၁၈။ လွတ်မြောက်ရာ နေ့

သမ္မာကျမ်းစာပိုဒ်
တောလည်ရာကျမ်း အခန်း ၁၂ ကို ဖတ်ကြည့်လျှင် လွတ်မြောက်ရာနေ့ အကြောင်းကို နားလည် လိမ့်မည်။ ဤနေရာ၌ အီဂျစ်အာဏာပိုင် ဖာရောဘုရင်အုပ်ချုပ်မှုမှ အစ္စရေးတို့၏ လွတ်မြောက်သော နေ့ဟု အကျဉ်းချုပ် မှတ်နိုင်သည်။ သမ္မာကျမ်းမှ အကျည်းတန် မလှပသည့် စာပိုဒ် နှစ်ခုလောက်ကို စာမြည်း သဘောဖြင့် ထုတ်ပြလိုက်သည် -

Exodus 12:12 On that same night I will pass through Egypt and strike down every firstborn--both men and animals--and I will bring judgment on all the gods of Egypt. I am the LORD.
ထွက် ၁၂း၁၂ ယနေ့ညတွင် အဲဂုတ္တုပြည်ကို ငါသည် ထုတ်ချင်းခတ်သွား၍ အဲဂုတ္တုပြည်၌ရှိသော သားဦးများနှင့် တိရစ္ဆာန်တို့၏ သားဦးများ အပေါင်းတို့ကို ဒဏ်ခတ်၍ အဲဂုတ္တုပြည်၏ ဘုရားတို့ကို တရား စီရင်မည်။ ငါသည် ထာဝရဘုရား ဖြစ်၏။

Exodus 12:29 At midnight the LORD struck down all the firstborn in Egypt, from the firstborn of Pharaoh, who sat on the throne, to the firstborn of the prisoner, who was in the dungeon, and the firstborn of all the livestock as well. Pharaoh and all his officials and all the Egyptians got up during the night, and there was loud wailing in Egypt, for there was not a house without someone dead.
ထွက် ၁၂း၂၉ သန်းခေါင်အချိန်၌ ထာဝရဘုရားသည် နန်းထိုင်သော ဖာရောဘုရင်၏ သားဦးမှစ၍ ထောင်ထဲမှာ အချုပ်ခံသောသူ၏ သား ဦးတိုင်အောင် အဲဂုတ္တုပြည်၌ သားဦးရှိသမျှကို လည်းကောင်း၊ တိရစ္ဆာန် တို့၏ သားဦးရှိသမျှကို လည်းကောင်း ဒဏ်ခတ်တော်မူ၏။

ဖာရောဘုရင်၏အပြစ်
ဖာရောဘုရင်သည် သမ္မာဘုရား အထူးရွေးချယ်ထားသည့် အစ္စရေးလူမျိုးများအား ကျွန်ပြု၍ မညှာ မတာ ကြမ်းကြုတ်စွာ အုပ်ချုပ်၏။ ထို့ကြောင့် သမ္မာဘုရားသည် အချစ်တော် အစ္စရေးတို့အား ကယ်တင်လိုသဖြင့် အဆိုပါ ညတစ်ညတွင် သိုးငယ်သားဖြင့် ညစာစားပြီးနောက် အိမ်တံခါးဝတွင် ယင်းသိုးငယ်၏သွေးဖြင့် သုတ်လိမ်းပြီး အမှတ်အသားပြုရန် မိုးရှေမှတစ်ဆင့် ညွှန်ကြား၏။ အ ကြောင်းမှာ ထိုည၌ သမ္မာဘုရားသည် အီဂျစ်ပြည်ရှိ အိမ်မွေးတိရစ္ဆာန်များ အပါအဝင် သားဦး ကလေးများကို သတ်ရန် သေမင်းတမန်နတ် (ပုလိပ်ရောဂါကို ရည်ရွယ်သည်)ကို လွှတ်သောအခါ ထိုအမှတ်အသားကို ကြည့်၍ အစ္စရေးတို့အား မသတ်ဘဲ ချန်ထားနိုင်ရန် ဖြစ်၏။ ကြွင်းသည့် အီဂျစ် တစ်နိုင်ငံလုံးရှိ သားဦးကလေးများနှင့် အိမ်မွေး တိရစ္ဆာန်များပါ မကျန်ကိုကား သမ္မာဘုရား၏ အမိန့်ဖြင့် သေမင်းတမန်နတ်က သတ်ပစ်၏။ အစ္စရေးလူမျိုးတို့ကား ယင်းနေ့ကို လွတ်မြောက်ရာနေ့ဟု ယနေ့ တိုင် အထ်မ်းအမှတ်ပြု ပွဲလမ်းသဘင် ကျင်းပကြ၏။ သမ္မာဘုရားက လူသားတို့အပေါ် ထားရှိသည် ဆိုသော မေတ္တာတရားကား အဂတိလိုက်မှု မကင်းကြောင်း အလွန် ရှင်းလင်းစွာ တွေ့ရသည်။

သမ္မာကျမ်းလာ ဖြစ်ရပ်များကို ဖတ်ကြည့်ပါက သမ္မာဘုရား စိတ်ဆိုးပုံများ၊ ၎င်း၏စကားကို နား မထောင်သူများ၊ စကားကို နားထောင်ပြီး အလွန်နီးစပ်သူများနှင့် ပတ်သက်နေသည်ကို တွေ့ရသည်။ ယင်းဖြစ်ရပ်များမှာ သမ္မာဘုရား၏ မမျှတမှုနှင့် လူသားများအပေါ် ရက်စက်ပြီး မေတ္တာတရား ကင်းမဲ့ပုံကို ပေါ်လွင်စေ၏။ အထက်ပါ သမ္မာကျမ်းမှာ ဖော်ပြသည့် ဖြစ်ရပ်ကို ဖတ်ပြီးသောအခါ ယင်းမညီမျှမှု မျက်နှာ သာပေးမှုများကြောင့်ပင် ၎င်းကို ဆန့်ကျင်သည့် အလ္လာဟုဘုရား ကဲ့သို့သော အခြားသတ္တိခဲ ဘုရား တစ်ဆူနှင့် ယင်းကို သြဇာခံသည့် အယူသည်း ဘာသာရေး အုပ်စုတစ်ခု ပေါ်လာခြင်း ဖြစ်ဖွယ်ရှိကြောင်း မှတ်ချက် ပြုနိုင်သည်။

.......................

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP