၄၉။ ဆိုကရေတီးနှင့် ယေရှု တွေ့ဆုံခြင်း အမှတ် (၁၄)

ဘုရား မဟုတ်ဘူး

ယေရှု။ ။ ဟုတ်ကဲ့၊ တူတာပေါ့။

ဆိုကရေတီး။ ။ ပြီးတာ့ လူသားအားလုံး အပြစ်ရှိသူတွေဖြစ်ပြီး ဘုရားသခင်ရဲ့ ဂုဏ်ရည်အောက်မှာ ကျရောက်တယ်လို့ ခင်ဗျား ပြောခဲ့ပါသလား။

ယေရှု။ ။ ပြောခဲ့ပါတယ်။

ဆိုကရေတီး။ ။ ယုံကြည်မှုရှိတဲ့ ခရစ်ယန်တွေ ဂျူးတွေအားလုံးက သူတို့ အပြစ်ရှိရင် ငရဲကို သွားရမယ်လို့ ယုံကြည်ကြတယ်။ ကျွန်ုပ်ကို ဒီဥပမာလေးတစ်ခု တင်ပြခွင့်ပြုပါ။ ခရစ်ယန်တိုင်းဟာ ချောက်ကမ်းပါး ထိပ်မှာ ရပ်နေသူနဲ့ တူပါတယ်။ အကယ်လို့ သူဟာ အပြစ်ကို ကျူးလွန်ရင် ထာဝရ ညှဉ်းဆဲခံရမှာကို သိတယ်။ ငရဲဟာ လူ့လောကမှာရှိတဲ့ ကြမ္မာဆိုးတွေထက် ပိုဆိုးတယ်လို့ ခင်ဗျား ပြောခဲ့တယ်နော်။ လူ့လောကမှာရှိတဲ့ ကြမ္မာဆိုးတွေ ဘယ်လောက် ပြင်းထန်စေ ယုံကြည်တဲ့ ခရစ်ယန် တစ်ယောက်ဟာ အပြစ်ကို ကျုးလွန်မှာ မဟုတ်ဘူး။ ဆိုလိုတာက ထာဝရ ဒုက္ခဆင်းရဲအတွက် ချောက်ထဲ ခုန်ချမှာပေါ့။ ယုံကြည်တဲ့ ခရစ်ယန်တွေ ဂျူးတွေ အပါအဝင် လူအားလုံးဟာ အပြစ်ရှိ သူတွေလို့ ခင်ဗျား ပြောခဲ့တယ်လေ။ ဒီတော့ ရှေးဦးအစကတည်းက ခရစ်ယန်ဖြစ်စေ ဂျူးဖြစ်စေ သူဟာ ငရဲကို သွားရမယ်ဆိုတာကို ဘယ်သူမှ အမှန်တကယ် မယုံကြည်ခဲ့ဘူး။ ဘာကြောင့်ဆို သူတကယ် ယုံကြည်ခဲ့ရင် သူဟာ အပြစ်ရှိမှာ မဟုတ်ဘူး။ ငရဲနှင့်ံထာဝရ ညှဉ်းပန်းမှုတွေက အောက်မှာ သူ့ကို စောင့်နေတယ်ဆိုတာကို သူယုံကြည်ခဲ့ရင် သူဟာ ချောက်ထဲ ခုန်ချခဲ့မှာ မဟုတ်ဘူး။ လူအားလုံး ချောက်ထဲကို ခုန်ချတယ်၊ ဒါကြောင့် လူအားလုံး အပြစ်ရှိတယ်။ ဒါကြောင့်မို့လို့ ရာစုနှစ်တွေ တစ် လျှောက်လုံးမှာ ဘယ်သူမှ ခင်ဗျားကို တကယ် မယုံကြည်ခဲ့ကြပါဘူး။ ဒီတော့ ခုနက ကျွန်ုပ်ရဲ့ နှလုံးသားထဲ ဝင်ရောက်သည်ထက် ပိုပြီး သူတို့ နှလုံးသားထဲမှာလည်း ဘုရားသခင် မရှိပါဘူး။ ဒါကြောင့် ဘုရားသခင်မှာ ၎င်းတို့ကို ခရစ်ယန်လို ပြုမူရန် သို့မဟုတ် ၎င်းကို ယုံကြည်ရန် မျှော်လင့်ချက် မရှိပါဘူး။ ဒါကြောင့် လူတွေကို ပြစ်ဒဏ်ပေးဖို့ သို့မဟုတ် ငရဲကို ပို့ဖို့ အခွင့်အရေး မရှိဘူး။ ဒါကြောင့် ဘုရားသခင်ဟာ မမျှတဘူး။ ဒါကြောင့် ခင်ဗျားရဲ့ ဘုရားက ဘုရား မဟုတ်ဘူး။

ယေရှု။ ။ ခင်ဗျားရဲ့ ပတ်ဝန်းကျင်ကို ကြည်စမ်းပါ။ ဘုရားသခင် ရှိတယ်ဆိုတာကို သက်သေ မပြ ဘူးလား။ ခင်ဗျားကို ကျန်းမာ လန်းဆန်းစေပြီး နွေးထွေးမှု အတွက် နေ၊ အစားအစာအတွက် တော တောင်တွေကို ပေးတဲ့ လှပရက်ရောတဲ့ သဘာဝကို ကြည့်စမ်း။ ခင်ဗျားအတွက် သူ လုပ်ပေးထား တာအတွက် ခင်ဗျား သူ့ကို မကိုးကွယ်ထိုက်ဘူးလား။

ဆိုကရေတီး။ ။ သဘာဝတရားဟာ အားလုံးကောင်းတယ် ရက်ရောတယ်ဆိုတာကို ကျွန်ုပ် သိတာပေါ့။ ဒါပေမယ့် ကျွန်ုပ်ရဲ့ အိမ်ပြတင်းပေါက်ကို ကျောက်တုံးနဲ့ခွဲပြီး အရုပ်ဆိုအောင် လုပ်တာကကော။ ဘယ်သူလဲ။

ယေရှု။ ။ အကောင်းကို လက်မခံတဲ့ ယုတ်မာသူ ရှိလို့ပဲ။ အဲဒါအတွက် ခင်ဗျား ဘုရားသခင်ကို ကျေးဇူးတင်ရမှာပဲ။ အဲဒါတွေကို နှိမ်နင်းဖို့ ဘုရားသခင် ရှိကို ရှိရမယ်။ ဘာကြောင့်ဆို အကယ်လို့ ဘုရားသခင်က ကမ္ဘာလောကကို မဖန်ဆင်းခဲ့ရင် ကမ္ဘာလောက ဘယ်က ရောက်လာတာတုန်း။

------------------------

တွေ့ဆုံးခြင်း အမှတ် (၁၅) မှာ ကမ္ဘာလောကကို ဘယ်သူ ဖန်ဆင်းတယ်ဆိုတာကို ဆွေးနွေးကြ ပါတယ် ...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP