၅၈။ တစ်ဆူတည်းသောဘုရား အလုပ်များပြီလော

၁၉၈၅-တွင် ကျွန်ုပ် ယူအက်စ်အေသို့ အလည်သွားရောက် ခွင့်ရခဲ့သည်း ဤသည်မှာ အမေရိကရှိ ခရစ်ယန် ဘာသာရေးအကြောင်း သိရန် အခွင့်အရေးကောင်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တည်းခိုခဲ့သည့် မြို့တွင် ခရစ်ယန်ဂိုဏ်းကွဲ ၁၅-ခု ရှိ ကြောင်းသိရသဖြင့် ကျွန်ုပ် အလွန်စိတ်ဝင် စားသွားသည်။ ယင်းတို့အနက် အချို့ မှာ အနည်းငယ်သာခြားနားပြီး အချို့မူ အလွန်ခြားနားကြသည်။

ဥပမာ ခရစ်ယန် အားလုံးနီးပါး တနင်္ဂနွေနေ့တွင် ဘုရားကျောင်းသို့ သွားရမည်ဟု ယုံကြည်သော်လည်း သတ္တမနေ့ အသင်း သားများမှာ စနေနေ့တွင် သွားရ မည်ဟု ဆိုသည်။ ကက်သိုလစ်များက စိန့်များနှင့် အပျိုစင်မေရီကို ကိုးကွယ်ကြသော်လည်း အခြား ခရစ်ယန်များက မှားသည်ဟုဆိုသည်။ ခရစ်ယန်အများစုက ယေရှုကို ထာဝရဘုရား၏ သားတော်ဟု ယုံကြည်သော်လည်း ယေဟောဝါ၏ သက်သေ (ကင်းမျှော်စင်)တို့ကမူ ယေရှုမှာ ပရောဖက်သာ ဖြစ်သည်ဟု ယုံကြည်သည်။ သာမန် ခရစ်ယန်များမှာ နာမကျန်းဖြစ်ပါက ဆရာဝန်တွေဆီ သွားကြသော်လည်း ခရစ်ယန် သိပ္ပံပညာရှင်တို့ကမူ ယင်းသို့ပြုခြင်းမှာ ယုံကြည်မှု အားနည်းကြောင်း ဖော်ပြသည်ဟု ယုံမှတ်ကြသည်။

အချို့က ကယ်တင်ခံရရန် မွေးသည်နှင့် တစ်ပြိုင်နက် ရေနှစ်ရမည်ဟု ဆုံး မပြီး အချို့ကမူ နားလည်သည့်အချိန်ရောက်မှ ရေနှစ်ရမည် ဟုဆိုသည်။ မိုမန် (ခရစ်ယန်ဂိုဏ်းကွဲတစ်မျိုး) တို့ကလည်း သေမှသာ အမှန်တကယ် ရေဖြန်းရမည်ဟုဆိုသည်။ အချို့က ခေါင်းကို ရေဖြန်း ရုံမျှဆိုလျှင် လုံလောက်သည်ဟု ဆိုလျက် အချို့က ရေအောက်မှာ ငုပ်ရမည်ဟု အကျောက်အကန် ဆိုသည်။ ယင်း အမျိုးမျိုးသော ယုံကြည်မှု၊ အတွေးအမြင်၊ သွန်သင်မှုတို့သည် ခရစ်ယန်တို့အား တစ်ဆူတည်းသောဘုရားကို အတူတူ မကိုးကွယ်နိုင်အောင် တားဆီးသည်။ ယေရှု ၏တရားသည် အလွန်ရှင်းလင်း ရိုးမှန်လျှင် ဘာကြောင့် ယင်းသို့ ဘုရားကျောင်းအမျိုးမျိုး ကွဲပြားနေရသနည်း။ ခရစ်ယန်တို့၏ ဖော်ပြပါ ပြင်ဆင်မှု အားလုံးတွင် မည်သည့်မူက တစ်ခုတည်းသော အမှန်တရား ဖြစ်သနည်း။

ခရစ်ယန်တို့သည် မေတ္တာကို အမှန်တကယ် ကျင့်သုံးသည်ဆိုလျှင် ဘာကြောင့် ဘုရားကျောင်းအချင်းချင်း မနာလိုမှု၊ ပြိုင်ဆိုင်မှုနှင့် ရန်စောင်မှုတွေ ဤမျှ များပြားရသနည်း။ ၎င်းတို့အနေဖြင့် မည်သည့်အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တို့အား ကိုယ့်အချင်းချင်း သဘော ထားကွဲလွဲသူများအဖြစ် ပြစ်တင်နိုင်ခွင့်ရှိသနည်း။

သီရိလင်္ကာနိုင်ငံ မြို့တစ်မြို့၌ ဘုန်းကြီးကျောင်း များစွာရှိနိုင်ပြီး အားလုံးမှာ တူညီသော ဓမ္မကိုသာ ဟောပြောကြသည်။ ရဟန်း များအချင်းချင်း ပုဂ္ဂိုလ်ရေးအရ သဘောမတူညီမှု ရှိနိုင်သော်လည်း တူညီသော ဓမ္မကို ယုံကြည်ကြသည်။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP