' (ကက်သလစ်ဘာသာကို ဆန့် ကျင်သူများ)နှင့် ၎င်းတို့၏ သြဇာလွှမ်းမိုးသူများကို အောင်မြင်ကျော်လွှားရမည်ဖြစ်ပြီး ဘာသာရေး တိုက်ပွဲဝင်ရမည်ဟု ပြောကြား၏။ ယင်းဟောပြောချက်သည် ယင်းအုပ်စုအပြင်ဘက်ရှိ မည်သူမဆို မည်သည့်အရာမဆိုအား မကောင်းမြင် သဘောထား အမှတ်တံဆိပ် ဖြစ်လာခဲ့သည်။

ဝှိုက်က ၎င်း၏နောက်လိုက်များအား မိမိသည် 'လူသားတို့ အထက်တွင်ရှိသော ဆင့်ကဲပြောင်းလဲမှု နိုင်ငံတော်အဆင့်'မှ တမန်တစ်ယောက်ဖြစ်ကြောင်း သင်ကြား၏။ ၎င်းအရ ယင်းအဆင့်မြင့် နိုင်ငံ တော်သည် အခါအားလျော်စွာ တမန်တော်များ စေလွှတ်လေ့ရှိပြီး ယခင်က ယင်းသို့ရောက်လာသူ တစ် ယောက်မှာ ယေရှုခရစ်တော် ဖြစ်ကြောင်းဆို၏။ ဝှိုက်သည် ယခင်က ယေရှုခရစ်တော် ဖြစ်ခဲ့ပြီး ယခု 'တစ်ဖန် ရင့်ကျက်သည့် အရွယ်ရောက်သူအဖြစ် ပြန်လည်ဝင်စားပြီး ဘုရားသခင်၏ ရွေး ကောက်ခြင်း ခံခဲ့ရလျက် ခရစ်တော်၏အယူဝါဒ ပြန့်ပွားရေး လုပ်ငန်းကို ပြင်ဆင်ခဲ့ကြောင်း' ဆို၏။ ၎င်း၏ တပည့်များအား မိမိနှင့်အတူ လေ့လာလျှင် မိမိအနေဖြင့် ၎င်းတို့၏ ပိုမြင့်သည့် ဘဝအဆင့် အတွက် ပေါင်းကူးတံတား ဖြစ်လာမည်ဟုဆို၏။ ၎င်းတို့အနေဖြင့် မိမိ(ဝှိုက်)မှတစ်ဆင့်သာလျှင် နောက် ဆုံးတွင် ဆင့်ကဲပြောင်းလဲသွားပြီး ယင်းလမ်းခရီးဟု ယူဆရသည် အတွက် ယာဉ်များ(သဖွယ်)သာလျှင် ဖြစ်သော လူသားအခွံကို ခွာချွတ်နိုင်မည် ဖြစ်သည်။

ဝှိုက်အနေဖြင့် မိမိမိတပည့်များ၏ ပုဂ္ဂိုလ်ရေးကို ဆွဲနုတ်ပြီး မိမိသင်ကြား ချက်များကို စိတ်ထဲက လက်ခံလာနိုင်အောင် စီမံနိုင်သည်မှာ တင်းကြပ်သည့် စည်းမျဉ်းများကြောင့်ဖြစ်၏။ တပည့်များအား မနှောင့်ယှက်သော်လည်း အိပ်ခွင့် မပေးချေ။ အိပ်မည့်အစား အိပ်နေရာမှ မကြာမကြာနိုးထ၍ ဘုရား သခင်ထံ အချိန်မှန်မှန်ဆုတောင်းရန် အစီအစဉ်ဆွဲထား၏။ 'ယာဉ်(ခန္ဓာကိုယ်)အတွက် လောင်စာ ဆီ'ကိုရည်ညွှန်းသည့် 'ဆေးညွှန်းများ(formulas)'ဟုခေါ်သော တစ်မျိုးတည်းသော အစားအစာကို တစ်ချိန်တည်းတွင် စားကြ၏။ ၎င်းတို့သည် ဆံပင်ပုံစံတူ ညှပ်ကြပြီး အဝတ်ပုစံတူ ဝတ်လျက် တစ်ခါတစ်ရံ လူအများနှင့် ဆက်သွယ်မှု ပြတ် တောက်ရန် ရည်ရွယ်လျက် လက်အိတ်များကို ဝတ်ဆင်ကြ၏။ အချက်ပေးသံများဖြင့် ဆက်သွယ်ကြ၏။ အချင်းချင်း ဆက်သွယ်မှုကို တစ်ခါတစ်ရံသာ 'ဟုတ်တယ်' 'မဟုတ်ဘူး' 'မသိပါ' စသည်ကိုသာ ပြောဆိုရန် ကန့်သတ်ထားသည်။

'ကောင်းကင်ဘုံတံခါး'အဖွဲ့ဝင်များသည် ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်နေကြပြီး ¤င်းတို့၏ မိသားစုဝင်များ သို့မဟုတ် မိတ်ဆွေဟောင်း များနှင့်ပါ များစွာ အဆက်ပြတ်နေခဲ့ကြ၏။ ¤င်း တို့တွင် အမည်သစ်များ ကိုယ်စီရှိကြလျက် ယင်းသည် မည်သူမည်ဝါဖြစ်ကြောင်း သိနိုင်ရန်နှင့် ပုဂ္ဂိုလ်ရေး နောက်ခံသမိုင်းကို ပို၍ ပြတ်တောက်စေ၏။ ဝှိုက်သည် ပြင်ပကသတင်းများကို ဖြတ် တောက်ထား ပြီး တပည့်များအား ရုပ်မြင်သံကြား ကြည့်ခွင့်နှင့် မိမိဘာသာရွေးချယ်၍ စာပေဖတ်ရှုခွင့်မပြုဘဲ ပိတ်ပင် ထားသည့် စာပေစာရင်းကိုလည်း ပေးထားသည်။

အဖွဲ့ဝင်တိုင်းကို အဖော်တစ်ယောက်စီသတ် မှတ်ပေးထားပြီး အစုံလိုက် ခရီးသွားရန် ညွှန်ကြား ထား၏။ အဖွဲ့ဝင်ဟောင်း တစ်ယောက်က ယင်းသို့ပြုခြင်းမှာ 'အဖွဲ့ဝင်သစ်များအား ယုံကြည်ချက်ကို စွဲမြဲစေရန်'နှင့် အုပ်စုလိုက်ကို ထိန်းချုပ်နိုင်ရန်တို့အတွက် အရေးပါသည့်အချက် ဖြစ်၏။ 'အကယ်၍ အဖွဲ့ဝင် တစ်ယောက်သည် ပြုလုပ်ရမည်ကို မပြုလုပ်ဘဲနေလိုခဲ့သော် အဖော်သည် ထိုနေရာတွင် ရှိသဖြင့် ၎င်းတို့အနေဖြင့် သွေဖည် ပျက်ကွက်လိမ့်မည် မဟုတ်ချေ။

ဝှိုက်အလိုအရ ဤကမ္ဘာသည် 'ဘုရားသခင်၏ နိုင်ငံတော်အစစ်ဆီသို့ သွားရောက်ရန် ခြေနင်း ကျောက်'သာဖြစ်၏။ ကမ္ဘာပေါ်၌ နေထိုင်သူများသည် ဆင့်ကဲပြောင်းလဲရန် ငြင်းဆိုကြသည့်အတွက် ဤကမ္ဘာသည် လွှင့်ပစ် သို့မဟုတ် ကော်ပစ်ခြင်းခံရတော့မည် ဖြစ်သည်။ ဝှိုက်၏ သင်ကြားမှုဖြင့် အတူ တကွ ပေါင်းစည်းသူများသာလျှင် ကြွင်းကျန်လိမ့်မည် ဖြစ်သည်။ ဝှိုက် သင်ကြားခဲ့သမျှ အား လုံးမှာ လူသားအဖြစ်ကို ငြင်းဆိုခြင်းဖြစ်၏။ မိမိ၏ လူသားအဖြစ်ကို ငြင်းဆိုခြင်းဖြင့် ဝှိုက်သည် ၎င်း၏ လိင်ပိုင်း စိတ်မချမ်းမြေ့ခြင်းနှင့် စိတ်ရောဂါကို နောက်ဆုံးတွင် လွန်မြောက်နိုင်မည်ဟု ယုံကြည် ခဲ့ပုံရ၏။ သို့တစေ ၎င်း၏အုပ်စုငယ်အတွင်း အရှိန်အဝါရရှိလာလေ ၎င်း၏စိတ်ဖောက်ပြန်မှု ပိုမိုကျယ်ပြန့် လာလေဖြစ်ပြီး နောက်ဆုံး၌ လူမဆန်သည့် ကြေကွဲဖွယ် ဖြစ်ရပ်ဆီသို့ ဦးတည်သွားခဲ့သည်။

ယင်းအဖွဲ့၏ မိမိကိုယ်ကို သတ်သေမှုမှာ ၎င်းတို့၏ ယုံကြည်ချက်ကြောင့် လုံးဝ ဖြစ်၏။ ဝှိုက်က ဘုရားသခင် စေခိုင်းလိုက်သူ အဖွဲ့ဝင်တစ် ယောက်(မိမိကို ရည်ရွယ်သည်)မှ တစ်ဆင့် ကိုယ်ခန္ဓာ ဆက်သခြင်းဖြင့်သာလျှင် အမှန်တရားကို ထိန်းသိမ်းထားနိုင်ကြောင်း ထပ်ခါထပ်ခါ ဟောပြာ၏။ သို့ဖြင့် ဝှိုက်မရှိပါက 'အသွင်ကူးပြောင်း အဆင့်'ကိုရရှိရန် မျှော်လင့်ချက်မရှိချေ။ ၎င်းကိုယ်တိုင် တပည့်များ နှင့်အတူ မိမိကိုယ်ကို သတ်သေရန် ရွေးချယ်ခဲ့သောအခါ ၎င်း၏တပည့်များက ၎င်းအား ကျေးဇူး တင်ခဲ့ကြ၏။ ယင်းသည် အမှန်တရားကို ထိန်းသိမ်းရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ပြီး 'ဘုရား သခင်၏သစ္စာနိုင်ငံတော်' သို့ဝင်ရန် မဖြစ်မနေ လိုအပ်သော နောက်ဆုံး ခြေလှမ်းဖြစ်သည်။

၎င်းးတို့သည် တင်းကျပ်သည့် စည်းမျဉ်းအားလုံးကို အဆုံးသို့ ရောက်သည်အထိ မဖြစ်မနေ လုပ် ဆောင်သွားခဲ့ကြ၏။ 'ကောင်းကင်ဘုံတံခါး' အဖွဲ့ဝင် အားလုံးသည် နောက်ဆုံး အစားအစာများကို အတိအကျ စီစဉ်ပြီး အသက်ရှင်ဆဲတွင် အလောင်းလွှမ်းပိတ်စဖြင့် မိမိကိုယ်ကိုမိမိ ဖုံးအုပ်လျက် ၎င်းတို့၏ဘဝ နိဂုံးကို အသေးစိတ် အစီအမံများဖြင့် အတိအကျ အဆုံးသတ်သွားခဲ့ကြသည်။

၁၉၉၇ ခုနှစ် မတ်လတွင် ဆန်ဒေယေဂိုမြို့ (ကာလီဖိုးနီးယား)၊ ရန်ချို ဆန် တာဖေး (Rancho Santa Fe)ရပ်၏ သီးခြားခြံဝင်းတစ်ခုရှိ အဆောက်အအုံ ကြီးအတွင်း၌ အမျိုးသမီး ၂၁ ယောက်၊ အမျိုးသား ၁၈ ယောက်၊ စုစုပေါင်း သုံးဆယ့်ကိုးယောက်၏ အလောင်းကို တွေ့ခဲ့ကြရ၏။ အသက်အရွယ်အားဖြင့် ၂၆ မှ ၇၂ နှစ်ထိတွေ့ရပြီး ယင်းတို့အားလုံးမှာ အမေရိကန် ပြည်ထောင်စုအတွင်း ပြည်နယ်အသီး သီးမှ လာရောက်ခဲ့ကြသည့် ကောင်းကင် ဘုံတံခါးကြီးကို ဖွင့်လိုသူများပင် ဖြစ်တော့သည်။

အလောင်းများကို အိမ်ကြီးအတွင်းရှိ ခုတင်များ မွေ့ရာများ ပေါ်၌ ကြဲပြန့်လျက် တွေ့ရှိခဲ့၏။ အလောင်း နှစ်လောင်းမှ တစ်ပါး အားလုံးမှာ ခရမ်းရောင် အလောင်းခြုံ ပိတ်စများဖြင့် ၎င်းတို့၏ ဦးခေါင်းနှင့် ပခုံးများကို ဖုံးအုပ်ထား၏။ အများစုမှာ အရက်နှင့် အခြားပစ္စည်း တစ်မျိုးဖြင့် ဖော်စပ်ထားသည့် ဆေးတစ်မျိုးကို သုံးစွဲကြပြီးနောက် ၎င်းတို့၏ ဦးခေါင်းပေါ်တွင် အုပ်ထားသော ပလပ်စတစ်အိတ်များကြောင့် မွမ်းကျပ်သေဆုံး ကြရခြင်း ဖြစ်သည်။ သေဆုံးသူများအနက် ကောင်းကင်ဘုံ တံခါး အဖွဲ့ခေါင်းဆောင် အသက် ၆၅ နှစ်ရှိ မာရှယ် အက်ပဲလ် ဝှိုက်ကိုပါ တွေ့ကြရသည်။ ဝှိုက်၏ နောက်ဆုံး ဗွီဒီယိုတိပ် ဖော်ပြချက်များကို လေ့လာ၍ လော့စ်အိန်ဂျယ်လိစ်မြို့ ကာလီ ဖိုးနီးယားတက္ကသိုလ်မှ စိတ်ပညာ ပါမောက္ခ လူး ဝစ်စ် ဂျိုယွန် ဝက်စ် (Louis Jolyon West)က 'ဝှိုက်သည် တွေဝေပြီး လိင်ကိစ္စ အဆင်မပြေမှုကို ချုပ်တည်းထား ရသဖြင့် ဆေးခန်းနှင့် ပတ်သက်သည့် ယုံမှားလွန် စိတ်ဝေဒနာ ခံစားနေရ၏' ဟု မှတ်ချက်ပြုခဲ့သည်။

အမှန်သော် ခရစ်ယန်ဘုရားကျောင်းများမှ ထုတ်ဝေသော စာအုပ်တို့၌ ဖော်ပြသည့် ယုံကြည်မှု(Faith) သရုပ်ဖော် လူဓာတ်ပုံ သို့မဟုတ် ပန်းချီတို့၏ မျက်လုံးများကို သေချာစွာ လေ့လာကြည့်လျှင်ပင် ၎င်းတို့အများစုမှာ မျက်စိမှိတ် ယုံကြည်ပြီး ထာဝရဘုရားနှင့်တွေ့ရန် အသက်ကို စွန့်ရဲလောက်အောင် စိတ်ပိုင်း ဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုခု ရှိနိုင်ကြောင်း သံသယဖြစ်ဖွယ်ရှိသည်။

---------------------------

Read More...

၄၇။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၁၃)

သစ္စာတရားကို မရနိုင်

ယေရှု။ ။ ဒီလိုပြောပါ။ 'အဖဘုရားသခင်၊ ကျွန်ုပ်၏ နှလုံးသားထဲသို့ ကြွလာတော်မူပြီး သစ္စာတရားကို နားလည်ရန် ကျွန်ုပ်အား အသိပညာ ပေးတော်မူပါ'။

ဆိုကရေတီး။ ။ အဲဒီစကားရပ်ကို ထပ်ခါထပ်ခါ ဆိုရုံနဲ့ ဘဝအဓိပ္ပာယ်နဲ့ ပတ်သက်တဲ့ အသိပညာကို ရမယ်လို့ ခင်ဗျားဆိုတာလား။

ယေရှု။ ။ ဟုတ်ပါတယ်။ ဘုရားသခင်က “ရှာဖွေပါ တွေ့ပါလိမ့်မယ်၊ မေးပါ၊ ဖြေကြားလိမ့်မယ်၊ ခေါက်ပါ တံခါးပွင့်ပါလိမ့်မယ်”လို့ မိန့်ကြားပါတယ်။ ဘုရားသခင်ဟာ မေးမြန်းသူတိုင်းကို သစ္စာတရားကို ပြဖို့ ကတိပေးပြီးသားပါ။

ဆိုကရေတီး။ ။ ဘုရားသခင်ဟာ ကျွန်ုပ်ရဲ့ နှလုံးသားထဲကို ဝင်ရောက်လာပြီး သစ္စာတရား ကို နားလည်ဖို့ ကျွန်ုပ်ကို အသိပညာ ပေးတယ်။

ယေရှု။ ။ ဟောဗျ၊ ခင်ဗျား သိသွားပြီ။ ဒီတော့ ထာဝရဘဝကို ပေးခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါဗျ။

ဆိုကရေတီး။ ။ ဘာမှ မဖြစ်ပါဘူးခင်ဗျာ။ ကျွန်ုပ် အရင်က သိထားတာထက် ပိုပြိး ဘဝရဲ့ အဓိပ္ပာယ်ကို ကျွန်ုပ် ဘာမှ ထူးပြီး သိမလာပါဘူး။

ယေရှု။ ။ ဒါဖြင့် ခင်ဗျား မရိုးသားဘူး။ ခင်ဗျား အမှန်တကယ် ဘုရားသခင်ကို ခင်ဗျားရဲ့ နှလုံးသားထဲ ရောက်လာပြီး သစ္စာတရားကို ပြဖို့ အလိုမရှိဘူး။ သင့်နှလုံးသားထဲ လာရောက်ဖို့ ယုံကြည်ချက် ခင်ဗျားမှာ မရှိဘူး။

ဆိုကရေတီး။ ။ သစ္စာတရားကို ကျွန်ုပ် တကယ် သိချင်တာပါ။ ကျွန်ုပ်ရဲ့ဘဝ တစ်ခုလုံးကို အတွေးအမြင်နဲ့ ယုတ္တိကို လေ့လာဖို့ မြှုပ်နှံထားပါတယ်။ ဘဝအဓိပ္ပာယ်ကိုသိဖို့ ကျွန်ုပ်ဟာ ဘဝကိုထက် အလိုရှိပါတယ်။ ဒါဟာ ကျွန်ုပ် နေကို ပထမအကြိမ် မြင်ကတည်းက ကျွန်ုပ် ရှာဖွေနေတဲ့ အဖြေပါ။ သစ္စာတရားကို မတွေ့ရင် သေတဲ့အထိ ရှာဖွေနေဦးမှာပဲ။ ဘုရားသခင်က ကျွန်ုပ်ရဲ့အသံကို မကြား နိုင်လို့ ဖြစ်ပါလိမ့်မယ်။ ကျွန်ုပ် ပိုပြီးအသံကျယ်ကျယ်နဲ့ တောင်းပန်ရအုံးမှာလား။

ယေရှု။ ။ ခင်ဗျား အဖြေကို မတွေ့ဘူး။ ဘာကြောင့်ဆို ခင်ဗျားမှာ ယုံကြည်မှု မရှိလို့ပဲ။ အကယ်၍ လူတစ်ယောက်ဟာ နှမ်းတစ်စေ့လောက် ယုံကြည်မှု ရှိရင် တောင်ကြီးတစ်လုံးကို ရွေ့လျားစေနိုင်ပြီး အလိုရှိတာ အားလုံးကို ရနိုင်ပါတယ်။

ဆိုကရေတီး။ ။ ဒါ မဖြစ်နိုင်ပါဘူး။ ယနေ့ ခင်ဗျားကို ယုံကြည်နေကြတဲ့ လူတွေထဲက နာမကျန်း ဖြစ်ပြီး သေရာညောင်စောင်းမှာ အိပ်နေရတဲ့ ဆွေမျိုးတွေ မိတ်ဆွေတွေ ရှိသလား။ ရှိမှာ သေချာပါတယ်။ သူတို့ဟာ ခရစ်ယန် ဘာသာဝင်ကောင်း တစ်ယောက် ဖြစ်ခဲ့ရင် အဲဒီ ဆွေမျိုး မိတ်ဆွေ ကျန်းမာဖို့ မသေဆုံးဖို့ ဆန္ဒရှိမှာလည်း သေချာပါတယ်။ အနည်းဆုံး တစ်ဖန် ကျန်းမာပျော်ရွှင်ဖို့ ဆန္ဒ ရှိကြမှာပါ။ သေသွားတဲ့ မိတ်ဆွေ မရှိဘူးလို့ ပြောလောက်အောင် မိုက်မဲသူ မရှိမှာ သေချာပါတယ်။ မိတ်ဆွေ တစ်ယောက် အသက်ရှင်မှာကို အလိုမရှိပါဘူးလို့ ပြောလောက်အောင် ကြောင်သူလည်း မရှိတာ သေချာပါတယ်။ ဒါကြောင့်မို့ မည်သည့် နိုင်ငံက ခရစ်ယန်ကမှ ဘုရားသခင်ကို အမှန်တကယ် ယုံကြည်သူ မရှိပါ၊ ဒါမှမဟုတ် ဘုရားသခင် လိမ်နေပါတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားတာပဲ။

ယေရှု။ ။ ဘုရားသခင်ဟာ ပေးလည်း ပေးသနားတော်မူတယ်။ ပြန်လည်း ရုပ်သိမ်းတော်မူတယ်။ ဘုရားသခင်ရဲ့ အမည်နာမတော်နဲ့ ကောင်းချီးပေးပါတယ်။

ဆိုကရေတီး။ ။ ယုံကြည်တဲ့ ခရစ်ယန် သို့မဟုတ် ဂျူးတစ်ယောက်မှ မရှိဘူး ဆိုတာရယ်၊ ဘုရား သခင်က လူသားရဲ့ နှလုံးသားထဲ ဝင်ရောက်ပြီး ဘဝအဓိပ္ပာယ်ကို သင်ကြားဖို့ ကတိပေးတာဟာ ဘုရားသခင် လိမ်တယ်ဆိုတာရယ်ကို သက်သေပြဖို့ ကျွန်ုပ် ဥပမာလေးတစ်ခု တင်ပြပါမယ်။ ပထမ အနေနဲ့ ငရဲဟာ လူ့လောက မှာရှိတဲ့ ကြမ္မာဆိုးတွေထက် ပိုဆိုးတယ်ဆိုတာကို ခင်ဗျား သဘော တူပါသလား။

---------------------
တွေ့ဆုံခန်း (၁၄) မှာ ဘုရားအစစ် မဟုတ်ဘူးလို့ ဆိုကရေတီးက ဆိုပါတယ်။ မျှော်ပါ ....

Read More...

၄၆။ ထာဝရဘုရား စစ်ကို လိုလား၏

ထာဝရဘုရားသည် စစ်သူရဲ ဖြစ်သည်။
Ex 15:3: The Lord is a man of war: the Lord is his name. 4: Pharaoh's chariots and his host hath he cast into the sea: his chosen captains also are drowned in the Red sea.
ထွက် ၁၅း၃။ ထာဝရဘုရားသည် စစ်သူရဲ ဖြစ်တော်မူ၏။ ထာဝရ ဘုရားတည်း ဟူသော နာမတော် ရှိတော်မူ၏။ ၄။ ဖာရောဘုရင်၏ ရထားနှင့် ဗိုလ်ခြေတို့ကို ပင်လယ်ထဲသို့ လှဲချတော်မူပြီ။

ထာဝရဘုရားသည် သွေးစိမ်သော အဝတ်ကို ဝတ်သည်။
Rev 19:11: And I saw heaven opened, and behold a white horse; and he that sat upon him was called Faithful and True, and in righteousness he doth judge and make war. 12: His eyes were as a flame of fire, and on his head were many crowns; and he had a name written, that no man knew, but he himself. 13: And he was clothed with a vesture dipped in blood: and his name is called The Word of God.
ဗျာ ၁၉း၁၁။ ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိပြီး မြင်းဖြူ တစ်ကောင်ကို မြင်၏။ မြင်းစီးသော သူသည် သစ္စာဟူသော အမည်၊ သမ္မာဟူသောအမည် ရှိသတည်း။ ထိုသူသည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။ ၁၂။ မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော် ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတစ်ပါး အဘယ်သူမျှမသိသော နာမတော်သည် ရေးထား လျက်ရှိ၏။ ၁၃။ အသွေး၌ နှစ်ပြီးသော အဝတ်ကို ဝတ်၏။ ထိုပုဂ္ဂိုလ်၏ အမည်မှာ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟု ခေါ်တွင်၏။

ထာဝရဘုရားသည် စစ်တိုက်ရန် လူအများကို လှုံ့ဆော်သည်
Joel 3:9: Proclaim ye this among the Gentiles; Prepare war, wake up the mighty men, let all the men of war draw near; let them come up: 10: Beat your plowshares into swords, and your pruninghooks into spears: let the weak say, I am strong.
ယောလ ၃း၉။ ဤအမှုကို တစ်ပါးအမျိုးသားတို့အား ကြားပြောကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့ သည် ချဉ်းကပ်၍ တက်လာကြစေ။ ၁ဝ။ သံထွန်သွားများကို ဓားဖြစ်စေခြင်းငှာ လည်းကောင်း၊ တံစဉ်များကို လှံဖြစ်စေ ခြင်းငှာလည်းကောင်း ထုလုပ်ကြလော့။ အားနည်းသောသူက ငါ အားကြီးသည်ဟု ပြောဆိုစေ။

စစ်မြေပြင်၌ ရန်သူအားလုံး ကျွဲနွားပါ မကျန်ကို မွမွချေပစ်ရမည်။
I Samuel 15:2: Thus saith the Lord of hosts, I remember that which Amalek did to Israel, how he laid wait for him in the way, when he came up from Egypt. 3: Now go and smite Amalek, and utterly destroy all that they have, and spare them not; but slay both man and woman, infant and suckling, ox and sheep, camel and ass. 4: And Saul gathered the people together, and numbered them in Telaim, two hundred thousand footmen, and ten thousand men of Judah.
၁ ရာ ၁၅း၂။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား အဲဂုတ္တုပြည်မှ ထွက် လာသော ဣသရေလအမျိုး၌ အာမလက် အမျိုးပြုသော ဆီး တားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။ ၃။ ယခု သွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ ရှင်းရှင်း ဖျက်ဆီး၍ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့ဟု ရှောလုအား ဆင့်ဆိုသည်အတိုင်း ၄။ ရှောလုသည် လူတို့ကို စုဝေးစေ၍ တေလိမ်မြို့မှာ စာရင်း ယူသဖြင့် ခြေသည် သူရဲ နှစ်သိန်း၊ ယုဒစစ်သူရဲ တစ်သောင်းရှိကြ၏။

ထာဝရဘုရား၏ အကူအညီဖြင့် ဘုရင်ကို သတ်ပစ်နိုင်သည်။
I Samuel 15:5: And Saul came to a city of Amalek, and laid wait in the valley. 6: And Saul said unto the Kenites, Go, depart, get you down from among the Amalekites, lest I destroy you with them: for ye shewed kindness to all the children of Israel, when they came up out of Egypt. So the Kenites departed from among the Amalekites. 7: And Saul smote the Amalekites from Havilah until thou comest to Shur, that is over against Egypt. 8: And he took Agag the king of the Amalekites alive, and utterly destroyed all the people with the edge of the sword.
၁ ရာ ၁၅း၅။ ရှောလုသည်လည်း အာမလက်မြို့သို့ စစ်ချီ၍ ချိုင့်၌ တပ်ချပြီးမှ ၆။ ကေနိလူတို့ရှိရာသို့ စေလွှတ်လျက် သင်တို့ကို အာ မလက် လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ်စရာရှိသောကြောင့် သူတို့အထဲက ထွက်သွား၍ နေရာပြောင်းကြလော့။ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည်အတိုင်း ကေနိလူတို့သည် အာမ လက်လူတို့ အထဲက ထွက်သွားကြ၏။ ၇။ ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တစ်ဖက် တစ် ချက်၌ နေသော ရှုရမြို့တိုင်အောင် အာမလက်လူတို့ကို လုပ်ကြံလေ၏။ ၈။ အာမလက် ရှင်ဘုရင် အာဂတ်ကို အရှင်ဖမ်းမိ၏။ လူအပေါင်းတို့ကို ဓားဖြင့် ရှင်းရှင်း ဖျက်ဆီးလေ၏။

ထာဝရဘုရား၏ ဝိညာဉ်တော် သက်ရောက်သူသည် စစ်သူရဲ ဖြစ်သွား၏။
Judges 14:19: And the Spirit of the Lord came upon him, and he went down to Ashkelon, and slew thirty men of them, and took their spoil, and gave change of garments unto them which expounded the riddle. And his anger was kindled, and he went up to his father's house.
သူကြီး ၁၄း၁၉။ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ၎င်း(ရှံဆုန်)အပေါ်မှာ သက်ရောက်သဖြင့် သူသည် အာရှ ကေလုန်မြို့သို့ သွား၍ မြို့သားသုံးဆယ်ကို သတ်ပြီးမှ သူ့ဥစ္စာကို လုယူ၍ စကားဝှက် အနက်ကို ဖော်ပြသော သူတို့အား အဝတ်စုံတို့ကို ပေးပြီးမှ အမျက်ထွက်၍ မိမိ အဘအိမ်သို့ ပြန် သွားလေ၏။
Judges 15:14-15: And when he came unto Lehi, the Philistines shouted against him: and the Spirit of the LORD came mightily upon him, and the cords that were upon his arms became as flax that was burnt with fire, and his bands loosed from off his hands. 15: And he found a new jawbone of an ass, and put forth his hand, and took it, and slew a thousand men therewith.
သူကြီး ၁၅း၁၄။ လေဟိအရပ်သို့ ရောက်သောအခါ ဖိလိတ္ထိလူတို့သည် ကြွေး ကြော်ကြ၏။ ထာဝရ ဘုရား၏ ဝိညာဉ်တော်သည် သူ့(ရှံဆုန့်) အပေါ်မှာ သက်ရောက်သဖြင့် သူ့လက်၌ ချည်သောကြိုး တို့သည် မီးထိသော ပိုက်ဆံကဲ့သို့ ဖြစ်၍ အချည်အနှောင် ကျွတ်လေ၏။ ၁၅။ သူ (ရှံဆုန်) သည်လည်း မြည်းမေးရိုး လတ်လတ်ကို တွေ့၍ ကိုင်ယူပြီးလျှင် လူတစ်ထောင်တို့ကို သတ်လေ၏။

------------------------------

Read More...

၄၅။ ယေရှုသည် ရေဖြန်းခဲ့သလော

ယေရှုသည် ရေနှစ်ခြင်း (ဗတ္တိဇံ)ကို ပေးသည်။
John 3:22: After these things came Jesus and his disciples into the land of Judaea; and there he tarried with them, and baptized.
ယော ၃း၂၂။ ထို့နောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ ကျေး လက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံ (ရေနှစ်ခြင်း)ကို ပေးလေ၏။

ယေရှုသည် ရေနှစ်ခြင်း (ဗတ္တိဇံ)ကို မပေးဟု ဆိုပြန်သည်။
John 4:1-4: When therefore the Lord knew how the Pharisees had heard that Jesus made and baptized more disciples than John, 2: Though Jesus himself baptized not, but his disciples, 3: He left Judaea, and departed again into Galilee. 4: And he must needs go through Samaria.
ယော ၃း၁-၄။ ယေရှုသည် ကိုယ်တိုင် ဗတ္တိဇံ(ရေနှစ်ခြင်း)ကို ပေးတော်မမူ။ တပည့် တော်တို့သာလျှင် ပေးကြသော်လည်း၊ ၂။ ယေရှုသည် ယောဟန်ထက်သာ၍ များသောသူတို့ကို တပည့် တော်ဖြစ်စေ၍ ဗတ္တိဇံကိုပေးကြောင်းကို ဖာရိရှဲတို့သည် ကြားပြီ ဟု သခင်ဘုရား သိတော်မူသောအခါ၊ ၃။ ယုဒပြည်မှ ထွက်သွား ၍ ဂါလိလဲ ပြည်သို့ တစ်ဖန် ကြွတော်မူစဉ်တွင်၊ ၄။ ရှမာရိပြည် အလယ်၌ လျှောက်သွားရ၏။

အထက်ပါ စာပိုဒ်များကို ဖတ်ပြီးသောအခါ ယေရှုကိုယ်တိုင် ဗတ္တိဇံ (ရေနှစ်ခြင်း) ကို ပေးမပေး မဆုံး ဖြတ်နိုင်ဘဲ ရှိသည်။

ခရစ်ယန်ဂိုဏ်းအများစုသည် ၎င်းတို့ ဘာသာဝင်ဖြစ်ခြင်းအတွက် ရေဖြန်းခြင်း သို့မဟုတ် ရေနှစ်ခြင်းကို လက်ခံ၏။ ကက်သိုလစ်ခရစ်ယန်တို့သည် မွေးကင်းစ ကလေးငယ်အား ရေဖြန်း၍ ထာဝရဘုရားကို ယုံကြည် ကိုးကွယ်သူဖြစ်ကြောင်း ကြေညာ၏။ ကင်းမျှော်စင် ခရစ်ယန်ဂိုဏ်းဝင်များသည် ကြီးငယ်မဟူ ၎င်းတို့၏ဝါဒ ကိုလက်ခံလာသူများအား ရေထဲတွင် ငုပ်စေ၍ ကင်းမျှော်စင်ဝါဒီဖြစ်ကြာင်း ကြေ ညာ၏။ ဘာအကျိုးရှိ၍ ရေနှစ် သို့မဟုတ် ရေဖြန်းခြင်းကို ပြုရသနည်း။

---------------------------

Read More...

၄၄။ လက်ဝါးကပ်တိုင်

Matthew 27:32: And as they came out, they found a man of Cyrene, Simon by name: him they compelled to bear his cross.
မဿဲ ၂၇း၃၂။ သွားကြစဉ်တွင် ရှိမုန်အမည်ရှိသော ကုရေနေပြည်သား တယောက် ကို တွေ့လျှင် အနိုင်ပြု၍ လက်ဝါးကပ် တိုင်တော်ကို ထမ်းစေကြ၏။
John 19:17: And he bearing his cross went forth into a place called the place of a skull, which is called in the Hebrew Golgotha:
ယောဟန် ၁၉း၁၇။ ကိုယ်တော်သည် မိမိလက်ဝါးကပ် တိုင်ကို ထမ်းလျက် ဦးခေါင်း ခွံအရပ်ဟူ၍ တွင်သောအရပ် သို့ ထွက်တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကားအားဖြင့် ဂေါလဂေါသ အမည်ရှိ၏။

ယေရှု၏ လက်ဝါးကပ်တိုင်ကို မည်သူ ယူဆောင်ခဲ့သနည်း။ ကုရေနေ ပြည်သား ရှိမုန်လော၊ ယေရှုကိုယ်တိုင်လော။

----------------------

Read More...

၄၃။ ထာဝရဘုရား လိမ်တတ်၏။

မျက်ကန်းယုံကြည်မှု သရုပ်ဖော်ပန်းချီ
ထာဝရဘုရားသည် လူတွေ မုသားဆိုအောင် လှည့်စား တတ်သည်။

1 Kings 22:23: Now therefore, behold, the LORD hath put a lying spirit in the mouth of all these thy prophets, and the LORD hath spoken evil concerning thee.
၃ ရာ ၂၂း၂၃။ သို့ဖြစ်၍ ထာဝရဘုရားသည် မုသား စကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။
2 Chronicles 18:22 Now therefore, behold, the Lord hath put a lying spirit in the mouth of these thy prophets, and the Lord hath spoken evil against thee.
၆ ရာ ၁၈း၂၂။ သို့ဖြစ်၍ ထာဝရဘုရားသည် မုသားစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော် မူပြီဟု ဟောလေ၏။
2. Thessalonians 2:11: And for this cause God shall send them strong delusion, that they should believe a lie: 12: That they all might be damned who believed not the truth, but had pleasure in unrighteousness.
၂ သက်သာ ၂း၁၁။ ထိုကြောင့် သမ္မာတရားကို မယုံဘဲ၊ မတရားသောအမှု၌ မွေ့ လျော်သောသူ အပေါင်းတို့သည် ၁၂။ တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း မုသာစကားကို ယုံစိမ့်သောငှာ မိစ္ဆာ ဒိဋ္ဌိပြုပြင် အားထုတ်ခြင်းအခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။
Ezekiel 14:9 : And if the prophet be deceived when he hath spoken a thing, I the Lord have deceived that prophet, and I will stretch out my hand upon him, and will destroy him from the midst of my people Israel.
ယေဇ ၁၄း၉။ ပရောဖက်သည် ဟောပြော၍ မှားယွင်းလျှင် ထိုပရောဖက်ကို ငါ ထာဝရဘုရားသည် မှားယွင်းစေ၏။ ထိုသူကို ငါသည် ဒဏ်ခတ်၍ ငါ၏ ဣသ ရေလ အမျိုးထဲမှ ပယ်ရှားမည်။

အမှန်တရားကို မြတ်နိုးရမည့် ထာဝရဘုရားက လူတွေနှလုံးသားထည်း၌ အမှားကို အမှန်ထင်မိအောင် လုပ်ခြင်းမှာ ဘယ်နည်းနှင့်မျှ မကောင်းနိုင်။

ယေရုရှလင်မြို့သားတို့သည် ထာဝရဘုရား၏ လှည့်စားခြင်းကို ခံရဖူးသည်။

Jeremiah 4:10: Then said I, Ah, Lord GOD! surely thou hast greatly deceived this people and Jerusalem, saying, Ye shall have peace; whereas the sword reacheth unto the soul.
ယေရမိ ၄း၁ဝ။ ငါကလည်း အို အရှင်ထာဝရဘုရား၊ သန်လျက်သည် အသက်ကို ထိသည်တိုင်အောင် ခွင်းသော်လည်း သင်တို့သည် ငြိမ်သက်ခြင်းရှိကြလိမ့်မည်ဟု ကိုယ်တော်သည် မိန့်တော်မူသော အားဖြင့် ဤလူများနှင့်တကွ ယေရှုရှလင်မြို့ သားတို့ကို အလွန် လှည့်စားတော်မူပါပြီတကားဟု လျှောက်ဆို၏။


----------------------

Read More...

၄၂။ ကြောင်သူတော် ဓမ္မဆရာများ

၁၉၈ဝ-ပြည့်လွန်နှစ်များတွင် အမေရိကန်ဧဝံဂျလိလောက၌ အရှုပ်တော်ပုံတစ်ခု ပေါ်ပေါက်ခဲ့သည်။ အကြီးဆုံး ဧဝံဂျလိဓမ္မဆရာ နှစ်ယောက်ဖြစ်သည့် ဂျင်မီဆွာဂတ်၊ ဂျင်မ်ဘက်ကာနှင့် သူ့ဇနီး ထမ်မီတို့ အကြောင်း ဖြစ်သည်။ ဆွာဂတ်တွင် အပတ်စဉ်လူသန်းပေါင်းများစွာ ကြည့်ရှုသည့် တယ်လီဗီးရှင်း အစီအစဉ်တစ်ခုရှိသည်။

သူသည် 'သခင်ယေရှု၏ အလုပ်ကိုလုပ်ရန်' အမြဲလှူခံသည့် စံပြဓမ္မဆရာ ဖြစ်သည်။ အကျင့်ပျက်မှုကို ကျယ်လောင်စွာ ပြစ်တင်ရှုတ်ချပြီး ယေရှုသည်သာ လူကိုကောင်းအောင် လုပ် ပေးနိုင်ကြောင်း ပြောသည်။ ဂျင်နှင့် ထမ်မီတို့မှာ အလွန် လူ ကြိုက်များသည့် တီဗီပြကွက် တစ်ခုရှိသော်လည်း ကြီးပွား ကြောင်းတရားဆိုသည့် ဟောပြောမှုအတွက် ပို၍ လူသိများ သည်။ ၎င်းတို့သည် ပကာသန စည်းစိမ်ဖြင့် နေထိုင်ကြပြီး တစ် လကို ဒေါ်လာများစွာ ဝင်ငွေရှိသည်။

ဆွာဂတ်နှင့် ဘက်ကာ နှစ်ယောက်လုံး ကြီးမားသည့် ပစ္စည်း နှင့် အာဏာ အင်ပါရာကို တည်ဆောက် ထားကြပြီး သဘာဝ အားဖြင့် ၎င်းတို့မှာ အချင်းချင်း မနာလိုရှိကြသည်။ တစ်နေ့ ၎င်းတို့၏ အရှိန်အဝါမြင့်ချိန်တွင် ဂျင်နှင့် ထမ်မီတို့၏ ဘုရား ကျောင်း၌ တစ်ခုခုဖြစ်ကြောင်း သတင်းထွက်သည်။ ယင်းဘုရားကျောင်း၌ ကလိမ်ကျမှု၊ ခိုးဝှက်မှု၊ အခွန်ရှောင်မှုနှင့် တရားမဝင် ဘဏ်စာရင်းဖွင့်မှုစသည့် အကြီးအကျယ် ငွေကြေး မသမာမှုရှိသည် ဟုဖြစ်သည်။ အဆိုးဆုံးမှာ ဂျင်မ်သည် ၎င်း၏အတွင်းရေးမှူးနှင့် လူမှုရေး ဖောက်ပြန်ကြောင်း၊ ၎င်း၏ ဒရိုင်ဗာနှင့် လိင်တူ ဆက်ဆံကြောင်း၊ ထမ်မီမှာ မူးယဇ်ဆေးစွဲနေ သူဖြစ်ကြောင်း တွေ့ရ ခြင်းဖြစ်သည်။

အမေရိကန်တို့ တုန်လှုပ်သွားသည်။ နိုင်ငံတော်၏ ဘာသာတရား ကိုင်းရှိုင်းသူနှစ်ယောက် တကယ်ပင် ခိုးယူနေကြပြီး လူလိမ် သီလကြောင်များဖြစ်ကြသည်။ ရဲသားတို့ စုံစမ်းစမ်းနေစဉ် ဘက်ကာ၏ အရှိန် အဝါလည်း ကျဆင်းသွားတော့သည်။ နောက်ဆုံးတွင် ဂျင်မီ ဘက်ကာသည် ငွေကြေး မသမာမှုဖြင့် ထောင်ဒဏ် ၄၅-နှစ် ပြစ်ဒဏ်ပေးခံရသည်။ သို့ရာတွင် အလွန့်အလွန် ပျော်သူကတော့ ဂျင်မီ ဆွာဂတ် ဖြစ်သည်။ ၎င်း၏တီဗီအစီအစဉ်တွင် အကယ်၍ ဘက်ကာတို့ လင်မယားသည် ခရစ်ယန် အစစ်အမှန် ဖြစ်ခဲ့လျှင် ၎င်း၏ လုပ်ရပ်မျိုး ဘယ်တော့မှ ဖြစ်ပေါ်မည်မဟုတ်ဟုဆိုသည်။ ၎င်းအနေဖြင့် ဘက်ကာ တို့ကို ဘုရားကျောင်းမှ နှင်ထုတ်ရန် လှုပ်ရှားမှုတစ်ခုကို ထောက်ပံ့ မည်ဖြစ်ကြောင်း၊ အကြောင်းမှာ ဧဝံဂျလိခရစ်ယန် အဖွဲ့အစည်းများသည် မိမိကဲ့သို့ စင်ကြယ်ရ မည်ဖြစ်ပြီး စင်ကြယ်သူ ဧဝံဂျလိ ခရစ်ယန်တို့သည် ၎င်းတို့ကိုယ်ကို ယေရှုအား လုံးဝ ပေးအပ်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရက်သတ္တပတ် အနည်းခန့်အကြာတွင် သတင်းထောက် တစ်ယောက် သည် ဂျင်မီဆွာဂတ် ပြည့်တန်ဆာခန်းမှ ထွက်လာသည့် ဓာတ်ပုံ တစ် ပုံကို ရိုက်ယူ နိုင်ခဲ့သည်။ နောက်နေ့တွင် ပင်မသတင်းစာကြီးတိုင်း၏ သတင်းခေါင်းစဉ်တွင် ပါလာသည်။ သန်းပေါင်းများစွာသော တီဗွီ ပရိသတ်ရှေ့မှောက်၌ ဆွာဂတ်သည် ၎င်း၏အပြစ်ကို ဝန်ခံပြီး သနား ခွင့်လွှတ်ရန် ယေရှုထံ၌ တောင်းပန်သည်။ ယေရှုသည် ခွင့်လွှတ် ကောင်း ခွင့်လွှတ်မည်ဖြစ်သော်လည်း အမေရိကန်လူထုကတော့ ခွင့်မလွှတ်ခဲ့ချေ။ 'သီလကြောင်' 'ဖောက်ပြန်သူ'ဟူသော အော်ဟစ်သံများ၊ ဧဝံဂျလိခရစ်ယန်တို့၏ ရယ်မောဝေဖန်သံ အကြား၌ ဆွာဂတ်တစ်ယောက် ဓမ္မဆရာ အဖြစ်မှ အငြိမ်းစား ယူသွားခဲ့ရသည်။

လအနည်းငယ် ကြာပြီးနောက် တစ်ညတွင် ရဲသားတစ်ယောက် အရှိန်မြှင့် မောင်းနေသော ကားကို ရပ်ခိုင်းလိုက်သည်။ အတွင်း၌ ဆွာဂတ်ကိုတွေ့ရသည်။ ၎င်း၏အတွင်းခံ ဘောင်းဘီတို လျှောကျနေပြီး နောက်ထိုင်ခုံတွင် အညှီ အဟောက် မဂ္ဂဇင်းဒါဇင် များစွာနှင့်အတူ တွေ့ရသည်။ အဆိုပါ အရှုပ် တော်ပုံများ ငြိမ်စပြုပြီးဖြစ်သော်လည်း နောက်ထပ် ဧဝံဂျလိ ဓမ္မဆရာတစ်ယောက်အား မသူတော် သီလကြောင်အဖြစ် ယင်းသို့ တွေ့လိုက်ရခြင်းဖြစ်သည်။

----------------------

Read More...

၄၁။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၁၂)

ယုံကြည်မှုတဲ့လား

ဆိုကရေတီး။ ။ ယုံကြည်မှု၊ ဟုတ်လား။ ခင်ဗျား ဘာကို ဆိုလို တာလဲ။

ယေရှု။ ။ ကျုပ်တို့က ဘာမှ မေးမြန်းခြင်းမရှိဘဲ ယုံကြည်ရတယ်။ သောမတ်စ်တို့ကို ကျုပ်တို့က သံသယ ရှိမနေရဘူး။ ဘုရားသခင် ကို ယုံကြည်ရင် ကျုပ်တို့ ကောင်းကင်ဘုံကို ရောက်တဲ့အခါ ဆင်းရဲ ဒုက္ခအထွေထွေကို မရတော့ဘူး။

ဆိုကရေတီး။ ။ ဘာပြောပြော ဘာမှ စုံစမ်းမေးမြန်းခြင်းမရျှိဘဲ ကျွန်ုပ်တို့က ယုံရမယ်လို့ ခင်ဗျားက ပြောတယ်။ ကျွန်ုပ်တို့က လွယ်လွယ်နဲ့ အလိမ်ခံရသူ ဖြစ်မသွားဘူးလား။ အကယ်၍ ကျွန်ုပ် အဲဒီ အတိုင်းလုပ်ရင်၊ ငွေတစ်ထောင် ပြန်ပေးမယ်လို့ ကတိပေးတဲ့ လမ်းပေါ်က လူတိုင်းကို ကျွန်ုပ်ရဲ့ ပိုက်ဆံအိတ်ကို ပေးရမှာပေါ့။ ခင်ဗျား ပြောတိုင်းလုပ်ရင် ကျုပ်က လူမိုက် ဖြစ်သွားမှာပေါ့။ ပြီးတော့ ဒီနေရာမှာ ခင်ဗျားက ကျုပ်ဆီမှာ ပိုက်ဆံကိုသာ တောင်းနေတာ မဟုတ်ဘူး။ လုပ်ငန်းရဲ့တန်ဖိုးကို လုံးဝမစဉ်းစားဘဲ အဲဒီလုပ်ငန်းနဲ့ ရည်ရွယ်ချက်အပေါ် ကျွန်ုပ် တစ်ဘဝလုံးကို မြှုပ်နှံဖို့ တောင်းဆို တာခင်ဗျ။ သူခိုး တစ်ယောက်ဟာ ကျွန်ုပ်ရဲ့ အသက်ကို ခြိမ်းခြောက်ပြီး ကျွန်ုပ်ဆီက ငွေကို တောင်းဆို တယ်။ ခင်ဗျားက ညှင်းပန်းမှုနဲ့ ခြိမ်းခြောက်၊ သုခဘုံကို ကတိပေးပြီး ကျွန်ုပ်ရဲ့ဘဝကို တောင်းဆို တယ်။ ကျန်ုပ်က ဗလာကတိတွေ ခြိမ်းခြောက်မှုတွေနဲ့ ပြောတာနောက်ကို ပါသွားမယ့် စုတ်ချာတဲ့ လူထုံလူအ မဟုတ်ဘူး ခင်ဗျ။

ယေရှု။ ။ လူထုံလူအ ဆိုတာ ကမ္ဘာမြေရဲ့ အမွေကို ခံယူ သူပါ။

ဆိုကရေတီး။ ။ လူထုံလူအ ဆိုတာ အနိုင်ခံရတဲ့ နိုင်ငံက အမျိုးသမီးနဲ့ ကလေးတွေလို သတ်ဖြတ်ခံရ ကျွန်ပြုခံရ တယ်လေ။

ယေရှု။ ။ ခင်ဗျား၊ ဘုရားသခင်ကို မေးခွန်း မထုတ်ရ ဘူးလေ။

ဆိုကရေတီး။ ။ အဲဒီ ဘုရားသခင်ဆိုသူကို ကျွန်ုပ် တစ်ခါမျှ မတွေ့ဖူးလို့ သူ့ကို မမေးနိုင်ပါဘူး။ သူ့ကို ကိုယ်စားပြုတယ်ဆိုတဲ့ ခင်ဗျားကို ကျွန်ုပ် မေးနေတာပါ။ ခင်ဗျား တကယ်ပဲ ကိုယ်စားပြု မပြုဆိုတာကို သိဖို့အတွက်ပါ။

ယေရှု။ ။ ကျုပ်တို့ဟာ ဘုရားသခင်ရဲ့ စကားတော်ဖြစ်တဲ့ သမ္မာကျမ်းကို ယုံရမှာပါ။ နားလည်နိုင်ဖို့ မမျှော်လင့်ဘဲ၊ သက်သေကို မစုံစမ်းဘဲ ယုံကြည်ရမှာပါ။

ဆိုကရေတီး။ ။ လူတစ်ယောက်မှာ ရွေးချယ်ခွင့်မရှိရင် မဖြစ်နိုင်ဘူးဗျ။ ကမ္ဘာပေါ်မှာ ဘာသာတရား တွေ ထောင်ပေါင်းများစွာ ရှိတာကို ခင်ဗျားသိမှာပါ။ ယုံကြည်မှုသက်သက်နဲ့ လက်ခံရင် အဲဒီ ဘာသာတရား အားလုံးကို လက်ခံရတော့မှာပဲ။ ဒါပေမယ့် ဘာသာတရား အားလုံးက မတူကြတဲ့ အတွက် အဲဒါ မဖြစ်နိုင်ပါဘူး။ ကမ္ဘာကြီး လုံးတယ်ဆိုတာနဲ့ ပြားတယ်ဆိုတာကို တစ်ပြိုင်နက် ယုံကြည်နေသလို ဖြစ်မှာပဲ။ ခင်ဗျားဟောတာကို ခင်ဗျား မကျင့်သုံးတာ သေချာတယ်။ ဘာကြောင့်ဆို အဲဒီလိုဖြစ်ရင် ဂျူးဝါဒရော ဓမ္မဟောင်းကျမ်းကိုပါ မှန်တယ်လို့ လက်ခံရာရောက်ပြီး ခင်ဗျားရဲ့ ဒီမိစ္ဆာဝါဒသစ်ကို ဖော်ပြမှာ မဟုတ်ဘူး။ ဒါမှမဟုတ် မနေ့က ခင်ဗျားရဲ့ မိစ္ဆာဝါဒကို ဟောပြောနေတာ ရပ်စဲဖို့ အေသင်မြို့က တရား ဟောဆရာတွေ လမ်းပေါ်မှာ ခင်ဗျားကို တားမြစ်တဲ့အခါ ခင်ဗျားဟာ ဂရိဘာသာ ရေးဖြစ်တဲ့ အိုလံပစ်နတ်ဘုရားတွေကို ယုံကြည်ခဲ့မှာပေါ့။ ဘာကြောင့်ဆို သူတို့က ခင်ဗျားကို အဲဒီဘာသာရေး အမှန်ပါလို့ ပြောကြတဲ့အတွက် ယုံကြည်မှုသက်သက်နဲ့ပဲ ခင်ဗျား သူတို့ ပြောတာကို ယုံကြည်ခဲ့သင့်တာပေါ့။ ဟုတ်ဘူးလား။

ယေရှု။ ။ ယုံကြည်မှုကြောင့် ကျုပ်တို့ ကယ်တင်ခြင်း ခံခဲ့ရပါတယ်။ ယုံကြည်မှုနဲ့ ဘယ်သူမဆို ဘုရား သခင်ဆီက ဆုတော်ကို ရယူနိုင်ပါတယ်။

ဆိုကရေတီး။ ။ ခင်ဗျားကို ဥပမာလေးတစ်ခု ပေးပါဦးမယ်။ ဒေလ်ဖိုင်မြို့သား အာဏာပိုင်က ကျွန်ုပ်ကို လူတစ်ယောက်ဟာ သေဒဏ် အပြစ်ရှိပြီး၊ ကျွန်ုပ်ရဲ့ ဇနီးကို မုဒိမ်းကျင့်ကြောင်း၊ ကျွန်ုပ်က သူ့ကို သတ်သင့်ကြောင်း၊ မသတ်ရင် သူ့ကို ကျွန်ုပ်သိသွားပြီး သူ့ကိုသတ်မှာ ကြောက်လို့ သူက ကျွန်ုပ်ကို သတ်မည် ဖြစ်ကြောင်း ပြောသည်ဆိုပါစို့၊ ခင်ဗျားက 'သင်သည် လူကို မသတ်ရ'လို့ ပြော သည်ဆိုပါစို့။ ဘာပြောပြော ယုံကြည်မှုနဲ့ လက်ခံရမည်လို့ ခင်ဗျား ကျွန်ုပ်ကို ပြောတယ်။ ခင်းဗျားရဲ့ စကားအတိုင်း ဆိုရင် ကျွန်ုပ်က ဒေလ်ဖိုင်မြို့သား အာဏာပိုင်ကို ယုံကြည်လို့ အဲဒီလူကို ကျွန်ုပ် သတ်ရမှာဖြစ်ပြီး တစ်ချိန်တည်းမှာ ကျွန်ုပ်ဟာ ဘုရားသခင်ကို ယုံကြည်လို့ အဲဒီလူကို ကျွန်ုပ် မသတ်ရဘူး။ စကားနှစ်ရပ် ရှေ့ နောက် ဆန့်ကျင်နေလို့ သတ်ခြင်း မသတ်ခြင်း နှစ်မျိုးလုံးကို တစ်ပြိုင်နက် မလုပ်နိုင်ဘူး။ ဒါကြောင့် ကျွန်ုပ်အနေနဲ့ ဒေလ်ဖိုင်မြို့သား အာဏာပိုင်ကိုရော ဘုရားသခင်ကိုပါ မယုံကြည်နိုင်ဘူး။ ဒါကြောင့်ပဲ ယုံကြည်မှုသက်သက်နဲ့ ဘာကိုမျှ လက်ခံဖို့ ကျွန်ုပ်အဖို့ မဖြစ်နိုင်ဘူး။ ဘာကို ယုံကြည်တယ်ဆိုတာနဲ့ ပတ်သက်ပြီး ဆန္ဒရှိရှိ မရှိရှိ လူတို့လုပ်တဲ့ ဆင်ခြင်တုံတရားရှိတဲ့ ရွေးချယ်မှုတစ်ရပ် ရှိတယ်။ ခင်ဗျား ဘာလုပ်လုပ် ပြဿနာကို ရှုထောင့်ပေါင်းစုံက စဉ်းစား၊ ဆွေးနွေး၊ ယူဆပြီး ရွေးချယ်ပါ၊ သို့မဟုတ် တစ်စုံတစ်ခုသော ရွေးချယ်မှုရှိတယ်လို့ မျက်စိမှိတ်ပြီး ငြင်းမှာလား။ 'ဘဝအဓိပ္ပာယ်က ဘာလဲ'ဆိုတဲ့ မေးခွန်းရဲ့ အဖြေဟာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို အဆုံးအဖြတ်ပေးတာ ဖြစ်လို့ အဲဒီ ရွေးချယ်မှုဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အင်မတန် အရေးကြီးတဲ့အရာ ဖြစ်ပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ မိမိရဲ့ အပြုအမူတိုင်းကို သူ့ဘာသာတရားကို တိုက်ရိုက် ဦးတည်တယ်ဆိုရင် ခင်ဗျား ထောက်ခံပြောဆိုထားတဲ့အတိုင်းသူ့ရဲ့ ဘာသာတရား ရွေးချယ်မှုနဲ့ ပတ်သက်ပြီး အများကြီး စဉ်းစားရပါလိမ့်မယ်။ ဆိုပါစို့၊ အကယ်၍ ခင်ဗျားဟာ သင့်ဘဝတစ်ခုလုံးနဲ့ ပတ်သက်တဲ့ ကိစ္စနဲ့ တစ်မြို့မှ တစ်မြို့ကို သွားရမယ်ဆိုရင် လမ်းကြောင်း အားလုံးနဲ့ပတ်သက်ပြီး သိထားဖို့ မလိုပေဘူးလား။ သူပုန်တွေ သောင်းကျန်းတဲ့ လမ်းဖြစ်သလား၊ ပိုနီးပြီး အန္တရာယ်ကင်းတဲ့ မြို့ ရှိသလား၊ မြို့ကော အမှန်တကယ် ရှိရဲ့လား ဆိုတာတွေကို စဉ်းစားရမယ်။

ယေရှု။ ။ အကယ်၍ ခင်ဗျားဟာ ဘုရားသခင်၊ ဖန်းဆင်းမှုနဲ့ ဘဝရဲ့ရည်ရွယ်ချက် အကြောင်းကို ရိုးသားစွာ သိလိုရင် အမှန်တရားကို တွေ့ရှိဖို့ ရိုးရှင်းတဲ့ နည်းရှိပါတယ်။ ခင်ဗျားလုပ်ရမှာက ဘုရား သခင်ကို ခင်ဗျားနှလုံးသားထဲ လာရောက်ဖို့ တောင်းပန်ရုံပါပဲ။ အကယ်၍ သင်ဟာ ဘုရားသခင်နဲ့ သစ္စာတရားကို ရိုးသားစွာ သိလိုရင် သန့်ရှင်းသော ဝိညာဉ်တော်ဟာ သင့်နှလုံးသားထဲ ရောက်ပြီး ခင်ဗျားဟာ ဘုရားသခင်နဲ့ တစ်သားတည်း ဖြစ်သွားပါလိမ့်မယ်။ ထိုခဏမှာ သင်ဟာ မြင့်မြတ်တဲ့ အသိပညာနဲ့ ငြိမ်းချမ်းမှုကို ရရှိပြီး သေပြီးနောက် ကောင်းကင်ဘုံကို ရောက်ပြီး ပျော်ရွှင်ရောင့်ရဲမှုနှင့် ထာဝစဉ် နေရပါလိမ့်မယ်။

ဆိုကရေတီး။ ။ ကျွန်ုပ်ဟာ သစ္စာတရားကို သိချင်ပါတယ်။ အဲဒီဗဟုသုတနဲ့ အသိပညာကို ရရှိဖို့ ကျွန်ုပ် ဘာကို အတိအကျ ပြုမူပြောဆိုရမလဲ။ ကျွန်ုပ် သူ့ကို ဘယ်လို ခေါ်ဝေါ်ရည်ညွှန်းရမလဲ။

----------------------------
တွေ့ဆုံခန်း (၁၃) မှာ သစ္စာတရား အကြောင်းကို ဆွေးနွေးကြပါတယ်။ မျှော်ပါ .....

Read More...

၄၀။ လက်စားချေရန် တိုက်တွန်းသည်

ကိုယ့်နံရိုးကို ချိုးလျှင် သူ့နံရိုးကို ပြန်ချိုးရန် တိုက်တွန်းသည်။
Ex 21:23-25,29: And if any mischief follow, then thou shalt give life for life, 24: Eye for eye, tooth for tooth, hand for hand, foot for foot, 25: Burning for burning, wound for wound, stripe for stripe.29: But if the ox were wont to push with his horn in time past, and it hath been testified to his owner, and he hath not kept him in, but that he hath killed a man or a woman; the ox shall be stoned, and his owner also shall be put to death.
ထွက် ၂၁း၂၃။ အခြားသော အနာဖြစ်လျှင် အသက်အတွက် အသက်ကိုလည်းကောင်း၊ ၂၄။ မျက်စိ အတွက် မျက်စိကိုလည်းကောင်း၊ သွားအတွက် သွားကိုလည်းကောင်း၊ လက်အတွက် လက်ကို လည်းကောင်း၊ ခြေအတွက် ခြေကိုလည်းကောင်း၊ ၂၅။ မီးလောင်ခြင်းတွက် မီးလောင်ခြင်းကိုလည်း ကောင်း၊ ရှနခြင်းအတွက် ရှနခြင်းကိုလည်းကောင်း၊ ဒဏ်ချက်ရာအတွက် ဒဏ်ချက်ရာကိုလည်း ကောင်း ခံရမည်။ ၂၉။ ၎င်းနည်း နွားသည် အထက်က ဝှေ့ဖူး၍ ဝှေ့ကြောင်းကို နွားရှင် ကြားသိလျက် မချည်မနှောင် အလွတ်ထား၍ နွားသည် ယောက်ျား မိန်းမကို သတ်မိလျှင် ထိုနွားကို ကျောက်ခဲနှင့် ပစ်သတ်ရမည်။ နွားရှင်ကိုလည်း အသေသတ်ရမည်။

Gen 9:6: Whoso sheddeth man's blood, by man shall his blood be shed: for in the image of God made he man.
ကမ္ဘာ ၉း၆။ အကြင်သူသည် လူ၏အသွေးကို သွန်း၏။ ထိုသူ၏ အသွေးကို လူလက်ဖြင့် သွန်းရမည်။ အကြောင်းမူကား ဘုရားသခင်သည် မိမိပုံသဏ္ဌာန်နှင့် အညီ လူကိုဖန်ဆင်းတော်မူ၏။

သူက ကိုယ့်ကို ပြုမူသည့်အတိုင်း ကိုယ်ကသူ့ကို ပြန်လုပ်ရမည်။
Lev 24:19: And if a man cause a blemish in his neighbour; as he hath done, so shall it be done to him; 20: Breach for breach, eye for eye, tooth for tooth: as he hath caused a blemish in a man, so shall it be done to him again. 21: And he that killeth a beast, he shall restore it: and he that killeth a man, he shall be put to death. 22: Ye shall have one manner of law, as well for the stranger, as for one of your own country: for I am the Lord your God. 23: And Moses spake to the children of Israel, that they should bring forth him that had cursed out of the camp, and stone him with stones. And the children of Israel did as the Lord commanded Moses.
ဝတ်ပြု ၂၄း၁၉။ လူသည် အိမ်နီးချင်းကို နာအောင်ပြုလျှင် သူ့ကို ပြုသည်အတိုင်း ကိုယ်ခံရမည်။ ၂ဝ။ အရိုးကို ချိုးသည်အတွက် အရိုးချိုးခြင်းကို လည်းကောင်း၊ မျက်စိကို ဖျက်သည်အတွက် မျက်စိ ဖျက်ခြင်းကိုလည်းကောင်း၊ သွားကို ချိုးသည်အတွက် သွားချိုးခြင်းကို လည်းကောင်း၊ သူ့ကို နာကျင်စွာ ပြုသည်အတိုင်း ကိုယ်တိုင် နာကျင်စွာ ခံရမည်။ ၂၁။ တိရစ္ဆာန်အသက်ကို သတ်သောသူသည် တစ် ကောင်အတွက် တစ်ကောင်ကို ပြန်ပေးရမည်။ လူအသက်ကို သတ်သောသူသည် အသေသတ် ခြင်းကို ခံရမည်။ ၂၂။ ကိုယ်အမျိုးသားဖြစ်စေ၊ သူတစ်ပါး အမျိုးသားဖြစ်စေ၊ တစ်ပါးတည်းသော တရားနှင့်သာ စီရင်ခြင်းကို ခံရမည်။ ၂၃။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအားမိန့်တော်မူ၏။

ထာဝရဘုရားကို ပြစ်မှားလျှင် သေအောင် သတ်ပစ်ရမည်။
Lev 24:16: And he that blasphemeth the name of the Lord, he shall surely be put to death, and all the congregation shall certainly stone him: as well the stranger, as he that is born in the land, when he blasphemeth the name of the Lord, shall be put to death.
ဝတ်ပြု ၂၄း၁၆။ ထာဝရဘုရား၏ နာမတော်ကို ပြစ်မှားသောသူသည် အသေသတ်ခြင်းကို အမှန်ခံ ရမည်။ ပရိသတ်အပေါင်းတို့သည် ထိုသူ အမှန် ကျောက်ခဲနှင့် ပစ်ကြရမည်။ အမျိုးသားချင်း ဖြစ်စေ၊ တစ်ပါး အမျိုးသားဖြစ်စေ၊ နာမတော်ကိုပြစ်မှား လျှင် အသေသတ်ခြင်းကိုခံရမည်။

ရှားရှားပါးပါး ခွင့်လွှတ်ရန် သင်ကြားသည်ကိုလည်း တွေ့ရပြန်သည်။
Matt 6:14-15: For if ye forgive men their trespasses, your heavenly Father will also forgive you: 15: But if ye forgive not men their trespasses, neither will your Father forgive your trespasses.
မဿဲ ၆း၁၄။ သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကို လွှတ်လျှင် ကောင်းကင်ဘုံ ၌ရှိတော်မူသော သင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မူမည်။ ၁၅။ သင်တို့သည် သူတစ်ပါးတို့၏ အပြစ်ကို မလွှတ်လျှင် သင်တို့ အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူ။

Eph 4:32: And be ye kind one to another, tenderhearted, forgiving one another, even as God for Christ's sake hath forgiven you.
ဧဖက် ၄း၃၂။ အချင်းချင်း ကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ် လွှတ်ခြင်းရှိကြလော့။

ထိုကဲ့သို့ ရန်ကိုရန်ဖြင့် တုံ့ပြန်၍ မိသားစုဘဝ သာယာရေးမှသည် ကမ္ဘာ့ငြိမ်းချမ်း ရေးဟူသည်များကို စဉ်းစားနိုင်ရာအံ့လော။ လူသားသာမန်တို့သည်ပင် ဆွေးနွေးခြင်း အဖြေရှာခြင်း သည်းခံခွင့်လွှတ်ခြင်း ဟူသည်ကို တန်ဖိုးထားနိုင်သေးလျှင် ထာဝရဘုရားသခင်သည် လူသားတို့၏ နှလုံးသားလောက်ပင် မနူးညံ့နိုင်သလော။ ကျမ်းစာ တစ်ခုတည်းမှာ ထိုကဲ့သို့ ရှေ့နောက် ဆန့်ကျင်မှုတွေ ရှိနေခြင်းမှာ အဘယ်ကြောင့်နည်း။ ရှေ့အဆိုမှန်လျှင် နောက်အဆို မှားမည်။ နောက်အဆို မှန်လျှင် ရှေ့အဆို မှားရမည် မဟုတ်လော။

Read More...

၃၉။ ကျွန်စနစ်ကို အားပေးသူ

အဖသည် သမီးကို ကျွန်အဖြစ် ရောင်းချခွင့်ရှိသည်။
Exodus 21:2: If thou buy an Hebrew servant, six years he shall serve: and in the seventh he shall go out free for nothing. 7: And if a man sell his daughter to be a maidservant, she shall not go out as the menservants do. 8: If she please not her master, who hath betrothed her to himself, then shall he let her be redeemed: to sell her unto a strange nation he shall have no power, seeing he hath dealt deceitfully with her.
ထွက် ၂၁း၂။ ဟေဗြဲအမျိုးဖြစ်သော ကျွန်ကိုဝယ်လျှင် ခြောက်နှစ်သာ အစေကျွန်ခံစေရမည်။ သတ္တမ နှစ်ရောက်သော် ကိုယ်ဖိုးကို မတောင်းဘဲ လွှတ်ရမည်။ ၇။ အဖသည် သမီးကို ကျွန်ခံစေခြင်းငှာ ရောင်းလျှင် ထိုမိန်းမသည် ကျွန်ယောက်ျားကဲ့သို့ လွတ်ရသည် မဟုတ်၊ ၈။ သခင်သည် ထိုမိန်းမကို သိမ်းယူ၍ မကြိုက်လျှင် ရွေးစေခြင်းငှာ အခွင့်ပေးရမည်။ သူ့ကို လှည့်ဖြားမိသောကြောင့် တစ်ပါး အမျိုးသားတို့သို့ ရောင်းချပိုင်သောအခွင့်မရှိ။

တော်လှန်သည့် ကျွန်ကို ဘုရားသခင်က ဒဏ်ပေးခိုင်းသည်။
Luke 12:47: And that servant, which knew his lord's will, and prepared not himself, neither did according to his will, shall be beaten with many stripes.
လုကာ ၁၂း၄၇။ အကြင်ကျွန်သည် မိမိသခင်၏ အလိုကို သိလျက်နှင့် အသင့်မနေ၊ သခင်၏အလိုကို မဆောင်၊ ထိုကျွန်သည် များစွာသော ဒဏ်ကို ခံရ၏။

ထာဝရဘုရားသည် အားနွဲ့သူကို ဝိုင်းပယ်ရန် ညွှန်ကြားသည်။
Numbers 5:1: And the LORD spake unto Moses, saying, 2: Command the children of Israel, that they put out of the camp every leper, and every one that hath an issue, and whosoever is defiled by the dead: 3: Both male and female shall ye put out, without the camp shall ye put them; that they defile not their camps, in the midst whereof I dwell. 4: And the children of Israel did so, and put them out without the camp: as the LORD spake unto Moses, so did the children of Israel.
တော ၅း၁။ တစ်ဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူ သည်ကား၊ ၂။ ငါနေသော တပ်ကို မညစ်ညူးစေခြင်းငှာ ဣသရေလ အမျိုးသားတို့သည် ၃။ နူသောသူ၊ ရိနာစွဲသောသူ၊ အသေကောင် ထိ၍ မစင်ကြယ်သည့် ယောက်ျား မိန်းမအပေါင်းတို့ကို တပ်ပြင်မှာ နေရာချထားရမည် အကြောင်း ဆင့်ဆိုလော့ဟု ၄။ မောရှေအား မိန့်တော်မူသည်အတိုင်း ဣသရေလအမျိုးသားတို့သည် ပြုကြ၏။

မသန်မစွမ်းသူများ ဘုရားကျောင်းသွားလျှင် သတိထား။
Deuteronomy 23:1: He that is wounded in the stones, or hath his privy member cut off, shall not enter into the congregation of the Lord. 2: A bastard shall not enter into the congregation of the Lord; even to his tenth generation shall he not enter into the congregation of the Lord.
တရား ၂၃း၁။ ယောက်ျား၏ အင်္ဂါလက္ခဏာ မစုံလင် ချို့တဲ့သော ယောက်ျားသည် ထာဝရဘုရား၏ ပရိသတ်တော်၌ အပါအဝင်မဖြစ်ရ။ ၂။ မျောက်မထား၍ရသော သားသည် ထာဝရဘုရား၏ ပရိသတ် တော်၌ အပါအဝင်မဖြစ်ရ။ ဆယ်ဆက် မြောက်အောင် မဝင်ရ။

ထာဝရဘုရားသည် အစ္စရေးတို့ကို မျက်နှာလိုက်သည်။
Leviticus 25:45: Moreover of the children of the strangers that do sojourn among you, of them shall ye buy, and of their families that are with you, which they begat in your land: and they shall be your possession. 46: And ye shall take them as an inheritance for your children after you, to inherit them for a possession; they shall be your bondmen for ever: but over your brethren the children of Israel, ye shall not rule one over another with rigour.
ဝတ် ၂၅း၄၅။ ထိုမှတစ်ပါး သင်တို့တွင် တည်းနေသော တစ်ကျွန်း တစ်နိုင်ငံသားတို့ ကိုလည်းကောင်း၊ သင်တို့ပြည်၌ သူတို့ရသော သားသမီးများကို လည်းကောင်း ဝယ်၍ ပိုင်ရမည်။ ၄၆။ သူတို့သည် ကျွန်သားပေါက်ဖြစ်၍ သင်တို့နှင့်သင်တို့ သားသမီးတို့သည် အမွေခံ၍ပိုင်ရမည်။ ကိုယ့်အမျိုးသားချင်း တည်းဟူသော ဣသရေ လအမျိုးသားဖြစ်လျှင် တစ်ယောက်ကို တစ်ယောက် ကြမ်းတမ်းစွာ မစီရင်ရ။

--------------------------

Read More...

၃၈။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၁၁)

လူ့အရည်အချင်း ပိုသာတယ်

ဆိုကရေတီး။ ။ ကျုပ်တို့အားလုံး ဘုရားသခင်ရဲ့ သားသမီးတွေလို့ ခင်ဗျား ပြောတယ်။ ဘုရားသခင် ဟာ အသိဉာဏ်ရှိတာ၊ လုံးဝမယုံကြည်တာတွေအတွက် သူ့ရဲ့ သားသမီးတွေကို ဒုက္ခပေးတဲ့ လူစွမ်း ကောင်းပဲ။ နောက်တစ်မျိုးပြောရင် ကျွန်ုပ်တို့ကို လိမ်ညာပြီး ကျွန်ုပ်တို့ရဲ့ နားထဲမှာ ကတိစကားကို ထည့်ပေးပေမယ့် အဲဒီကတိအတွက် ကျွန်ုပ်တို့ရဲ့ မျှော်လင့်ချက်ကို ဖျက်ဆီးပစ်သူပါ။ ရည်ရွယ်ချက်၊ အကြောင်းယုတ္တိ၊ အမှန်တရား၊ ကြင်နာမှု၊ မျှတမှုဆိုတာတွေ ကျွန်ုပ် ဘာမှမတွေ့မိဘူး။ လုပ်ချင်ရာ လုပ်တဲ့ တန်ခိုးမှတစ်ပါး ဘာမျှမတွေ့ပါဘူး။ အမှန်တော့ ရိုးဖြောင့်မှု၊ ကိုယ်ကျိုးမဆန်မှု၊ မကောက်ကျစ် မှုတွေမှာ လူတွေဟာ ခင်ဗျားရဲ့ဘုရားသခင်မှာရှိတဲ့ အရည်အချင်းတွေထက် အများကြီးသာပါတယ်။ ခင်ဗျားရဲ့ ဘုရားသခင်က ဆိုးရွားကောက်ကျစ်တဲ့ ရူးကြောင်ကြောင် မကောင်းဆိုးရွားကောင်ပါ။

ယေရှု။ ။ ကျုပ်တို့က လူသာမန်တွေပါ။ ဘုရားသခင်ရဲ့ ဆုံးစမဲ့ လျှို့ဝှက်ချက်တွေကို နားမလည် နိုင်ပါဘူး။ ကျုပ်တို့ရဲ့ တာဝန်က ဘုရားသခင်ကို သစ္စာရှိ၊ ယုံကြည်ဖို့ပဲ။ စောဒကတက်ဖို့ မလိုဘဲ ပြောတဲ့အတိုင်း လုပ်ပြီး သေကြရုံပါပဲ။

ဆိုကရေတီး။ ။ စောဒက မတက်ရဘူးတဲ့လား။ ဒါဖြင့် ကျွန်ုပ်တို့ကို ဘာလို့ စိတ်ဝိညာဉ်ကို ပေးထား တာတုန်း။ ဘယ်လို နေထိုင်ရမယ်၊ ဘဝရဲ့ ရည်ရွယ်က ဘာလဲ ဆိုတာတွေကို ကျွန်ုပ်တို့ ဘယ်လို ဆုံးဖြတ်မလဲ။ အခု ဒါကို ဆွေးနွေးနေလို့ ကျွန်ုပ်တို့ ဘာလုပ်မှာတုန်း။ ခင်ဗျားလည်း ဘဝတစ် လျှောက်လုံး ဘာလို့ လူတွေကို တရားဟောနေရတာတုန်း။ ရောမလူမျိုးတို့ရဲ့ အမိန့်ကို အာခံပြီး ခင်ဗျားရဲ့ ဘဝကို ဘာကြောင့် စတေးခဲ့တာတုန်း။

ယေရှု။ ။ ယုံကြည်မှုကြောင့် ကျုပ်တို့ ကယ်တင်ခြင်း ခံခဲ့ရပါတယ်။ ယုံကြည်မှုနဲ့ ဘယ်သူမဆို ဘုရား သခင်ဆီက ဆုတော်ကို ရယူနိုင်ပါတယ်။

----------------------------------
တွေ့ဆုံခန်း (၁၂) မှာ ယုံကြည်မှု (Faith) အကြောင်းကို ဆွေးနွေးကြပါတယ်။ မျှော်ပါ ..........

Read More...

၃၇။ ကင်းမျှော်စင် မှတ်စု

အယူသည်းသူများ၏ ဘဝနိဂုံး မည်သို့ ရှိမည်နည်း။

ကင်းမျှော်စင် (Jehova's Witiness) အယူအဆအရ လူသည် သေသွားပြီးနောက် ဘာမျှမကျန် တော့ဘဲ မြူမှုန်အမှိုက်သရိုက် ဖြစ်သွား၏။ သို့သော် နောက်ဆုံး တရားစီရင်သည့်နေ့တွင် ယေဟောဝါ ဘုရားသခင်က ၎င်းကို ယုံကြည်သူများအား ဖယောင်းတိုင်မှ မီးကို ကူးယူသလို မြူမှုန် အမှိုက်သရိုက်မှ ယခင်လူသား၏ ရုပ်သဏ္ဌာန်အတိုင်း ပြန်လည် အသက်သွင်း၍ လူဖြစ်အောင် ဖန်ဆင်းပြီးနောက် မအိုမနာ မသေတော့ဘဲ ထာဝရသုခဘုံတွင် ထာဝရစံမြန်းခွင့် ပေးလိမ့်မည်။ ၎င်းတို့သည် အခြား ခရစ်ယန်များကဲ့သို့ ထာဝရငရဲရှိ အယူအဆကို လက်မခံဘဲ ထာဝရဘုရားကို မယုံသူများအား ထာဝရ သုခဘုံတွင် ပြန်လည် အသက် မသွင်းပေးခြင်းဖြင့် အပြစ်ပေးသည်။

အခြားသော ခရစ်ယန်ဝါဒီများအား သမ္မာကျမ်းကို အမှန်အတိုင်း မသိနားမလည်ကြဟု တွင်တွင် ဟောပြောကြ၏။ ၎င်းတို့သည် အခြားသော ဘာသာရေးဆိုင်ရာ အခမ်းအနားများသို့ မသွားလာနိုင်။ အကြောင်းမူ ထာဝရဘုရား မကြိုက်သောကြောင့်တည်း။ အခြားဘာသာ၏ တိပ်ခွေဗီဒီယိုများကိုလည်း မကြည့်ရ။ ၎င်းတို့၌ မေးခွန်းတိုင်းအတွက် ယုတ္တိရှိမရှိကို ဂရုစိုက်ဖွယ်မလိုသည့် အဖြေတစ်ခုတော့ ရှိသည်။ တစ်ခါတစ်ရံ ၎င်းတို့၏ ဖြေဆိုပုံမှာ အလွန် ကလေးဆန်ပြီး ရူးနေပြီလောဟု စိတ်ထဲမှာ သံသယဖြစ်မိသည်ထိ အံ့သြစရာကောင်းလောက်အောင်ပင် ယင်းတို့၏အယူဝါဒ၌ စွဲလမ်းနေကြ သည်။ 'ကြည့်စမ်း၊ လိမ်မော်သီးလေးတွေ လှတယ်၊ အရသာလဲ ရှိတယ်။ ဘုရားသခင်မှ လွဲပြီး ဘယ်သူမှ ဒီလိုမျိုး ဖြစ်အောင် မလုပ်နိုင်ဘူး။ မိတ်ဆွေ၊ ဘုရားသခင်ကို ယုံနိုင်ပြီလို့ ထင်ပါတယ်'။ ဤသည်မှာ ၎င်းတို့၏ ဘာသာကို ဆွယ်ရာ၌ လက်သုံးစကား ဖြစ်သည်။

ထိုသို့ဖြစ်ခြင်းကြောင့် ထာဝရဘုရားနှင့် တွေ့ရန်ဆိုပြီး အသက်ကို သတ်သေသွားကြသည်ထိ ခရစ် ယန်အယူသည်းများ ရှိနေခြင်းကို ကြားသိကြရခြင်း ဖြစ်သည်။ ဘုရားနှင့် တွေ့မတွေ့တော့ မသိ၊ မျက်စိမှိတ်ယုံပြီး အသက်ကို စွန့် သွားသည်ကတော့ တကယ့် အဖြစ်ဆိုးကြီးပါ။

-------------------

Read More...

၃၆။ အထင်ကြီးလျှင် လမ်းမှားရောက်၏

၁၉၉၂-ခုနှစ်တွင် လေးစားခံရသည့် ဓမ္မဆရာ အက်ဒ်ဝါ့ဒ်ဂါလီမိုးသည် မယားပြိုင်ထားမှုဖြင့် တရား စွဲခံရသည်။ သူသည် ပထမဇနီးကို မကွာရှင်းဘဲ နောက်ထပ် အိမ်ထောင်ပြုသည့်ပြင် ဒုတိယ ဇနီးမှာ အသက် ၁၅-နှစ်မျှသာ ရှိသေးကြောင်း တွေ့ရသည်။ ဤကား အမေရိကရှိ ဧဝံဂျလိခရစ်ယန် ဘုရား ကျောင်း ခေါင်းဆောင်ပိုင်းတို့၏ မတော်မတည့် အပြုအမူတစ်ချို့ ဖြစ်သည်။

ဘာသာရေးသမားတစ်ယောက် မကောင်းမှုကိုလုပ်ဖို့ ကြိုးစားပြီး သစ္စာ ဖောက်ကြောင်း သိရသောအခါ ကျွန်ုပ်တို့ အမှန်ပင် စိတ်မကောင်း ဖြစ်ရသည်။ သို့ရာတွင် ယင်းကိစ္စမျိုးသည် ကက်သိုလစ်နှင့် ပရိုတင့်စတင့် ဘုရားကျောင်းများ၌ ဖြစ်လေ့ရှိသည်ထက် ဧဝံဂျလိတို့၌ များစွာပိုမို အဖြစ်များသည်။ အကြောင်းမှာ အလွန်ရှင်းသည်။ ကိုယ့်ဘဝကို အမှန်တကယ် မပြောင်း လဲမီကပင် ဧဝံဂေလိတို့သည် အခြားပုဂ္ဂိုလ်များအား ဘာသာကူးပြောင်းအောင် ကြိုးစားကြသည်။ ၎င်းတို့သည် ဆိုးသောခရစ်ယန် များကို ခရစ်ယန်ကောင်းများ ဖြစ်လာအောင် ပြုလုပ်ခြင်းထက် အခြားဘာသာဝင်များကို ကူးပြောင်း အောင် လုပ်ဖို့ ပို၍စိတ်ဝင်စားကြသည်။

ထို့ပြင် ယင်းတို့သည် လူမှုပြဿနာများကို ခပ်ပေါ့ပေါ့ ရှုမြင်ကြသည်။ အမှန်စင်စစ် အားလုံးကိုပင် ပြီးစလွယ်စဉ်းစားကြသည်။ ပြဿနာတိုင်း၏အဖြေ၊ အကျပ်အတည်းတိုင်း၏ ထွက်ပေါက်၊ နာမကျန်းမှု တိုင်း၏ ဆေး၊ သံသယတိုင်း အတွက် ရှင်းလင်းချက်တို့မှာ 'ယေရှုအား သင့်သခင်၊ ကယ်တင်ရှင် အဖြစ် လက်ခံရုံသာ'တည်း။ တစ်ဦးတစ်ယောက် စိတ်ဆင်းရဲ၊ စိုးရိမ်သောကဖြစ် သို့မဟုတ် လိင်မှု ပြဿနာရှိလျှင် စိတ်ရောဂါဆရာဝန်နှင့် အချိန်ယူ တိုင်ပင်ခြင်းဖြင့် သက်သာနိုင်မည် ဖြစ်သည်။ သို့ ရာတွင် 'သခင်(ယေရှု)အား ချီးမွမ်းလော့)ဟု အော်နေစဉ် ဂျွမ်းထိုးမှောက်ခုံပြု၍ သက်သာမည် မဟုတ်။ သို့ဖြင့် ဧဝံဂေလိတို့သည် ပြဿနာကို ဖြေရှင်းမည် မဟုတ်၊ နှိမ်ထား၊ မသိကျိုးကျွံပြု သို့မဟုတ် ငြင်းဆိုမည်ဖြစ်သည်။

သို့ရာတွင် အခြားအရာများထက် ၎င်းတို့အား ပိုမိုပျက်စီးစေသော အချက် မှာ အထင်ကြီးမှုဖြစ်သည်။ ၎င်းတို့မှာ ယေရှုကို အလွန်ချစ်သည်ဟူသော နှိမ့်ချ မှုကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့သာ မှန်သည်၊ မေးခွန်းအားလုံးအတွက် အဖြေရှိသည်၊ သူတစ်ပါးထံမှ မည်သည့်အရာကိုမျှ မသင်ယူ နိုင်ဟူသော ဧကန် ခရစ်ယန်ဝါဒီများဖြစ်ကြသည်။ ယင်းအထင်ကြီးမှုသည် ယုံကြည်မှုလွန်ခြင်းသို့ ဦးတည်သွားပြီး ယင်းသည် ဆိုးသွမ်းအပြုအမူအားလုံးသို့လည်း ဦးတည်သွားတော့သည်။

-------------------------

Read More...

၃၅။ ကျူပင်ခုတ် ကျူငုတ်မကျန်

သမ္မာဘုရားအတွက် အလုပ်လုပ်ပေးသူ မောရှေသည် ပြဿနာအချို့ကို ဖြေရှင်း ၏။ ဖြေရှင်းပုံကား ပြဿနာလုပ်သူများကို သတ်ပစ်ခြင်းသာတည်း။ ပြဿနာ လုပ်သူများကိုသာမက ၎င်းတို့၏ညီအစ်ကို မောင်နှမများ၊ အပေါင်းအသင်းများနှင့် အိမ်နီးနားချင်းများကိုပါ ရှင်းပစ်သည်။

သမ္မာကျမ်းစာပိုဒ်
Exodus 32:25 Moses saw that the people were running wild and that Aaron had let them get out of control and so become a laughingstock to their enemies. 26 So he stood at the entrance to the camp and said, "Whoever is for the lord, come to me." And all the Levites rallied to him. 27 Then he said to them, "This is what the LORD, the God of Israel, says: `Each man strap a sword to his side. Go back and forth through the camp from one end to the other, each killing his brother and friend and neighbor.'" 28 The Levites did as Moses commanded, and that day about three thousand of the people died.
ထွက် ၃၂း၂၅ ထိုသို့ အာရုန်သည် လူများကို ရန်သူတို့ရှေ့မှောက်၌ အဝတ်တန်ဆာကို ချွတ်စေ သည်ဖြစ်၍ အဝတ်တန်ဆာ အချည်းစည်း ရှိကြကြောင်းကို မိုးရှေ မြင်သောအခါ ၂၆ တပ်တံခါးဝ မှာရပ်လျက် ထာဝရဘုရားဘက်၌ အဘယ်သူနေသနည်း၊ ငါ့ထံသို့ လာစေဟုဆိုလျှင် လေဝိအမျိုးသား အပေါင်းတို့သည် သူ့ထံ၌ စည်းဝေးကြ၏။ ၂၇ မောရှေကလည်း လူတိုင်း ထားလွယ်လျက် တပ် တမျက်နှာ တံခါးမှ တမျက်နှာတံခါးတိုင်အောင် ထုတ်ချင်းခတ်သွား၍ အသီးအသီး မိမိ ညီအစ်ကို မိမိ အပေါင်းအဘော် မိမိအိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အမိန့် ရှိတော်မူသည်ဟု ၂၈ မောရှေစီရင်သည့်အတိုင်း လေဝိအမျိုးသားတို့သည် ပြု၍ ထိုနေ့၌ လူသုံးထောင် လောက် သေကြ၏။

29 Then Moses said, "You have been set apart to the LORD today, for you were against your own sons and brothers, and he has blessed you this day."
၂၉ တစ်ဖန် မောရှေက ထာဝရဘုရားသည် ယနေ့ ကောင်းကြီး ပေးတော်မူစေခြင်းငှာ သင်တို့သည် အသီးအသီး ကိုယ်သား ကိုယ်ညီအစ်ကိုကို ထိခိုက်သော အားဖြင့် ယနေ့ ကိုယ်ကို ချီးမြှောက်ကြပြီဟု ဆိုလေ၏။

သက်မွေးဝမ်းကျောင်း
သတ်ဖြတ်ခြင်းနှင့် အကြမ်းဖက်ခြင်းတို့မှာ သမ္မာဘုရားနှင့် ယင်း၏ ဗိုလ်မှူးဗိုလ်ချုပ် များနှင့် ကိုးကွယ်သူ နောက်လိုက်များ၏ သက်မွေးဝမ်းကျောင်းပင် ဖြစ်သည်။ အမှန်ပင် သမ္မာကျမ်းကို ကိုးကွယ်သူများက 'ဘုရားသခင်၏ နည်းလမ်းများသည် ငါတို့၏ နည်းလမ်းများ မဟုတ်၊ ဘုရားသခင်သည် သူအလို တော်ရှိရာကို လုပ်နိုင် ၏'ဟု တုံ့ပြန်ကြသည်။

----------------------------

Read More...

၃၄။ ဘုရားသည် ဘုရားပဲ

သမ္မာကျမ်းစာပိုဒ်
Hosea 13:16 "The people of Samaria must bear their guilt, because they have rebelled against their God. They will fall by the sword; their little ones will be dashed to the ground, their pregnant women ripped open."
ဟောရှေ ၁၃း၁၆ ရှာမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့ သားသည် ထားဖြင့်လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကိုလည်း ကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမတို့သည် ဝမ်းခွဲခြင်းကို လည်းကောင်း ခံရကြလိမ့်မည်။

ဘုရားသည် ဘုရားပဲ
သမ္မာကျမ်း၌ အကြမ်းဖက်မှု အများအပြားပါရှိသည်အနက် အထက်ပါစာပိုဒ်တွင် ကလေး လူကြီးနှင့် နောက်ဆုံး မမွေးရသေးသည့် ကလေးများကိုပင် မိခင်ဝမ်းကို ခွဲ၍ သတ်ပစ်ရန် သမ္မာဘုရားက အမိန့်ပေးသည်။ ခရစ်ယန် အစွန်းရောက်တို့ ပြောသည့် သမ္မာဘုရား၏ လူသားတို့အပေါ် ထားရှိသည့် မေတ္တာတရားဟူသည်ကို အဘယ်သို့လျှင် နားလည်နိုင်ပါမည်နည်း။ 'ဘုရားဟာ ဘုရားပဲ၊ ဘုရားဟာ သူ လုပ်ချင်ရာကို လုပ်မှာပဲ' 'ဘုရားသခင်က ထိုကလေးများကို ကောင်းကင်ဘုံကို ယူသွားမှာမို့ ကလေးကို သတ်ပစ်ပေမဲ့ ကိစ္စမရှိပါဘူး' (စကားမစပ် သမ္မာဘုရား မကြိုက်လို့ ကွပ်မျက်ခံရသူတွေကို ကောင်းကင်ဘုံကို ယူသွားတယ်ဆိုတာ သမ္မာကျမ်းမှာ မတွေ့မိသေးပါဘူး)ဟု ဆိုလေ့ရှိသည်။ 'လူ များသည် ပြစ်မှုကို ကျူးလွန်သောကြောင့် ထိုပြစ်မှုအတွက် ပေးဆပ်ရမည်'ဟုလည်း ဆိုလေ့ရှိ သည်။ သို့ဖြစ်မူ အကယ်၍ ဘုရားသခင်က လူမမယ် ကလေးများနှင့် မွေးကင်းစ ကလေးများကို ၎င်း တို့၏ပြစ်မှုအတွက် သတ်ပစ်ရန် ရွေးချယ်ခဲ့သည်ဆိုလျှင်လည်း မှန်ရမည်၊ ဘာကြောင့်ဆို သမ္မာ ဘုရားသည် သမ္မာဘုရားပဲ မဟုတ်ပါလား။

အကြမ်းဖက်မှုများ
နှစ်အနည်းငယ် အလွန်က ခရစ်ယန် အစွန်းရောက်များသည် ယင်းသို့ အစွန်းရောက် ထပ်ဖြစ်ရန် ရည်ရွယ်လျက် ပဋိသန္ဓေတားသည့် ဆေးခန်းများကို မီးရှို့ပြီး ဗုံးခွဲတိုက်ခိုက်ခဲ့ကြသည်။ ယင်းအစွန်း ရောက်များ၏ လက်ချက်ကြောင့် သမ္မာဘုရား၏ အမည်နာမတော်ဖြင့် ဆရာဝန်အချို့ အသက် ဆုံးရှုံးခဲ့ကြရသည်။ မှန်၏၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၏ ဝမ်းဗိုက်ကို ခွဲခိုင်းသည့် ၎င်းတို့ ကိုး ကွယ်ခံ သမ္မာဘုရားသခင်ပင် ဖြစ်ပါ၏။

-----------------

Read More...

၃၃။ ဂျုန်းစ်တောင်းမြို့ အစုလိုက်လူသတ်ပွဲ

၁၉၇၈ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၈ ရက်နေ့တွင် အမေ ရိကန် ဘာသာရေးအစွန်းရောက် ခေါင်းဆောင် ဂျင်မ် ဂျုန်းစ် (Jim Jones) နောက်လိုက် ၉၁၂ ယောက် (ပြည်သူ့ဘုရားကျောင်း) သည် အမေရိကန်နိုင်ငံ တောင်ပိုင်း ခေါင်းဖျားလှသည့် ဗြိတစ်ရှ် ဂူယာနာ (British Guyana) မြို့ ဂျုန်းစ်တောင်းဟု ခေါ်သော တောကြီးတစ်နေရာ၌ သေပွဲဝင်ခဲ့ကြသည်။ အဖွဲ့ဝင် အချို့မှာ သေနတ်ဖြင့်ပစ်သတ် သေဆုံးပြီး အချို့မှာ အဆိပ်သောက်ပြီး သေရန် အတင်းအကျပ် ပြုခဲ့ကြ သည်။ အများစုမှာ 'တော်လှန်သည့် ကိုယ့်ကိုယ်ကို သတ်သေခြင်း' ဟု ဂျုန်းစ် ပြောသည့်အတိုင်း လိုလားစွာ ပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

ဂျုန်းစ်သည် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ အင်ဒီယာပိုလစ်စ်မြို့၌ လွတ်လပ်သည့် ဘုန်းကြီးအဖြစ် ၁၉၅၃ ခုနှစ်တွင် ၎င်း၏ ဘာသာရေး လုပ်ငန်းကို စတင်ခဲ့သည်။ ယင်းနောက် ၁၉၆၄ ခုနှစ်တွင် 'ခရစ်တော်၏ သာဝကများ' (The Disciples of Christ) အသင်းဝင် ဘုန်းကြီးအဖြစ် ခံယူခဲ့သည်။ ၁၉၇၁ ခုနှစ်ကုန်တွင် ၎င်း၏အသင်းကို ကာလီဖိုးနီးယားသို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံး တွင် ဘုရားကျောင်းနှစ်ခု တည်ထောင်ခဲ့သည်။ အဓိကဘုရားကျောင်းမှာ ဆန်ဖရန်စစ္စကိုမြို့၌ ရှိ သော်လည်း လော့စ်အိန်ဂျယ်လိစ်စ်မြို့၌ နောက်တစ်ကျောင်း ထပ်ဖွင့်သည်။ ပြည်သူ့ဘုရားကျောင်း သည် ၁၉၇ဝ ပြည့်လွန်နှစ်များ၌ အဖွဲ့ဝင် ၈ဝဝဝ ကျော်အထိ တိုးတက်ခဲ့သည်။ လူမျိုးပေါင်းစုံ ပါဝင်ကြ သော်လည်း ဂျုန်းစ်၏ နောက်လိုက်အများစုမှာ အာဖရိကန် အမေရိကန် (လူမည်း) များဖြစ်ကြသည်။

ဂျုန်းသည် တစ်ချိန်က ဆန်ဖရန်စစ္စကိုမြို့၌ ရန်ပုံငွေများရှာဖွေပေးပြီး နိုင်ငံ ရေးခေါင်းဆောင်များအား ကူညီထောက်ပံ့ရန် လုပ်အားပေးများ ရှာဖွေပေးခဲ့သည့် ထင်ရှားသည့် လူမှုရေးလှုပ်ရှားသူ တစ် ယောက်ဖြစ်ခဲ့သည်။

ဂျုန်းစ်သည် ကြိုပမ်းမှု အားလုံးနီးပါးတွင် လူပေါင်းများစွာကို ပါဝင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၁၉၇ဝ ပြည့်လွန်နှစ်များတွင် ၎င်းအား ပြည်နယ်လွှတ် တော်အမတ် ဝီလီဘရောင်း (Willie Brown) အပါအဝင် ထင်ရှားသည့် နိုင်ငံရေး သမားများနှင့် အတူတွေ့ရသည်။ ၁၉၇၆ တွင် မြို့တော်ဝန် ဂျော့ဂ်ျ မော့စ်ကွန်း (George Moscone)က ဂျုန်းစ်အား ဆန်ဖရန်စစ္စကို အိုးအိမ်အာဏာပိုင်အဖွဲ့၌ ရာထူး ပေးခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်း (Jerry Brown) ပင် အဆိုပါ ပြည်သူ့ဘုရား ကျောင်း ဘာသာရေး အခမ်းအနားများသို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

သို့ရာတွင် ဂျုန်းစ်တောင်း ကြေကွဲဖွယ် လူသတ်ပွဲကြီး ဖြစ်ပွားပြီးနောက် ဂျုန်းစ်နှင့် တွဲခဲ့မှုအတွက် ဝေဖန်ခံရသူ လွှတ်တော်အမတ် ဝီလီဘရောင်းက 'အဲဒီတုန်းက သူရူးနေပြီးဆိုတာကို ကျွန်တော်သိ ခဲ့ရင် သူ့နှင့်တွဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်နှစ်ကြာပြီးတဲ့နောက်မှ ဖြစ်ပေါ်လာတဲ့ ရူးသွပ်မှုမျိုး ဖြစ်တယ် ဆိုတာကို သိလျက်နဲ့ ကျွန်တော်လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်စကားဆိုတာ ကတော့ မမျှတပါဘူးဗျာ' ဟု ဆိုခဲ့သည်။

နက်ဂတစ်သတင်းဌာန သတင်းသမားများက ဂျင်မ် ဂျုန်းစ် အကြောင်း ၁၉၇၇ ခုနှစ် နွေရာသီတွင် စတင်ဖော်ထုတ် ဝေဖန်ခဲ့သည်။ ယင်းသို့သော ဝေဖန်မှု များကြောင် ၎င်း၏နောက်လိုက် အများစိုကို ဗြိတစ်ရှ်ဂူယာနာမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ နောက်ဆုံးတွင် အဓိကထောက်ခံသူ လူတစ်ထောင် ခန့်သည် လူသူကင်းဆိတ်သည့် စခန်းတစ်ခု၌ ဆုံမိကြသည်။ ယင်းစခန်းကို နောင်အခါ ဂျုန်းစ် တောင်းဟု တရားဝင်ခေါ်တွင်ခဲ့သည်။ သို့ရာတွင် ယခင်အဖွဲ့ဝင်များနှင့် မိသားစုများ၏ တောင်းဆို မှုများ ဆက်လက်၍ရှိနေသဖြင့် နောက်ဆုံး၌ တရားဝင် စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သည်။

၁၉၇၈ ခုနှစ်၊ ဂျွန်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ဘုရားကျောင်းအဖွဲ့ဝင်ဖြစ်ခဲ့ပြီး ဂျုန်းစ်တောင်း၌ နေထိုင် သည့် ကျမ်းကျိမ်သူ (ဖော်ကောင်) မစ္စက် ဒီဗောရ လေတန် (Deborah Layton) က ဂျုန်းစ် တောင်း၌နေသူ ထက်ဝက်ခန့် ဝမ်းလျှောပြီး အပြင်းဖျား၍ နာမကျန်းဖြစ်သည်အထိ အခြေအနေ ဆိုးရွားလာကြောင်း ဆိုသည်။ ယင်းသို့ ဖြစ်နေလင့်ကစား ၎င်းတို့သည် လယ်ကွင်းများ၌ နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ တစ်ပတ်လျှင် ၆ ရက်၊ တနင်္ဂနွေနေ့တွင် နံနက် ၇ နာရီမှ ညနေ ၂ နာရီအထိ အလုပ်လုပ်ရပြီး အစားအသောက်မှာ ဆိုးရွားသည်။

လေတန်က 'ဘုန်းတော်ကြီး ဂျုန်းစ်သည် လီနင်၊ ယေရှုခရစ် ဝင်စားသူ ဖြစ်ပြီး တန်ခိုးစွမ်းအင်ရှိ ကြောင်း ပြောသည်'ဟု ဆိုသည်။ ဂျုန်းစ်သည် လောကအပေါ် ယုံမှားလွန် စိတ်ရောဂါစွဲကပ်နေသူ ဖြစ်ကြောင်းလည်း ထိုအမျိုးသမီးက ဆိုသည်။ သူသည် တစ်ခါတစ်ရံ နေ့အတန်ကြာ မအိပ်ဘဲနေပြီး ၎င်းအား ဆန့်ကျင်သူ ပူးပေါင်း လုပ်ကြံသူများအကြောင်း အငမ်းမရ ပြောကြောင်းလည်း ဆိုသည်။ ၎င်းတို့ ပရိဝုဏ်အတွင်း လက်နက်ကိုင် အစောင့်များရှိပြီး အထူးဖော်ပြချက် မရှိဘဲ မည်သူ့ကိုမျှ ထွက်ခွာခွင့်မပြုဟု ဆိုသည်။ ဂျုန်းစ်က ၎င်း၏ နောက်လိုက်များအား မိမိတို့လက်ဖြင့် မိမိကိုယ်ကို မိမိသတ်သေရန် မဖြစ်မနေလိုအပ်သည့် အချိန်မဝေးတော့ကြောင်း သတိပေးခဲ့သည်။ 'အဖြူရောင်ည' သို့မဟုတ် 'အရေးပေါ်အခြေ အနေ'ဆိုသည်ကို စခန်းအတွင်း မကြာခဏကြေညာပြီး ယင်းသို့ဖြင့် အစုလိုက် သတ်သေပွဲကို အစမ်းလေ့ကျင့်ထားသည်။

ကာလီဖိုးနီးယား ကွန်ဂရက်အမတ် လီယိုဂျေရိုင်ယန် (Leo J. Ryan) သည် ၎င်းအားထောက်ခံသူများထံမှ ဂျုန်းစ်၏ နောက်လိုက် ဖြစ်နေသူ များ၏ မိသားစုဝင်များနှင့်ပတ်သက်သည့် တောင်းဆို မှုများအပြား ရရှိခဲ့သည်။ ၎င်းအနေဖြင့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြု၍ တုံ့ပြန်ခဲ့သည်။ ဂျုန်းစ်၏ ခွင့်ပြု ချက်ဖြင့် ၁၉၇၈ ခုနှစ်၊ နိုင်ဝင်ဘာ ၁၇ ရက်နေ့တွင် ယင်းအုပ်စု နေထိုင်သည့် စခန်းသို့ အလည်လာခဲ့သည်။ ကွန်ဂရက်အမတ် သည် ယင်းစခန်း၌ လှည့်လည်ကြည့်ရှုပြီး ဂျုန်းစ်နှင့် တွေ့ဆုံသည်။

နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဘုရားကျောင်းအဖွဲ့ဝင် အချို့က ကွန်ဂရက် အမတ်နှင့်အဖွဲ့အား စခန်းမှ ထွက်ခွာသွားရန် တောင်းဆိုသည့် သတိ ပေးစာ ပေးအပ်ခဲ့သည်။ ရိုင် ယန်သည် သဘောတူခဲ့ပြီး ပြည်သူ့ဘုရားကျောင်း အဖွဲ့ဝင်အချို့ကို ၎င်းနှင့် အတူ ခေါ်ဆောင် သွားခဲ့သည်။ နိုဝင်ဘာ ၁၈ ရက်နေ့တွင် အကာအကွယ်မဲ့သည့် လေယာဉ် ဆင်းကွင်း၌ ဂျုန်းစ်၏ အမိန့်အရ ထင်ရှားသည့် ဂျုန်းစ် တောင်းမှ သေနတ်သမားများသည် ရိုင်ယန်နှင့် အဖွဲ့အား ချုံခိုတိုက်ခိုက်ခဲ့သည်။ ရိုင်ယန်အပါအဝင် အဖွဲ့ဝင်လေးယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အချို့အဖွဲ့ဝင်များမှာ တောထဲသို့ ထွက်ပြေး လွတ်မြောက် ခဲ့သည်။

၎င်းဆောင်ရွက်မှု၏ နောက်ဆုံးနှင့် ဖမ်းဆီးအရေး ယူခြင်းခံရ မှုကို ကြိုတင် တွက်ဆထားသည်ဖြစ်၍ ဂျုန်းစ်သည် ကြို တင်ပြင်ဆင် စီမံလေ့ကျင့်ထားသည့်အတိုင်း ပြုနေကျ 'အရေး ပေါ် အခြေအနေ'ကို ကြေညာလိုက်သည်။ ယင်းသို့ဖြင့် အထက်ဖော်ပြပါ အထူးဂရုတစိုက် စီမံလေ့ကျင့်ထားသည့် အစုလိုက်အပြုံလိုက် သတ်သေပွဲသည် နောက်ဆုံး၌ ဖြစ်ပျက်ခဲ့ ရသည်။ ပတ်ဝန်းကျင်ရှိ တောထဲသို့ ထွက်ပြေး လွတ် မြောက်ခဲ့သူ မဆိုစလောက် အနည်းငယ်မှတစ်ပါး အားလုံးမှာ မိမိကိုယ်ကို သတ်သေ သို့မဟုတ် အသတ်ခံ ခဲ့ကြရသည်။ ကလေးငယ် ၂၈ဝ ထက်မနည်း သေဆုံးခဲ့သည်။ ဂျုန်းစ်၏ အလောင်းကို ဂျုန်းစ်တောင်း၌ ဦး ခေါင်းတွင် သေနတ်ဒဏ်ရာ ပြင်းထန်စွာဖြင့် တွေ့ရှိခဲ့သည်။

ယင်းအစုလိုက်အပြုံလိုက် သတ်သေပွဲပြီးနောက် ၂၈ နှစ်အကြာ ၁၉၉၈ ခုနှစ်တွင် ယခု ဆန်ဖရန် စစ္စကိုမြို့ မြို့တော်ဝန်ဖြစ်နေသူ ဝီလီ ဘရောင်းက 'ဂျုန်းစ်တောင်းသည် ကျွန်ုပ်တို့ သမိုင်းတွင် ပထမဆုံး ဖြစ်ပျက်ခဲ့သည့် ကြေကွဲဖွယ်ဖြစ်ရပ် ဖြစ်ပြီး ယင်းသည် နာကျင်ပြီး ဆွေးမြေ့ဖွယ် ဖြစ်ရပ်အနေဖြင့် ကျန်နေဆဲဖြစ်သည်။ ဆန်ဖရန်စစ္စကို၏ ဤထိတ်လန့်ဖွယ် ဆုံးရုံးမှုကို သတိမရဘဲ တစ်နှစ်မှ မရှိပါ' ဝမ်းနည်းစွာ ဆိုသည်။

အမှန်သော် ယင်းဖြစ်ရပ်မျိုးသည် မြို့တော်ဝန်ကြီး ဝီလီဘရောင်း ပြောဘိသကဲ့သို့ သမိုင်းတွင် ပထမဆုံး ဖြစ်ရပ် မဟုတ်ချေ။ ထာဝရဘုရား၏ သေတ္တာကို ကြည်မိသောကြောင့် အသတ်ခံရသည့် ဗက်ရှေမက်မြို့သား ၅ဝဝ၇ဝ (၁ ရာ ၆။၁၉)တို့၏ ကံကြမ္မာထက်ပင် ဆိုရွားနိုင်ရာအံ့လော။

သမိုင်းတစ်လျှာက်တွင် ဘိုင်ဘယ်လ်ကျမ်းဟူသော အကြောင်းကြောင့် တစ်နည်းဆိုသော် ထာဝရ ဘုရားဟူသော လူတို့ဖန်ဆင်းသည့် အရူးဇာတ်ကောင်ကို အကြောင်းပြု၍ ခရူးဆိတ်လို စစ်ပွဲ ပေါင်းလည်း အကြိမ်ကြိမ် ဆင်နွဲခဲ့ရဖူးပြီ။ ဤမျက်စိတ်မှိတ် ယုံကြည်မှု ရှိနေသရွေ့ အနှီကဲ့သို့သော ကြေကွဲဖွယ် ဖြစ်ရပ်များ ထင်ရှားရှိနေဦးမည်လည်း ဖြစ်သည်။

အင်ကွီဇီရှင်း ဂိုဏ်းသားများလို အယူသည်း အစွန်းရောက် ခရစ်ယန် ဘုန်းကြီးတို့၏ လက်ချက်ကြောင့် ခေါင်းဖြတ်ခံရသူပေါင်းလည်း ခရစ်ယန်တို့၏ သမိုင်းရာဇဝင်တွင် ဘယ်၍ ဘယ်မျှဟု သင်္ချာဂဏန်း မပြညွှန်းနိုင်လောက်အောင် များပြာလှချေသည်။ ဇာတ်ကောင်၏ ဇက်ကွင်းကို နိုင်အောင် မထိန်းနိုင် သရွေ့ နှစ်ကာလ များမကြာမီ ကြားရပြန်သည့် ဟိုးလေးတကျော် လူသတ်ပွဲသတင်းများအရ အနာဂတ် ၌လည်း ဘုရားသခင်နှင့် တွေ့ဆုံရန်ဟူသော စိတ်ကူယဉ် ဆောင်းအိမ်မက်ကို လက်တွေ့ အကောင် အထည်ဖော်လိုသည့် ရူးသွပ်သူတို့၏ ဖြစ်ရပ်များ ရှိနေဦးမည်မှာ မြေကြီးလက်ခတ် မလွဲသာတည်း။

---------------------------

Read More...

၃၂။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၁ဝ)

ကမ္ဘာပေါ်က ဒုက္ခတွေ

ဆိုကရေတီး။ ။ အကယ်လို့ ဘုရားသခင်ဟာ ငြိမ်းချမ်း ကောင်းမြတ်သူဖြစ်ရင် လူတွေကို ဘာကြောင့် ညှဉ်း ပန်းရသလဲ၊ ကမ္ဘာမြေပေါ်က သွေးချောင်းစီးမှုတွေကို ဘာကြောင့် ခွင့်ပြုရုံမက အားပေး တောင်းဆိုမှု တောင် လုပ်ရသလဲ၊ လူတွေကို ဖြားယောင်းဖို့ ဆေတန်ကို ခွင့်ပြုရုံမက တောင်းဆိုပြီး လူတွေကို ညှဉ်းပန်းရတာလဲ၊ သူမသိဘဲ ဘာမှ မဖြစ်ပါဘူးလို့ ခင်ဗျား ပြောတဲ့အတိုင်းဆိုရင် ဘာလို့ အဲဒါတွေ ဖြစ် လာရတာလဲ။ အားလုံးကို သိ၊ အားလုံးကို ဖန်ဆင်း တဲ့ အနန္တတန်ခိုးရှင်ဟာ သူဖန်ဆင်းလိုက်တဲ့ လူတွေ က ပြုမူလာမယ့်နည်းကို သိရမှာဖြစ်လို့ အားလုံးကို ဘုရားသခင်ပဲ ဆုံးဖြတ်တာပဲ။

ယေရှု။ ။ဘုရားသခင်က လူတွေကို ရုပ်သေးရုပ်လို မဖြစ်စေချင်လို့ လွတ်လပ်ခွင့် ပေးခဲ့တာ။ ဘုရား သခင်ဟာ လူသားတွေ အပြစ်ရှိမှာကို မလိုလားပါဘူး။ လူတွေ အပြစ်ရှိသွားတဲ့အခါ ဘုရားသခင် အလွန်ပဲ စိတ်မကောင်း ဖြစ်တော်မူပါတယ်။

ဆိုကရေတီး။ ။ ဘုရားသခင်ဟာ သူဖန်ဆင်းခဲ့တဲ့ လူ့သဘာဝနဲ့ အခြားသော အရာတွေကို သိတဲ့ အတွက် စိတ်မကောင်း မဖြစ်နိုင်ပါဘူး။ သူဟာ အနန္တတန်ခိုး ရှင်ဖြစ်လို့ သူဟာ လူတွေ အပြစ်ရှိဖို့ ရည်ရွယ် ချက်ရှိခဲ့ပါတယ်။ အမှန်စင်စစ် ဘုရားသခင်ဟာ လူသားတွေကို လိုအင်ဆန္ဒတွေနဲ့ ကောက် ကျစ်မှုတွေကို ထည့်သွင်း ဖန်ဆင်းခြင်းဖြင့် အပြစ်ရှိအောင် လူတွေကို အတင်းအကျပ် လုပ်ခဲ့တာပဲ။

ယေရှု။ ။ ခင်ဗျားပြောတာတွေက ဘုရားသခင်ကို ဆန့်ကျင်နေပြီ။ ဘုရားသခင်ဟာ လူတွေရဲ့ ပျော်ရွှင်မှုအတွက် ကမ္ဘာလောက၊ ဂြိုဟ်နက္ခတ်အားလုံးနဲ့ တိရစ္ဆာန်တွေကို ဖန်ဆင်းခဲ့တာ။ ခင်ဗျားရဲ့ ပတ်ဝန်းကျင်က လှပတဲ့ကမ္ဘာကို ကြည်စမ်းပါ။ ခင်းဗျားကို အဲဒါလောက်တောင် ကောင်းတာတွေကို ပေးထားပါလျက် ဘုရားသခင်အကြောင်း အဲဒီလို ကြောက်စရာတွေ ပြောနိုင်ရသေးသလားဗျ။

ဆိုကရေတီး။ ။ ကျွန်ုပ်ကတော့ အဲဒါကို လုံးဝ မယုံဘူးခင်ဗျ။ ဒါလောက် ကိုယ်ကျင့်ပျက်၊ အလွန် အင်မတန် ကြမ်းတမ်းပြီး မုန်းစရာကောင်းတဲ့ ဘုရားသခင်က ဒါလောက်လှပတဲ့ ကမ္ဘာ လောကကို ဖန်ဆင်းနိုင်ပါ့မလား။ တစ်ချိန်က အဲဒီလို မကောင်းမှုတွေကို ပြုလုပ်ခဲ့တယ်ဆိုတဲ့ လူသားတောင် တစ်ချိန်မှာ အံ့သြဖွယ် ကိုယ့်ကျိုးစွန့်၊ သစ္စာတရား၊ စွမ်းပကားတွေနဲ့ ရှုပ်ထွေးတဲ့ လောကအပေါ် ကြင်နာမှု မျှတမှု အရည်အသွေးတွေကို ဖော်ပြနိုင်ပါသေးတယ်။ ခင်ဗျားရဲ့ ဘုရားသခင်မှာ အဲဒီ အရည်အချင်းတွေ ဘာမှမရှိဘူး။ ဘယ်လောက် ဆိုးသွမ်းသည် ဆိုစေ ခင်ဗျားပြောတဲ့ ဘုရားသခင်က သူ့ကို မလေးစားသူတွေကို ပြုလုပ်တဲ့ အလုံးစုံ ရန်ငြိုးဖွဲ့ ညှဉ်းပန်းမှုမျိုးကို လူသားတစ်ယောက် တောင်မှ အခြား လူသားတစ်ယောက်ကို မပြုလုပ်တာတော့ သေချာပါတယ်။ ဘယ်လောက်ပဲ မိုက်မိုက်မဲမဲ နှိပ်စက် သတ်ဖြတ်ခံရစေကာမူ အဘယ်မည်သော လူသားမဆို နောက်ဆုံးတော့ နှစ်ကာလတွေ ဆယ်စုနှစ်တွေ ရာစုနှစ်တွေ ကြာတဲ့အခါ သူ့ရဲ့ ရန်ငြိုး တဖြည်းဖြည်း ပြယ်ပျောက် ပြီးဆုံးသွားတာပဲ။

ယေရှု။ ။ ကျုပ်က လမ်းပြသူ၊ အမှန်တရားကို လက်ကိုထားသူ၊ အလင်းဆောင်သူပါ။ ကျုပ်မှတစ်ပါး ဘယ်သူမှ ဖခမည်းတော်ဆီကို မရောက်ပါဘူး။ ကျုပ်ပြောတာကိုယုံပြီး ထာဝရ ကောင်းကင်ဘုံကို သွားစမ်းပါ။ ကျုပ်ပြောတာကို လက်မခံရင် ထာဝရငရဲမှာ နှိပ်စက် ညှဉ်းပန်းတာကို ခံရမှာပဲ။

ဆိုကရေတီး။ ။ တကယ်လို့ ကျွန်ုပ် ခင်ဗျားရဲ့ စနစ်ကို လက်မခံရင် ကျွန်ုပ် ထာဝရ ညှဉ်းပန်းခံရ မယ်ဆိုတာကို သိပေမဲ့ ကျွန်ုပ်က ခင်ဗျားရဲ့ ဘုရားသခင်ကို ဆန့်ကျင်တဲ့ ဆေတန်ဖက်မှာ ရှိမှာပဲ။ ခင်ဗျား ဘုရားသခင်ရဲ့ မမျှတမှု ကောက်ကျစ်မှုကတော့ သိပ်ကြောက်စရာ ကောင်းတာပဲ။ ကွာလှမ်းတဲ့ တောင်စောင်းတွေမှာ လူရိုင်းတွေရဲ့ ကြောက်မက်ဖွယ် လူကို ယဇ်ပူဇော်တာတွေ ကျွန်ုပ် ကြားဖူး ပါတယ်။ အဲဒီလူရိုင်းတွေတောင် ထာဝရရန်သူအနေနဲ့ သူတို့ရဲ့ သားကောင်တွေအပေါ် မစဉ်းစားတာ သေချာတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ မျက်စိတစ်လုံး သရဲတွေ၊ ဂရိနတ်စုန်းတွေ၊ နတ်ဘုရား တွေအကြောင်းလည်း ကျွန်ုပ် ကြားဖူးပါတယ်။ ဒါပေမယ့် သူတို့တွေက ခင်ဗျားရဲ့ ဗျာဒိတ်ကျမ်းမှာ ဖော်ပြထးတာတွေနဲ့ နှိုင်းစာရင် တောရိုင်း တိရစ္ဆာန်လေးတွေလို ယဉ်ကျေးပြီး သိမ်မွေ့ပါသေးတယ်။ ဘုရားသခင်ရဲ့ ငြိမ်းချမ်းသော၊ ကြင်နာသော၊ အားလုံးကို ခွင့်လွှတ်သော သဘာဝကို ခင်းဗျား ကျွုန်ုပ်ကို ပြောပဲ ပြောတတ်ပလေ။

ယေရှု။ ။ ကျုပ်တို့က ဘုရားသခင်ရဲ့ သားသမီးတွေပါ။ ဘုရားသခင်က ကျုပ်တို့ ရဲ့ ဖခမည်းတော်ပါ။ ကျုပ်တို့ကို အပြစ်မရှိစေချင်ဘူး။ ဒါပေမယ့် အပြစ်ရှိရင်တော့ ဒဏ်ပေးရမှာပေါ့။ ဘုရားသခင်က မျှတပြီး ကြင်နာတတ်ပါတယ်။ ကျုပ်တို့ကိုယ်တိုင်ရဲ့ အမှားရှိမှသာ သားသမီးတွေဖြစ်တဲ့ ကျုပ်တို့ကို ထာဝရ ညှဉ်းပန်းတဲ့ ငရဲကို ပို့တာပါ။ ကျုပ်တို့ အပြစ်ရှိပြီး အာဒမ်နဲ့ အေဝလို မေထုန်ကို တပ်မက်တဲ့အခါမှာ ကျုပ်တို့ကို ထာဝရငရဲမှာ ထာဝရညှဉ်းပန်းပြီး အပြစ်ပေးဖို့မှတစ်ပါး ဘုရားသခင်မှာ အခြား ရွေးစရာ လမ်းမရှိပါဘူး။

--------------------------------
တွေ့ဆုံခန်း (၁၁) မှာ ထာဝရဘုရားထက် လူ့အရည်အချင်း သာလွန်ပုံကို ဆွေးနွေးပါတယ်။

Read More...

၃၁။ ဘာသာမတူ ငါ့ရန်သူ

ထာဝရဘုရားက ငါမှတစ်ပါး မကိုးကွယ်ရဟု ဆိုသည်။ တစ်ချိန်က ဘာသာမတူသူတွေကို အောက်ပါ အတိုင်း ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြသည်။ ယနေ့လည်း ကမ္ဘာအနှံ့အပြား၌ အကြမ်းဖက်မှုများ ရှိနေဆဲပင်။

Exodus 20:3: Thou shalt have no other gods before me. 4: Thou shalt not make unto thee any graven image, or any likeness of any thing that is in heaven above, or that is in the earth beneath, or that is in the water under the earth: 5: Thou shalt not bow down thyself to them, nor serve them: for I the Lord thy God am a jealous God, visiting the iniquity of the fathers upon the children unto the third and fourth generation of them that hate me.
ထွက် ၂ဝး၃။ ငါမှတစ်ပါး အခြားသောဘုရားကို မကိုးကွယ်နှင့်။ ၄။ အထက်မိုး ကောင်းကင်၌ လည်းကောင်း၊ မြေကြီး အောက်ရေထဲ၌ လည်းကောင်းရှိသော အရာနှင့် ပုံသဏ္ဌာန် တူအောင် ရုပ်တုဆင်းတုကို ကိုယ်အဘို့မလုပ်နှင့်။ ၅။ ဦးမချ ဝတ်မပြုနှင့်။ အကြောင်းမူကား သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၌ အပြစ်ရှိသည်ဟု ယုံလွယ်သောဘုရား၊ ငါ့ကို မုန်းသောသူတို့၏ အမျိုး အစဉ်အဆက်၊ တတိယအဆက်၊ စတုတ္တအဆက်တိုင်အောင် အဘတို့၏ အပြစ်ကို သားတို့၌ ဆပ် ပေးစီရင်သော ဘုရားဖြစ်သတည်း။

ယုံသူကို ကယ်အံ့ဟုလည်း ဟစ်ကြွေးသည်။
Mark 16:16: He that believeth and is baptized shall be saved; but he that believeth not shall be damned. 17: And these signs shall follow them that believe; In my name shall they cast out devils; they shall speak with new tongues; 18: They shall take up serpents; and if they drink any deadly thing, it shall not hurt them; they shall lay hands on the sick, and they shall recover.
မာကု ၁၆း၁၆။ ယုံကြည်၍ ဗတ္တိဇံကို ခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။ ၁၇။ ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသော ဘာသာစကားမျိုးတို့ကို ပြောကြလတံ့။ ၁၈။ မြွေတို့ကို ဖမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ် အ တောက်ကို သောက်စားလျှင် ဘေးဥပါဒ်နှင့် ကင်းလွတ်ကြလတံ့။ မကျန်းမာသော သူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ၏။

မုန်းသူကို ဖျက်ဆီးအံ့ဟုလည်း ခြိမ်းခြောက်သည်။
Malachi 1:2 I have loved you, saith the Lord. Yet ye say, Wherein hast thou loved us? Was not Esau Jacob's brother? saith the Lord: yet I loved Jacob, 3: And I hated Esau, and laid his mountains and his heritage waste for the dragons of the wilderness.
မာလခိ ၁း၂။ ထာဝရဘုရား မိန့်တော်မူသော စကားဟူမူကား သင်တို့ကို ငါချစ် လေပြီ။ အကျွန်ုပ်တို့ကို အဘယ်သို့ ချစ်တော်မူသနည်းဟု သင်တို့ မေးကြလျှင် ဧသောသည် ယာကုပ်၏ အစ်ကိုဖြစ်သည် မဟုတ်လော၊ သို့သော်လည်း ယာကုပ် ကို ငါချစ်၏။ ၃။ ဧသောကို ငါမုန်း၍ သူနေသော တောင်တို့ကို လွင်ပြင်ဖြစ်စေပြီ။ သူ့အမွေခံရာ မြေကို ခြေခွေးတို့၌ အပ်လေပြီဟု ထာဝရ ဘုရားမိန့်တော်မူ၏။

ချစ်သူကို ကယ်အံ့ဟုလည်း မြှူဆွယ်သည်။
Exodus 20:6: And shewing mercy unto thousands of them that love me, and keep my commandments. 7: Thou shalt not take the name of the Lord thy God in vain; for the Lord will not hold him guiltless that taketh his name in vain.
ထွက် ၂ဝး၆။ ငါ့ကိုချစ်၍ ငါ့ပညတ်တို့ကို ကျင့်သောသူတို့၏ အမျိုးအစဉ်အဆက် အထောင်အသောင်း တိုင်အောင် ကရုဏာကို ပြသော ဘုရားဖြစ်၏။ ၇။ သင်၏ ဘုရားသခင် ထာဝရဘုရား၏ နာမတော်ကို မုသာနှင့်ဆိုင်၍ မမြွက်မဆိုနှင့်။ အကြောင်းမူကား နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကို အပြစ်မရှိဟု ထာဝရဘုရား မှတ်တော်မမူ။

ပုန်ကန်သူကို ဖျက်ဆီးအံ့ဟုလည်း ကြိမ်းမောင်းသည်
Hosea 13:16 Samaria shall become desolate; for she hath rebelled against her God: they shall fall by the sword: their infants shall be dashed in pieces, and their women with child shall be ripped up.
ဟောရှေ ၁၃း၁၆။ ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့ သားတို့သည် ဓားဖြင့်လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို လည်း ကောင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမတို့သည် ဝမ်းခွဲခြင်းကိုလည်းကောင်း ခံရကြလိမ့်မည်။

ဘာသာမတူသည့် ဆွေမျိုး သုံးထောင်ကို သတ်ခိုင်းသည်။
Exodus 32:27: And he said unto them, Thus saith the Lord God of Israel, Put every man his sword by his side, and go in and out from gate to gate throughout the camp, and slay every man his brother, and every man his companion, and every man his neighbour. 28 And the children of Levi did according to the word of Moses: and there fell of the people that day about three thousand men.
ထွက် ၃၂း၂၇။ မောရှေကလည်း လူတိုင်း ဓားလွယ်လျက် တပ်တစ်မျက် နှာတံခါးမှ တစ်မျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား၍ အသီးအသီး မိမိညီအစ်ကို မိမိအပေါင်းအဖော် မိမိအိမ်နီးချင်းကို သတ်စေဟု ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အမိန့်ရှိတော်မူသည်ဟု ၂၈။ မောရှေ စီရင်သည်အတိုင်း လေဝိအမျိုးသားတို့သည် ပြု၍ ထိုနေ့၌ လူသုံးထောင်လောက် သေကြ၏။
Exodus 32:29: For Moses had said, Consecrate yourselves to day to the LORD, even every man upon his son, and upon his brother; that he may bestow upon you a blessing this day.
ထွက် ၃၂း၂၉။ တစ်ဖန် မောရှေက ထာဝရဘုရားသည် ယနေ့ ကောင်းကြီးပေးတော်မူစေခြင်းငှာ သင်တို့သည် အသီးအသီး ကိုယ်သား ကိုယ်ညီအစ်ကိုတို့ကို ထိခိုက်သောအားဖြင့် သင်တို့သည် ယနေ့ ကိုယ်ကို ချီးမြှောက်ကြပြီဟု ဆိုလေ၏။

မိမိသိမ်းသွင်းသော ဘာသာရေးကို မလိုက်နာကြသည့် လေဝိလူမျိုးများကို ထာဝရဘုရား၏ အမိန့် အရဆိုပြီး ဘာသာရေးခေါင်းဆောင် မိုးရှေက ထိုလူမျိုးတို့၏ ဆွေမျိုးသားချင်းများအား သတ်ခိုင်း သည်။ လူသုံးထောင်ကို သတ်ပစ်နိုင်သည့် အတွက် ၎င်းတို့ကို ထာဝရဘုရားသခင်က ကောင်းချီး ပေးခဲ့သည်။

ဘာသာမတူသည့် မိသားစုဝင်များကိုပင် သတ်ခိုင်းသည်။
Deuteronomy 13:6-7: If thy brother, the son of thy mother, or thy son, or thy daughter, or the wife of thy bosom, or thy friend, which is as thine own soul, entice thee secretly, saying, Let us go and serve other gods, which thou hast not known, thou, nor thy fathers; 7: Namely, of the gods of the people which are round about you, nigh unto thee, or far off from thee, from the one end of the earth even unto the other end of the earth;
တရား ၁၃း၆-၇။ သင်၏ညီအစ်ကိုရင်း၊ သင်၏သားသမီး၊ သင်၏ရင်ခွင်၌နေသော မယား၊ ကိုယ်ကဲ့သို့ မှတ်တတ်သော အဆွေခင်ပွန်း တစ်စုံတစ်ယောက်က သွား ကြစို့၊ သင်လည်းမသိ၊ ဘိုးဘေးတို့လည်း မသိသော အခြားတစ်ပါးသောဘုရား၊ ၇။ သင့်ပတ်လည် အနီးအဝေး၌ နေသောသူ၊ မြေကြီးစွန်းတစ် ဘက်မှသည် တစ်ဘက်တိုင်အောင် ကိုးကွယ်သောဘုရားကို ဝတ်ပြုကြစို့ဟု တိတ်ဆိတ်စွာ သွေး ဆောင်လျှင်၊

အခြားပုဂ္ဂိုလ်များ၏ ဟောပြောချက်ကို နားထောင်ရန် တားမြစ်သည်။ တားမြစ်ရုံမက ခဲနှင့်ပစ်ပေါက် သတ်ပစ်ရန် မိန့်ကြားသည်။
Deuteronomy 13:8 Thou shalt not consent unto him, nor hearken unto him; neither shall thine eye pity him, neither shalt thou spare, neither shalt thou conceal him: 9: But thou shalt surely kill him; thine hand shall be first upon him to put him to death, and afterwards the hand of all the people. 10: And thou shalt stone him with stones, that he die; because he hath sought to thrust thee away from the Lord thy God, which brought thee out of the land of Egypt, from the house of bondage.
တရား ၁၃း၈-၉။ သင်သည် ဝန်မခံရ။ သူ၏စကားကို နားမထောင်ရ။ သူ့ကိုမြင်သောအခါ မသနားရ။ နှမြောသဖြင့်ဝှက်၍ မထားရဘဲ သူ့ကို အမှန်သတ်ရမည်။ ၉။ သူသည် အသေသတ်ခြင်းကို ခံစိမ့် သောငှာ သင်သည် အဦးပြုပြီးမှ လူအပေါင်းတို့သည် ပြုရကြမည်။ ၁ဝ။ ကျွန်ခံနေရာ အဲဂုတ္တ ပြည်မှ သင်တို့ကို နှုတ်ဆောင်တော်မူသော သင်၏ ထာဝရဘုရားသခင်ထံတော်မှ လွဲစေခြင်းငှာ ကြံစည် သောကြောင့် ထိုသူကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ကြရမည်။
Malachi 2:2 If we will not hear and if we will not lay it to heart, to give glory unto my name, salth the Lord of hosts, I will even send a curse upon you, and I will curse your blessings: yea, I have cursed them already, because ye do not lay it to heart.
မာလခိ ၂း၂ ငါ၏ နာမတော်ကို ချီးမွမ်းလိုသောငှာ သင်တို့သည် နားမထောင်၊ နှလုံးမသွင်းဘဲနေလျှင်၊ ကျိန်ခြင်းဘေးကို သင်တို့ အပေါ်သို့ ငါလွှတ်လိုက်မည်။ သင်တို့၏ မင်္ဂလာကို အမင်္ဂလာ ဖြစ်စေမည်။ ထိုမျှမက နှလုံးမသွင်းဘဲ နေသောကြောင့် ယခုပင် အမင်္ဂလာဖြစ်စေပြီ။

ကမ္ဘာပေါ်ရှိ လူဦးရေအားလုံးထဲမှ ထာဝရဘုကားကို ယုံသူတွေ နားထောင်သူတွေကို နုတ်လိုက်လျှင် ကျန်လူဦးရေ အားလုံးမှာ ဘုရားသခင်၏ ရန်သူများ သို့မဟုတ် ထာဝရဘုရား၏ ကျိန်ဆဲခံပုဂ္ဂိုလ်များ ဖြစ်ကြောင်း နားလည်လိုက်နိုင်သည်။

------------------------------------

Read More...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP