၅၇။ ဆိုကရေတီးနှင့် ယေရှုတွေ့ဆုံခန်း (၁၅)
ကမ္ဘာလောကကို ဘယ်သူဖန်ဆင်းလဲ
ဆိုကရေတီး။ ။ ကမ္ဘာလောကကို ဖန်ဆင်းဖို့ ခင်ဗျားရဲ့ ဘုရားသခင်ကို မလို အပ်ပါဘူး။ သူတို့ရဲ့ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းပါတယ်လို့ ပြောတဲ့ တရားဟောဆရာတွေ ကမ္ဘာပေါ်မှာ ထောင်ပေါင်း များစွာ ရှိပါတယ်။ ကျွန်ုပ်မှာ အဖြေမရှိရုံမျှနဲ့ပဲ ကျွန်ုပ်ဟာ မစုံစမ်းမဆင်ခြင်ဘဲ ခင်ဗျား ပြောတာကို လက်ခံရ မယ်လို့ ကျွန်ုပ် မဆိုလိုပါဘူး။

ဂရိမဟာနတ်ဘုရား ဇူးစ်က ကမ္ဘာလောကကို ဖန်ဆင်းတယ်ဆိုတာကို ယုံကြည်ဖို့ ကြောင်းကျိုး ဆက်စပ်မှုအရ ခင်ဗျားကို ကျွန်ုပ် တောင်းဆိုနိုင်ပါတယ်။ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်း တယ်ဆိုတာကို ကျွန်ုပ် ယုံကြည်လက်ခံတယ် ဆိုရင်တောင် ဘုရားသခင်ရဲ့ အရည်အချင်းကို အ ဓိပ္ပာယ်ဖွင့်ဆိုမှုရဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။ ဘုရားသခင်အကြောင်း ခင်ဗျားရဲ့ အဓိပ္ပယ် ဖွင့်ဆိုမှုဟာ စိတ်ကူးယဉ်မျှ ဖြစ်တယ်လို့ ယူဆဖို့ ကြောင်းကျိုး ယုတ္တိနဲ့ မတူ ဒီကနေ ကျွန်ုပ်တို့ ရှေ့ကို ဆက်မသွား နိုင်တော့ပါဘူး။

ယေရှု။ ။ ခဏနေအုံး၊ မသွားပါနဲ့အုံး။ ခင်ဗျားရဲ့ ဝိညာဉ်ကို ထာဝရငရဲမှ ကယ်တင်ရမယ်။ ဘုရား သခင်ကို ခင်ဗျားရဲ့ နှလုံးသားးထဲမှာ လက်ခံပါ။ ခင်ဗျား ဟုတ်ကဲ့လို့ မပြောသေးသရွေ့ ကျွန်ုပ် မသွား သေးဘူး ခင်ဗျ။

ဆိုကရေတီး။ ။ ဟုတ်ကဲ့၊ ဒီမှာ ကျွန်ုပ်အဖိုးအို တစ်ယောက်ရဲ့ ခပ်စုတ်စုတ် အတွေးတွေ အယူ အဆတွေပဲ ရှိပါတယ်ခင်ဗျ။ 'ခင်ဗျား မှန်တာ သေချာပါတယ်။ ခင်ဗျားမှာက နောက်လိုက်တွေ တပည့် တော်တွေ အများကြီး ရှိတာကိုး။ လူအများစုရဲ့ ပြောသံ ဆိုသံ ဝေဖန်သံ ဖြစ်တဲ့ ခုနက ဖော်ပြခဲ့တဲ့ ကြောင်းကျိုးရှိမှု၊ ယုတ္တိနဲ့ အတွေးအမြင် ဒဿနတွေကို တင်ပြတဲ့ နုံချာတဲ့ ကျွန်ုပ်လို အဖိုးအို တစ် ယောက်က ဘာမို့လို့တုန်း။ ကျေးဇူးတင်ပါတယ် ခင်ဗျ။

ယေရှု။ ။ ခင်ဗျားကို ထာဝရဘဝ ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယေရှုစကား မဆုံးခင် ဆိုကရေတီး ထွက်သွားနှင့်ပါပြီ။

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP