၃၃။ ဂျုန်းစ်တောင်းမြို့ အစုလိုက်လူသတ်ပွဲ

၁၉၇၈ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၈ ရက်နေ့တွင် အမေ ရိကန် ဘာသာရေးအစွန်းရောက် ခေါင်းဆောင် ဂျင်မ် ဂျုန်းစ် (Jim Jones) နောက်လိုက် ၉၁၂ ယောက် (ပြည်သူ့ဘုရားကျောင်း) သည် အမေရိကန်နိုင်ငံ တောင်ပိုင်း ခေါင်းဖျားလှသည့် ဗြိတစ်ရှ် ဂူယာနာ (British Guyana) မြို့ ဂျုန်းစ်တောင်းဟု ခေါ်သော တောကြီးတစ်နေရာ၌ သေပွဲဝင်ခဲ့ကြသည်။ အဖွဲ့ဝင် အချို့မှာ သေနတ်ဖြင့်ပစ်သတ် သေဆုံးပြီး အချို့မှာ အဆိပ်သောက်ပြီး သေရန် အတင်းအကျပ် ပြုခဲ့ကြ သည်။ အများစုမှာ 'တော်လှန်သည့် ကိုယ့်ကိုယ်ကို သတ်သေခြင်း' ဟု ဂျုန်းစ် ပြောသည့်အတိုင်း လိုလားစွာ ပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

ဂျုန်းစ်သည် အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်၊ အင်ဒီယာပိုလစ်စ်မြို့၌ လွတ်လပ်သည့် ဘုန်းကြီးအဖြစ် ၁၉၅၃ ခုနှစ်တွင် ၎င်း၏ ဘာသာရေး လုပ်ငန်းကို စတင်ခဲ့သည်။ ယင်းနောက် ၁၉၆၄ ခုနှစ်တွင် 'ခရစ်တော်၏ သာဝကများ' (The Disciples of Christ) အသင်းဝင် ဘုန်းကြီးအဖြစ် ခံယူခဲ့သည်။ ၁၉၇၁ ခုနှစ်ကုန်တွင် ၎င်း၏အသင်းကို ကာလီဖိုးနီးယားသို့ ပြောင်းရွှေ့ခဲ့ပြီး နောက်ဆုံး တွင် ဘုရားကျောင်းနှစ်ခု တည်ထောင်ခဲ့သည်။ အဓိကဘုရားကျောင်းမှာ ဆန်ဖရန်စစ္စကိုမြို့၌ ရှိ သော်လည်း လော့စ်အိန်ဂျယ်လိစ်စ်မြို့၌ နောက်တစ်ကျောင်း ထပ်ဖွင့်သည်။ ပြည်သူ့ဘုရားကျောင်း သည် ၁၉၇ဝ ပြည့်လွန်နှစ်များ၌ အဖွဲ့ဝင် ၈ဝဝဝ ကျော်အထိ တိုးတက်ခဲ့သည်။ လူမျိုးပေါင်းစုံ ပါဝင်ကြ သော်လည်း ဂျုန်းစ်၏ နောက်လိုက်အများစုမှာ အာဖရိကန် အမေရိကန် (လူမည်း) များဖြစ်ကြသည်။

ဂျုန်းသည် တစ်ချိန်က ဆန်ဖရန်စစ္စကိုမြို့၌ ရန်ပုံငွေများရှာဖွေပေးပြီး နိုင်ငံ ရေးခေါင်းဆောင်များအား ကူညီထောက်ပံ့ရန် လုပ်အားပေးများ ရှာဖွေပေးခဲ့သည့် ထင်ရှားသည့် လူမှုရေးလှုပ်ရှားသူ တစ် ယောက်ဖြစ်ခဲ့သည်။

ဂျုန်းစ်သည် ကြိုပမ်းမှု အားလုံးနီးပါးတွင် လူပေါင်းများစွာကို ပါဝင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။ ၁၉၇ဝ ပြည့်လွန်နှစ်များတွင် ၎င်းအား ပြည်နယ်လွှတ် တော်အမတ် ဝီလီဘရောင်း (Willie Brown) အပါအဝင် ထင်ရှားသည့် နိုင်ငံရေး သမားများနှင့် အတူတွေ့ရသည်။ ၁၉၇၆ တွင် မြို့တော်ဝန် ဂျော့ဂ်ျ မော့စ်ကွန်း (George Moscone)က ဂျုန်းစ်အား ဆန်ဖရန်စစ္စကို အိုးအိမ်အာဏာပိုင်အဖွဲ့၌ ရာထူး ပေးခဲ့သည်။ ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်း (Jerry Brown) ပင် အဆိုပါ ပြည်သူ့ဘုရား ကျောင်း ဘာသာရေး အခမ်းအနားများသို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

သို့ရာတွင် ဂျုန်းစ်တောင်း ကြေကွဲဖွယ် လူသတ်ပွဲကြီး ဖြစ်ပွားပြီးနောက် ဂျုန်းစ်နှင့် တွဲခဲ့မှုအတွက် ဝေဖန်ခံရသူ လွှတ်တော်အမတ် ဝီလီဘရောင်းက 'အဲဒီတုန်းက သူရူးနေပြီးဆိုတာကို ကျွန်တော်သိ ခဲ့ရင် သူ့နှင့်တွဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်နှစ်ကြာပြီးတဲ့နောက်မှ ဖြစ်ပေါ်လာတဲ့ ရူးသွပ်မှုမျိုး ဖြစ်တယ် ဆိုတာကို သိလျက်နဲ့ ကျွန်တော်လုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဝေဖန်စကားဆိုတာ ကတော့ မမျှတပါဘူးဗျာ' ဟု ဆိုခဲ့သည်။

နက်ဂတစ်သတင်းဌာန သတင်းသမားများက ဂျင်မ် ဂျုန်းစ် အကြောင်း ၁၉၇၇ ခုနှစ် နွေရာသီတွင် စတင်ဖော်ထုတ် ဝေဖန်ခဲ့သည်။ ယင်းသို့သော ဝေဖန်မှု များကြောင် ၎င်း၏နောက်လိုက် အများစိုကို ဗြိတစ်ရှ်ဂူယာနာမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ နောက်ဆုံးတွင် အဓိကထောက်ခံသူ လူတစ်ထောင် ခန့်သည် လူသူကင်းဆိတ်သည့် စခန်းတစ်ခု၌ ဆုံမိကြသည်။ ယင်းစခန်းကို နောင်အခါ ဂျုန်းစ် တောင်းဟု တရားဝင်ခေါ်တွင်ခဲ့သည်။ သို့ရာတွင် ယခင်အဖွဲ့ဝင်များနှင့် မိသားစုများ၏ တောင်းဆို မှုများ ဆက်လက်၍ရှိနေသဖြင့် နောက်ဆုံး၌ တရားဝင် စုံစမ်းစစ်ဆေးမှုတစ်ရပ် ဖြစ်ပေါ်ခဲ့သည်။

၁၉၇၈ ခုနှစ်၊ ဂျွန်လ ၁၅ ရက်နေ့ ရက်စွဲဖြင့် ဘုရားကျောင်းအဖွဲ့ဝင်ဖြစ်ခဲ့ပြီး ဂျုန်းစ်တောင်း၌ နေထိုင် သည့် ကျမ်းကျိမ်သူ (ဖော်ကောင်) မစ္စက် ဒီဗောရ လေတန် (Deborah Layton) က ဂျုန်းစ် တောင်း၌နေသူ ထက်ဝက်ခန့် ဝမ်းလျှောပြီး အပြင်းဖျား၍ နာမကျန်းဖြစ်သည်အထိ အခြေအနေ ဆိုးရွားလာကြောင်း ဆိုသည်။ ယင်းသို့ ဖြစ်နေလင့်ကစား ၎င်းတို့သည် လယ်ကွင်းများ၌ နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ တစ်ပတ်လျှင် ၆ ရက်၊ တနင်္ဂနွေနေ့တွင် နံနက် ၇ နာရီမှ ညနေ ၂ နာရီအထိ အလုပ်လုပ်ရပြီး အစားအသောက်မှာ ဆိုးရွားသည်။

လေတန်က 'ဘုန်းတော်ကြီး ဂျုန်းစ်သည် လီနင်၊ ယေရှုခရစ် ဝင်စားသူ ဖြစ်ပြီး တန်ခိုးစွမ်းအင်ရှိ ကြောင်း ပြောသည်'ဟု ဆိုသည်။ ဂျုန်းစ်သည် လောကအပေါ် ယုံမှားလွန် စိတ်ရောဂါစွဲကပ်နေသူ ဖြစ်ကြောင်းလည်း ထိုအမျိုးသမီးက ဆိုသည်။ သူသည် တစ်ခါတစ်ရံ နေ့အတန်ကြာ မအိပ်ဘဲနေပြီး ၎င်းအား ဆန့်ကျင်သူ ပူးပေါင်း လုပ်ကြံသူများအကြောင်း အငမ်းမရ ပြောကြောင်းလည်း ဆိုသည်။ ၎င်းတို့ ပရိဝုဏ်အတွင်း လက်နက်ကိုင် အစောင့်များရှိပြီး အထူးဖော်ပြချက် မရှိဘဲ မည်သူ့ကိုမျှ ထွက်ခွာခွင့်မပြုဟု ဆိုသည်။ ဂျုန်းစ်က ၎င်း၏ နောက်လိုက်များအား မိမိတို့လက်ဖြင့် မိမိကိုယ်ကို မိမိသတ်သေရန် မဖြစ်မနေလိုအပ်သည့် အချိန်မဝေးတော့ကြောင်း သတိပေးခဲ့သည်။ 'အဖြူရောင်ည' သို့မဟုတ် 'အရေးပေါ်အခြေ အနေ'ဆိုသည်ကို စခန်းအတွင်း မကြာခဏကြေညာပြီး ယင်းသို့ဖြင့် အစုလိုက် သတ်သေပွဲကို အစမ်းလေ့ကျင့်ထားသည်။

ကာလီဖိုးနီးယား ကွန်ဂရက်အမတ် လီယိုဂျေရိုင်ယန် (Leo J. Ryan) သည် ၎င်းအားထောက်ခံသူများထံမှ ဂျုန်းစ်၏ နောက်လိုက် ဖြစ်နေသူ များ၏ မိသားစုဝင်များနှင့်ပတ်သက်သည့် တောင်းဆို မှုများအပြား ရရှိခဲ့သည်။ ၎င်းအနေဖြင့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြု၍ တုံ့ပြန်ခဲ့သည်။ ဂျုန်းစ်၏ ခွင့်ပြု ချက်ဖြင့် ၁၉၇၈ ခုနှစ်၊ နိုင်ဝင်ဘာ ၁၇ ရက်နေ့တွင် ယင်းအုပ်စု နေထိုင်သည့် စခန်းသို့ အလည်လာခဲ့သည်။ ကွန်ဂရက်အမတ် သည် ယင်းစခန်း၌ လှည့်လည်ကြည့်ရှုပြီး ဂျုန်းစ်နှင့် တွေ့ဆုံသည်။

နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဘုရားကျောင်းအဖွဲ့ဝင် အချို့က ကွန်ဂရက် အမတ်နှင့်အဖွဲ့အား စခန်းမှ ထွက်ခွာသွားရန် တောင်းဆိုသည့် သတိ ပေးစာ ပေးအပ်ခဲ့သည်။ ရိုင် ယန်သည် သဘောတူခဲ့ပြီး ပြည်သူ့ဘုရားကျောင်း အဖွဲ့ဝင်အချို့ကို ၎င်းနှင့် အတူ ခေါ်ဆောင် သွားခဲ့သည်။ နိုဝင်ဘာ ၁၈ ရက်နေ့တွင် အကာအကွယ်မဲ့သည့် လေယာဉ် ဆင်းကွင်း၌ ဂျုန်းစ်၏ အမိန့်အရ ထင်ရှားသည့် ဂျုန်းစ် တောင်းမှ သေနတ်သမားများသည် ရိုင်ယန်နှင့် အဖွဲ့အား ချုံခိုတိုက်ခိုက်ခဲ့သည်။ ရိုင်ယန်အပါအဝင် အဖွဲ့ဝင်လေးယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အချို့အဖွဲ့ဝင်များမှာ တောထဲသို့ ထွက်ပြေး လွတ်မြောက် ခဲ့သည်။

၎င်းဆောင်ရွက်မှု၏ နောက်ဆုံးနှင့် ဖမ်းဆီးအရေး ယူခြင်းခံရ မှုကို ကြိုတင် တွက်ဆထားသည်ဖြစ်၍ ဂျုန်းစ်သည် ကြို တင်ပြင်ဆင် စီမံလေ့ကျင့်ထားသည့်အတိုင်း ပြုနေကျ 'အရေး ပေါ် အခြေအနေ'ကို ကြေညာလိုက်သည်။ ယင်းသို့ဖြင့် အထက်ဖော်ပြပါ အထူးဂရုတစိုက် စီမံလေ့ကျင့်ထားသည့် အစုလိုက်အပြုံလိုက် သတ်သေပွဲသည် နောက်ဆုံး၌ ဖြစ်ပျက်ခဲ့ ရသည်။ ပတ်ဝန်းကျင်ရှိ တောထဲသို့ ထွက်ပြေး လွတ် မြောက်ခဲ့သူ မဆိုစလောက် အနည်းငယ်မှတစ်ပါး အားလုံးမှာ မိမိကိုယ်ကို သတ်သေ သို့မဟုတ် အသတ်ခံ ခဲ့ကြရသည်။ ကလေးငယ် ၂၈ဝ ထက်မနည်း သေဆုံးခဲ့သည်။ ဂျုန်းစ်၏ အလောင်းကို ဂျုန်းစ်တောင်း၌ ဦး ခေါင်းတွင် သေနတ်ဒဏ်ရာ ပြင်းထန်စွာဖြင့် တွေ့ရှိခဲ့သည်။

ယင်းအစုလိုက်အပြုံလိုက် သတ်သေပွဲပြီးနောက် ၂၈ နှစ်အကြာ ၁၉၉၈ ခုနှစ်တွင် ယခု ဆန်ဖရန် စစ္စကိုမြို့ မြို့တော်ဝန်ဖြစ်နေသူ ဝီလီ ဘရောင်းက 'ဂျုန်းစ်တောင်းသည် ကျွန်ုပ်တို့ သမိုင်းတွင် ပထမဆုံး ဖြစ်ပျက်ခဲ့သည့် ကြေကွဲဖွယ်ဖြစ်ရပ် ဖြစ်ပြီး ယင်းသည် နာကျင်ပြီး ဆွေးမြေ့ဖွယ် ဖြစ်ရပ်အနေဖြင့် ကျန်နေဆဲဖြစ်သည်။ ဆန်ဖရန်စစ္စကို၏ ဤထိတ်လန့်ဖွယ် ဆုံးရုံးမှုကို သတိမရဘဲ တစ်နှစ်မှ မရှိပါ' ဝမ်းနည်းစွာ ဆိုသည်။

အမှန်သော် ယင်းဖြစ်ရပ်မျိုးသည် မြို့တော်ဝန်ကြီး ဝီလီဘရောင်း ပြောဘိသကဲ့သို့ သမိုင်းတွင် ပထမဆုံး ဖြစ်ရပ် မဟုတ်ချေ။ ထာဝရဘုရား၏ သေတ္တာကို ကြည်မိသောကြောင့် အသတ်ခံရသည့် ဗက်ရှေမက်မြို့သား ၅ဝဝ၇ဝ (၁ ရာ ၆။၁၉)တို့၏ ကံကြမ္မာထက်ပင် ဆိုရွားနိုင်ရာအံ့လော။

သမိုင်းတစ်လျှာက်တွင် ဘိုင်ဘယ်လ်ကျမ်းဟူသော အကြောင်းကြောင့် တစ်နည်းဆိုသော် ထာဝရ ဘုရားဟူသော လူတို့ဖန်ဆင်းသည့် အရူးဇာတ်ကောင်ကို အကြောင်းပြု၍ ခရူးဆိတ်လို စစ်ပွဲ ပေါင်းလည်း အကြိမ်ကြိမ် ဆင်နွဲခဲ့ရဖူးပြီ။ ဤမျက်စိတ်မှိတ် ယုံကြည်မှု ရှိနေသရွေ့ အနှီကဲ့သို့သော ကြေကွဲဖွယ် ဖြစ်ရပ်များ ထင်ရှားရှိနေဦးမည်လည်း ဖြစ်သည်။

အင်ကွီဇီရှင်း ဂိုဏ်းသားများလို အယူသည်း အစွန်းရောက် ခရစ်ယန် ဘုန်းကြီးတို့၏ လက်ချက်ကြောင့် ခေါင်းဖြတ်ခံရသူပေါင်းလည်း ခရစ်ယန်တို့၏ သမိုင်းရာဇဝင်တွင် ဘယ်၍ ဘယ်မျှဟု သင်္ချာဂဏန်း မပြညွှန်းနိုင်လောက်အောင် များပြာလှချေသည်။ ဇာတ်ကောင်၏ ဇက်ကွင်းကို နိုင်အောင် မထိန်းနိုင် သရွေ့ နှစ်ကာလ များမကြာမီ ကြားရပြန်သည့် ဟိုးလေးတကျော် လူသတ်ပွဲသတင်းများအရ အနာဂတ် ၌လည်း ဘုရားသခင်နှင့် တွေ့ဆုံရန်ဟူသော စိတ်ကူယဉ် ဆောင်းအိမ်မက်ကို လက်တွေ့ အကောင် အထည်ဖော်လိုသည့် ရူးသွပ်သူတို့၏ ဖြစ်ရပ်များ ရှိနေဦးမည်မှာ မြေကြီးလက်ခတ် မလွဲသာတည်း။

---------------------------

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP