၂၅။ ထာဝရဘုရား၏ ရက်စက်မှုများ

ထာဝရဘုရားသည် မိမိကို ယုံကြည်သူများအပေါ် ကရုဏာမေတ္တာထားပြီး ခွင့်လွှတ်တတ်သည်ဆို၏။ သို့ရာတွင် မယုံသူများကိုမူကား ကွပ်မျက်ပစ်သည်။
Ex 34:6: And the Lord passed by before him, and proclaimed, The Lord, The Lord God, merciful and gracious, longsuffering, and abundant in goodness and truth.
ထွက် ၃၄း၆။ ထာဝရဘုရားသည် ၎င်း(မောရှေ)ရှေ့ ၌ ကြွသွားတော်မူလျက်၊ ထာဝရဘုရား .. ထာဝရ ဘုရား၊ ချစ်သနားခြင်း မေတ္တာကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သစ္စာစောင့်ခြင်းနှင့် ကြွယ်ဝတော်မူထသော (ဘုရားသခင်ဟု) ကြွေးကြော်တော်မူ၏။

Psa 86:5: For thou, Lord, art good, and ready to forgive; and plenteous in mercy unto all them that call upon thee.
ဆာလံ ၈၆း၅။ အိုထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းသောသဘော၊ သည်းခံတတ်သော သဘောနှင့် ပြည့်စုံ၍ ကိုယ်တော်ကို ပဌနာပြုသောသူ အပေါင်းတို့အား ကရုဏာတော် ကြွယ်ဝပါ၏။

အပြစ်ပေးမည်ကြံပြီးမှ နောင်တရသည်လည်း ရှိသည်။
Ex 32:14: And the Lord repented of the evil which he thought to do unto his people.
ထွက် ၃၂း၁၄။ ထာဝရဘုရားသည် မိမိလူတို့အား အပြစ်ပေးမည်အကြံကို နောင်တ ရတော်မူ၏။

သေတ္တာကို ကြည့်မိရုံနှင့် လူ ၅ဝ,ဝ၇ဝ ကို သတ်ပစ်လိုက်သည်။
1 Sam 6:19: And he smote the men of Beth-shemesh, because they had looked into the ark of the Lord, even he smote of the people fifty thousand and threescore and ten men: and the people lamented, because the Lord had smitten many of the people with a great slaughter.
၁ ရာ ၆း၁၉။ ဗက်ရှေမက် မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသော ကြောင့် လူခုနစ်ဆယ်နှင့် လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရ ဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့် လူများတို့သည် ငိုကြွေး မြည်တမ်းကြ၏။

ထာဝရဘုရားသည် စစ်တိုက်ဖို့ ညွှန်ကြားသည်။
Num 31:4-6: Of every tribe a thousand, throughout all the tribes of Israel, shall ye send to the war. 5: So there were delivered out of the thousands of Israel, a thousand of every tribe, twelve thousand armed for war. 6: And Moses sent them to the war, a thousand of every tribe, them and Phinehas the son of Eleazar the priest, to the war, with the holy instruments, and the trumpets to blow in his hand.
တော ၃၁း၎-၆။ ဣသရေလအမျိုးအနွယ်တို့တွင် တစ်မျိုးတစ်မျိုးထဲက လူတစ်ထောင်စီရွေး၍ စစ်ချီ စေဟု စီရင်သည့်အတိုင်း ၅။ ဣသရေလ အမျိုးသား အထောင်အသောင်းတို့တွင် တစ်မျိုးတစ်မျိုး ထဲက စစ်တိုက်လက်နက်ပါသောသူ တစ်ထောင်စီ၊ လူတစ်သောင်း နှစ်ထောင်ကို အပ်၍ ၆။ မောရှေ သည် ထိုသူတို့ကို လည်းကောင်း သန့်ရှင်းသော လက်နက်နှင့်တကွ မှုတ်ရာ တံပိုးတို့ကို ကိုင်သော ယဇ်ပုရောဟိတ် ဧလာဇာသား ဖိနဟတ်ကိုလည်းကောင်း စစ်ချီစေ၏။

--------------------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP