၈။ အမှောင်ခေတ်

သွေးစွန်းနေ့ရက်များ
ခရစ်ယန်ဘာသာသည် ရောမအင်ပါယာတွင် နိုင်ငံတော်ဘာသာဖြစ်လာပြီး မကြာမြင့်မီ ပေဂန်ဝါဒီ (ခရစ်ယန်မတိုင်မီ တည်ရှိပြီးဝါဒကို ယုံကြည်သူ) ဓမ္မဆရာများနှင့် ပေဂန်ဝါဒီ ထောင်ပေါင်းများစွာတို့ကို သတ်ပစ်သည်။ အေဒီ ၆ ရာစုထိ အပြစ်မဲ့ ပေဂန်ဝါဒီ ထောင်ပေါင်းများစွာ ကွပ်မျက်ခံရသည်။ ပေဂန်ဘုရားကျောင်း များစွာကိုလည်း ဖျက်ဆီးပစ်သည်။ ထိုအချိန်က မတ်ခ်အမည်ရှိ ခရစ်ယန် ဘုန်း ကြီးမှာ ပေဂန်ဘုရားကျောင်းများကို ဦးဆောင် ဖျက်ဆီးရာတွင် နာမည် အလွန် ကျော်ခဲ့သည်။ အေဒီ ၃၅၆ တွင် ပေဂန်ဘာသာကို ကိုးကွယ်လျှင် သေဒဏ် ပေးခံရသည်။ ခရစ်ယန်ဝါဒီ သီအိုဒိုဆီ ယပ်စ်ဘုရင် (အေဒီ ၄ဝ၈-၄၅ဝ)သည် ပေဂန်ရုပ်တုများနှင့် ဆော့ကစားသည့် ကလေးများကိုပင် ကွပ် မျက်ပစ်ခဲ့သည်။ ခရစ်ယန်သမိုင်းများအရ ထိုဘုရင်သည် ခရစ်ယန်အဆုံးအမ အားလုံးကို အတိ အကျ လိုက်နာသည် ဟုဆိုသည်။

အေဒီ ၄ ရာစုအစောပိုင်းတွင် ခရစ်ယန်ဘာသာကို ဆန့်ကျင်သည့် တွေးခေါ်ရှင် ဆိုပါရိုသည် ခရစ် ယန်ဘုန်းကြီးများ၏ တောင်းဆိုမှုကြောင့် ကွပ်မျက် ခံရသည်။ အယူသည်း ခရစ်ယန်ဝါဒီ ရောမ အင်ပိုင်ယာ ကားလ်သည် အေဒီ ၇၈၂ တွင် ခရစ်ဝါဒသို့ မကူးပြောင်းလိုသည့် ဆတ်ဆွန်လူမျိုး ၄၅ဝဝ ကို ခေါင်းဖြတ်ခဲ့သည်။ အေဒီ ၁၂၃၄ တွင် ဘုရားကျောင်းသို့ အခွန်မပေးသဖြင့် ဂျာမနီနိုင်ငံ စတေဒင်မြို့သား လယ်သမား ၅ဝဝဝ မှ ၁ဝဝဝဝ လောက်ကို အောတင်းနက်စ်မြို့ အနီး၌ ကွပ်မျက် ပစ်ခဲ့သည်။

ဟိုက်ပါတီယာ (အေဒီ ၃၇ဝ-၄၁၅)
အလက်စန္ဒြီယာမြို့သူ ဟိုက်ပါတီယာသည် ကမ္ဘာကျော် သင်္ချာ ပါရဂူဖြစ်ပြီး ဒဿနနှင့် နက္ခတ္တဗေဒ ပညာကျော်လည်း ဖြစ် သည်။ သူ့အဖေမှာ သင်္ချာပညာကို ပို့ချသူ ကျောင်းဆရာ ဖြစ် သည်။ သူ့အဖေမှာ သူ့ဆရာပင် ဖြစ်သည်။ ဟိုက်ပါတီယာ သည် အေသင်နှင့် အီတလီမြို့များသို့ သွားရောက် ပညာသင် ယူခဲ့သည်။ အေဒီ ၄ဝဝ လောက်မှာ အလက်စန္ဒြီယားမြို့ရှိ ပလေတိုကျောင်း၏ ကျောင်းအုပ် ဖြစ်လာပြီး ပလေတိုနှင့် အရစ္စတိုတယ်တို့၏ ဒဿနပညာဆိုင်ရာ ကျမ်းစာများကို ပို့ချ သည်။ အိမ်ထောင်မပြုဘဲ အပျိုစင်ဘဝဖြင့် နေထိုင်သွားခဲ့ ကြောင်း သိရသည်။

ဟိုက်ပါတီယာ၏ သင်ကြားချက်များသည် ခရစ်ယန်ဘာသာ ရေးကို ဆန့်ကျင်သောကြောင့် ခရစ်ယန် ဘုန်းကြီးများ၏ ရန်ငြိုးဖွဲ့ ခြင်းခံရသည်။ သို့ဖြင့် အေဒီ ၄၁၅ မတ်လတွင် သူမသည် မိမိနေအိမ်သို့ ရထားဖြင့် ပြန် လာစဉ် ပီတာအမည်ရှိ ခရစ်ယန်ဘုန်းကြီး ဦးဆောင်သည့် အကြမ်းဖက်အုပ်စုက သူမ၏ ကိုယ်ပေါ်မှ အဝတ်အစားများကို ဆွဲချွတ်ပြီး ဗလာကိုယ်ချည်းပြုလျက် ဘုရားကျောင်း တစ်ခုအတွင်းသို့ ဆွဲယူ သွားပြီး ထိုကျောင်းထဲတွင် ချွန်ထက်သည့် မှန်ကွဲ မှန်စများဖြင့် ခန္ဓာကိုယ်ကို တစ်စစီ ဖြစ်အောင် ဆုတ်ဖြဲလျက် သတ်ဖြတ်လိုက်ကြသည်။

ဘရူနို (၁၅၄၈-၁၆ဝဝ)
အီတလီလူမျိုး တွေးခေါ်ရှင်ဖြစ်သည်။ ပထမတွင် ခရစ်ယန် ဘုန်းကြီးအဖြစ် သက်မွေးဝမ်းကျောင်း ပြု သည်။ ၁၅၇၆ ခုနှစ်တွင် ဘုန်းကြီးအဖြစ်ကို စွန့်လွှတ် လိုက်သည်။ အရပ်တကာလှည့်ပြီး မိမိ၏ အတွေး အ ခေါ်များကို သင်ကြားပေးသည်။ ၁၅၈၃ တွင် တတိယ ဟင်နရီဘုရင်က ၎င်းအား နှစ်သက်ပြီး အင်္ဂလန်သို့ ပို့ခဲ့သည်။ အောက်စဖို့တက္ကသိုလ်မှာ ဆရာလုပ်သည်။ ယင်းနောက် အမိနိုင်ငံ (အီတလီ) ဗင်းနစ်မြို့သို့ ပြန် လာသည်။

၁၈၅၄ ခုနှစ်တွင် ရေးသားခဲ့သည့် On the Infinite Universe and Worlds အမည်ရှိကျမ်းစာ၌ 'မရေ မတွက်နိုင်သော နေတို့သည် တည်ရှိ၏။ မရေမတွက် နိုင်သော ကမ္ဘာတို့သည် ယင်းနေများကို လှည့်ပတ်နေကြ၏။ ယင်းကမ္ဘာတို့၌ သက်ရှိတို့ နေထိုင် ကြ၏'ဟု ဆိုခဲ့သည်။ ခရစ်တော်အား ကောင်းကင်ဘုံနှင့် ဆက်စပ်မှုကို ငြင်းဆိုမှုကြောင့် ၁၆၉၂ တွင် ရောမမြို့ရှိ ခရစ်ယန် အစွန်းရောက်အဖွဲ့ (Inquisition) က ၎င်းအား ထောင်ချသည်။ ခရစ်ယန် ဘာသာရေးကို ဆန့်ကျင်သည်ဆိုပြီး ထိုအဖွဲ့က ၎င်းအား အရှင်လတ်လတ် မီးရှို့ သတ်လိုက်ကြသည်။

ခရူးဆိတ်စစ်ပွဲများ
အေဒီ ၁ဝ၉၅ တွင် ဒုတိယ ပုပ်ရဟန်းမင်း ဥဘန်၏ အမိန့်ဖြင့် ခရူးဆိတ် စစ်ပွဲ ဖြစ်ပွားသည်။ အေဒီ ၁ဝ၉၈ ခုနှစ် ဇန်နဝါရီလအထိ မြို့တော် ၄ဝ နှင့် ရဲတိုက် ၂ဝဝ ကို အောင်မြင်သည်။ သေဆုံးသူ အရေ အတွက် မသိရ။ တူရကီကို အောင်နိုင်ပြီးနောက် လူပေါင်း ၆ဝဝဝဝ မှ ၁ဝဝဝဝဝ ထိ သေဆုံးသည်။ အောင်နိုင်သူ ဂျေရုဆလင်မြို့သား ခရစ် ယန်တို့သည် တူရကီလူမျိုး ခလေးလူကြီးမကျန် လူ ၆ဝဝဝဝ ကို သတ်ပစ်သည်။

ထိုတိုက်ပွဲကို မျက်စိဖြင့် မြင်တွေ့ခဲ့ရသူ ခရစ်ယန်သမိုင်းဆရာ အာဘိရှိုက 'ကွပ်မျက်ခံရသူများမှာ အလွန် များပြား၏။ နေရာတိုင်းတွင် လူ့ခန္ဓာကိုယ်များ အပိုင်းအစများ ကြဲပြန့်နေ၏။ မြို့လမ်းများသည် ကွပ်မျက်ခံရသူတို့၏ သွေးများဖြင့် ရဲရဲနီ၏။ ကြည့်မိသူတိုင်း ခေါင်းပြတ် ကိုယ်ခန္ဓာများ၊ နုပ်နုပ်စဉ်း ထားသည့် ကိုယ်များကိုသာ အရပ်မျက်နှာတိုင်း၌ တွေ့ရသဖြင့် ကြောက်ဖွယ်လိလိတည်း။ အောင်နိုင် သူများ၏ ကိုယ်ပေါ်၌လည်း ခေါင်းမှခြေထိ သွေးများဖြင့် လိမ်းကျံ၏။ တွေ့မိသူတိုင်း ချောက် ချားရ၏။ ဘုရားကျောင်းတစ်ခု အတွင်းမှာပင် လူတစ်သောင်းကို သတ်ပစ်သည်ဟု သိရ၏' ဟု ရေးခဲ့သည်။

ခရစ်ယန်သမိုင်းကျမ်းတစ်စောင်၌ နောက်နှစ် နွေရာသီတွင် ပါလက်စတိုင်း မြေနေရာအနှံ့တွင် သွေညှီ နံ့ဖြင့် ညစ်ညမ်းလျက်ရှိသည်ဆို၏။ ပထမခရူးဆိတ် စစ်ပွဲတစ်ခုမှာပင် လူတစ်သန်း သေကြေ ခဲ့သည်ဆို၏။ ၈-၁၂-၁ဝ၉၉ တွင် ဖြစ်ပွားသည့် အာကလုန်စစ်ပွဲတွင် ယင်းကျမ်းအဆို “ငါတို့ ဘုရားသခင် ယေရှုခရစ်၏ အမည်တော်ဖြင့် (in the name of Our Lord Jesus Christ)” လူ ၂ဝဝ,ဝဝဝ ကို သတ်ပစ်ခဲ့သည်။ အေဒီ ၁၂ဝ၄၊ ကွန်စတန်တင်လိုပီမြို့တွင် ဖြစ်ပွားသည့် စတုတ္ထ ခရူးဆိတ်စစ်ပွဲ၌ အရေအတွက် မသိရသော်လည်း လူထောင်ပေါင်းများစွာ သေကြေကြ၏။ ခရစ်ယန် အများစုမှာ မူဆလင်တို့၏ သတ်ဖြတ်ခြင်းကို ခံရသည်။ ကျန်ခရူးဆိတ်စစ်ပွဲများကို အတိအကျ မသိရ။ သို့သော် ၁၂၉၁ ခုနှစ် အက္ကန်မြို့ ကျဆုံးချိန်ထိ မြင့်မြတ်ရာမြေ (The Holy Land)၊ အာရပ်နှင့် တူရကီ ဧရိယာ အတွင်းမှာပင် လူပေါင်း သန်း ၂ဝ မျှ သေကြေကြရ၏။

အင်ကွိဇိရှင်း
၁၂၂၉ တွင် ခရူးဆိတ်စစ်ပွဲ ပြီးဆုံးပြီးနောက် ၁၂၃၂ တွင် ကြွင်းကျန်နေသေး သို့မဟုတ် ပုန်းအောင်း နေကြသည့် ခရစ်ယန် မဟုတ်သူ များကို ကွပ်မျက်ရန် Inquisition (ခရစ်ယန် မဟုတ်သူများကို ကွပ်မျက်သည့် အဖွဲ့) ကို တည်ထောင်သည်။ ၁၃၂၄ တွင် နောက်ဆုံး ချာတာ ခရစ်ယန်ဝါဒီ တစ်သန်းမျှကို လက်ဝါး ကပ်တိုင်၌ မီးတင်ရှို့ သတ်ပစ်သည်။

ခရစ်ယန်ဝါဒကို ဝေဖန်သူ ဂျွန်ဟပ်စ် (John Huss) သည် ၁၄၂၅ တွင် အရှင်လတ်လတ် မီးရှို့ သတ်ခံရသည်။ ရေဖျန်းခရစ်ယန် ခေါင်းဆောင် မိုက်ကယ် ဆတ္တလာသည် အေဒီ ၁၅၂၇ တွင် ဂျာမနီနိုင်ငံ ရိုတင်ဘတ်မြို့၌ မီးရှို့သတ် ခံရသည်။ ရက်အတန်ကြာပြီးနောက် သူ့ဇနီးနှင့် သူ့နောက်လိုက် များကိုလည်း ကွပ်မျက်ပစ်သည်။ တက္ကသိုလ် ပါမောက္ခ ဘီဟတ်မိုင်ယာ (B.Hubmaier) လည်း ၁၅၃၈ တွင် မီးရှို့သတ်ခံရသည်။ အသက် ၂၄ နှစ်အရွယ် စကော့လူမျိုး အိုက်ဒင်ဘတ် တက္ကသိုလ် ကျောင်းသား သောမတ်စ်လည်း ဖန်ဆင်းရှင်ကို မယုံသောကြောင့် မီးရှို့သတ်ခံရသည်။ ပဉ္စမ ပုပ်ရဟန်းမင်း ပီယတ်စ်၏အမိန့်ဖြင့် ပရိုတက်စတက် ခရစ်ယန်ဝါဒီ ပြင်သစ်လူမျိုး ၆,ဝဝဝ ကို ရေမျှော ပစ်လိုက်သည်။

အမှောင်ခေတ်
၁၇ ရာစုတွင် ရိုမန် ကက်သိုလစ် ဘုန်းကြီးများက ပရိုတက်စတက် ခေါင်းဆောင် ဂက်စပါဒီ ကိုလီနီ ကို သတ်ပစ်၏။ ယင်း၏ ဦးခေါင်းကို ဖြတ်၊ လက်ကို ဖြတ်၊ ကိုယ်ကို နုပ် နုပ်စဉ်းပြီးနောက် မြစ်ထဲသို့ ပစ်ချလိုက်သည်။ သို့သော် ၎င်းသည် ငါးတို့၏ အစာပင် မဖြစ်သင့်ဟု ယူဆပြီး ရသမျှကို ပြန်ဆယ်ယူပြီး ကျီးကန်းစာ ယင်ရွဲစာ ကျွေးပစ်သည်။ ၁၇ ရာစု၌ ကက်သိုလစ်တို့က ပရိုတက်စတက် ၃ဝဝဝဝ ကို ဂျာမနီနိုင်ငံ မက်ဒင်ဘတ်မြို့၌ ကွပ်မျက်ပစ်၏။ ဘုရားကျောင်းတိုင်းမှာ အနည်းဆုံး အမျိုးသမီးငါးဆယ် ခေါင်းဖြတ်ခံရကြောင်း၊ အချို့ နို့စို့ကလေးများမှာ ၎င်းတို့၏ ဝိညာဉ်မဲ့မိခင်များ၏ နို့ကို စို့လျက်ရှိသေးကြောင်း ကဗျာဆရာ ဖရက်ဒရစ်ရှယ်လာက ရေးခဲ့သည်။ ယင်းခေတ်ကို သမိုင်းပညာရှင်များက ကမ္ဘာ့ သမိုင်း၏ အမှောင်ခေတ်ဟု ဆိုကြသည်။

------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP