ဝေဖန်သုံးသပ်ကြဖို့အတွက်ပါ

Read More...

၅၈။ တစ်ဆူတည်းသောဘုရား အလုပ်များပြီလော

၁၉၈၅-တွင် ကျွန်ုပ် ယူအက်စ်အေသို့ အလည်သွားရောက် ခွင့်ရခဲ့သည်း ဤသည်မှာ အမေရိကရှိ ခရစ်ယန် ဘာသာရေးအကြောင်း သိရန် အခွင့်အရေးကောင်း တစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တည်းခိုခဲ့သည့် မြို့တွင် ခရစ်ယန်ဂိုဏ်းကွဲ ၁၅-ခု ရှိ ကြောင်းသိရသဖြင့် ကျွန်ုပ် အလွန်စိတ်ဝင် စားသွားသည်။ ယင်းတို့အနက် အချို့ မှာ အနည်းငယ်သာခြားနားပြီး အချို့မူ အလွန်ခြားနားကြသည်။

ဥပမာ ခရစ်ယန် အားလုံးနီးပါး တနင်္ဂနွေနေ့တွင် ဘုရားကျောင်းသို့ သွားရမည်ဟု ယုံကြည်သော်လည်း သတ္တမနေ့ အသင်း သားများမှာ စနေနေ့တွင် သွားရ မည်ဟု ဆိုသည်။ ကက်သိုလစ်များက စိန့်များနှင့် အပျိုစင်မေရီကို ကိုးကွယ်ကြသော်လည်း အခြား ခရစ်ယန်များက မှားသည်ဟုဆိုသည်။ ခရစ်ယန်အများစုက ယေရှုကို ထာဝရဘုရား၏ သားတော်ဟု ယုံကြည်သော်လည်း ယေဟောဝါ၏ သက်သေ (ကင်းမျှော်စင်)တို့ကမူ ယေရှုမှာ ပရောဖက်သာ ဖြစ်သည်ဟု ယုံကြည်သည်။ သာမန် ခရစ်ယန်များမှာ နာမကျန်းဖြစ်ပါက ဆရာဝန်တွေဆီ သွားကြသော်လည်း ခရစ်ယန် သိပ္ပံပညာရှင်တို့ကမူ ယင်းသို့ပြုခြင်းမှာ ယုံကြည်မှု အားနည်းကြောင်း ဖော်ပြသည်ဟု ယုံမှတ်ကြသည်။

အချို့က ကယ်တင်ခံရရန် မွေးသည်နှင့် တစ်ပြိုင်နက် ရေနှစ်ရမည်ဟု ဆုံး မပြီး အချို့ကမူ နားလည်သည့်အချိန်ရောက်မှ ရေနှစ်ရမည် ဟုဆိုသည်။ မိုမန် (ခရစ်ယန်ဂိုဏ်းကွဲတစ်မျိုး) တို့ကလည်း သေမှသာ အမှန်တကယ် ရေဖြန်းရမည်ဟုဆိုသည်။ အချို့က ခေါင်းကို ရေဖြန်း ရုံမျှဆိုလျှင် လုံလောက်သည်ဟု ဆိုလျက် အချို့က ရေအောက်မှာ ငုပ်ရမည်ဟု အကျောက်အကန် ဆိုသည်။ ယင်း အမျိုးမျိုးသော ယုံကြည်မှု၊ အတွေးအမြင်၊ သွန်သင်မှုတို့သည် ခရစ်ယန်တို့အား တစ်ဆူတည်းသောဘုရားကို အတူတူ မကိုးကွယ်နိုင်အောင် တားဆီးသည်။ ယေရှု ၏တရားသည် အလွန်ရှင်းလင်း ရိုးမှန်လျှင် ဘာကြောင့် ယင်းသို့ ဘုရားကျောင်းအမျိုးမျိုး ကွဲပြားနေရသနည်း။ ခရစ်ယန်တို့၏ ဖော်ပြပါ ပြင်ဆင်မှု အားလုံးတွင် မည်သည့်မူက တစ်ခုတည်းသော အမှန်တရား ဖြစ်သနည်း။

ခရစ်ယန်တို့သည် မေတ္တာကို အမှန်တကယ် ကျင့်သုံးသည်ဆိုလျှင် ဘာကြောင့် ဘုရားကျောင်းအချင်းချင်း မနာလိုမှု၊ ပြိုင်ဆိုင်မှုနှင့် ရန်စောင်မှုတွေ ဤမျှ များပြားရသနည်း။ ၎င်းတို့အနေဖြင့် မည်သည့်အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်တို့အား ကိုယ့်အချင်းချင်း သဘော ထားကွဲလွဲသူများအဖြစ် ပြစ်တင်နိုင်ခွင့်ရှိသနည်း။

သီရိလင်္ကာနိုင်ငံ မြို့တစ်မြို့၌ ဘုန်းကြီးကျောင်း များစွာရှိနိုင်ပြီး အားလုံးမှာ တူညီသော ဓမ္မကိုသာ ဟောပြောကြသည်။ ရဟန်း များအချင်းချင်း ပုဂ္ဂိုလ်ရေးအရ သဘောမတူညီမှု ရှိနိုင်သော်လည်း တူညီသော ဓမ္မကို ယုံကြည်ကြသည်။

Read More...

၅၇။ ဆိုကရေတီးနှင့် ယေရှုတွေ့ဆုံခန်း (၁၅)
ကမ္ဘာလောကကို ဘယ်သူဖန်ဆင်းလဲ
ဆိုကရေတီး။ ။ ကမ္ဘာလောကကို ဖန်ဆင်းဖို့ ခင်ဗျားရဲ့ ဘုရားသခင်ကို မလို အပ်ပါဘူး။ သူတို့ရဲ့ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်းပါတယ်လို့ ပြောတဲ့ တရားဟောဆရာတွေ ကမ္ဘာပေါ်မှာ ထောင်ပေါင်း များစွာ ရှိပါတယ်။ ကျွန်ုပ်မှာ အဖြေမရှိရုံမျှနဲ့ပဲ ကျွန်ုပ်ဟာ မစုံစမ်းမဆင်ခြင်ဘဲ ခင်ဗျား ပြောတာကို လက်ခံရ မယ်လို့ ကျွန်ုပ် မဆိုလိုပါဘူး။

ဂရိမဟာနတ်ဘုရား ဇူးစ်က ကမ္ဘာလောကကို ဖန်ဆင်းတယ်ဆိုတာကို ယုံကြည်ဖို့ ကြောင်းကျိုး ဆက်စပ်မှုအရ ခင်ဗျားကို ကျွန်ုပ် တောင်းဆိုနိုင်ပါတယ်။ ဘုရားသခင်က ကမ္ဘာလောကကို ဖန်ဆင်း တယ်ဆိုတာကို ကျွန်ုပ် ယုံကြည်လက်ခံတယ် ဆိုရင်တောင် ဘုရားသခင်ရဲ့ အရည်အချင်းကို အ ဓိပ္ပာယ်ဖွင့်ဆိုမှုရဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။ ဘုရားသခင်အကြောင်း ခင်ဗျားရဲ့ အဓိပ္ပယ် ဖွင့်ဆိုမှုဟာ စိတ်ကူးယဉ်မျှ ဖြစ်တယ်လို့ ယူဆဖို့ ကြောင်းကျိုး ယုတ္တိနဲ့ မတူ ဒီကနေ ကျွန်ုပ်တို့ ရှေ့ကို ဆက်မသွား နိုင်တော့ပါဘူး။

ယေရှု။ ။ ခဏနေအုံး၊ မသွားပါနဲ့အုံး။ ခင်ဗျားရဲ့ ဝိညာဉ်ကို ထာဝရငရဲမှ ကယ်တင်ရမယ်။ ဘုရား သခင်ကို ခင်ဗျားရဲ့ နှလုံးသားးထဲမှာ လက်ခံပါ။ ခင်ဗျား ဟုတ်ကဲ့လို့ မပြောသေးသရွေ့ ကျွန်ုပ် မသွား သေးဘူး ခင်ဗျ။

ဆိုကရေတီး။ ။ ဟုတ်ကဲ့၊ ဒီမှာ ကျွန်ုပ်အဖိုးအို တစ်ယောက်ရဲ့ ခပ်စုတ်စုတ် အတွေးတွေ အယူ အဆတွေပဲ ရှိပါတယ်ခင်ဗျ။ 'ခင်ဗျား မှန်တာ သေချာပါတယ်။ ခင်ဗျားမှာက နောက်လိုက်တွေ တပည့် တော်တွေ အများကြီး ရှိတာကိုး။ လူအများစုရဲ့ ပြောသံ ဆိုသံ ဝေဖန်သံ ဖြစ်တဲ့ ခုနက ဖော်ပြခဲ့တဲ့ ကြောင်းကျိုးရှိမှု၊ ယုတ္တိနဲ့ အတွေးအမြင် ဒဿနတွေကို တင်ပြတဲ့ နုံချာတဲ့ ကျွန်ုပ်လို အဖိုးအို တစ် ယောက်က ဘာမို့လို့တုန်း။ ကျေးဇူးတင်ပါတယ် ခင်ဗျ။

ယေရှု။ ။ ခင်ဗျားကို ထာဝရဘဝ ပေးတဲ့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။

ယေရှုစကား မဆုံးခင် ဆိုကရေတီး ထွက်သွားနှင့်ပါပြီ။

Read More...

၅၆။ လူချမ်းသာတွေ နှင့် ကောင်းကင်ဘုံ
လူချမ်းသာတွေ ကောင်းကင်ဘုံနှင့် မထိုင်တန်ဟု ဆိုသည်။
Luke 6:20: And he lifted up his eyes on his disciples, and said, Blessed be ye poor: for yours is the kingdom of God.
လုကာ ၆း၂ဝ။ ထိုအခါ ကိုယ်တော်သည် မြော်၍ တပည့်တော်တို့ကို ကြည့်ရှုတော်မူလျှင် ဆင်းရဲသော သင်တို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ဘုရား သခင်၏နိုင်ငံတော်သည် သင်တို့၏ နိုင်ငံဖြစ်၏။

Matt 19:23: Then said Jesus unto his disciples, Verily I say unto you, That a rich man shall hardly enter into the kingdom of heaven. 24. And again I say unto you, It is easier for a camel to go through the eye of a needle, than for a rich man to enter into the kingdom of God.
မဿဲ ၁၉း၂၄။ ယေရှုကလည်း ငါအမှန်ဆိုသည်ကား ငွေရတတ်သောသူသည် ကောင်းကင် နိုင်ငံတော်သို့ ဝင်ခဲလှ၏။ ၂၄။ တစ်ဖန် ငါဆိုသည်ကား ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားသခင်၏ နိုင်ငံတော်သို့ ဝင်နိုင်ခဲသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။

ဲJames 5:1: Go to now, ye rich men, weep and howl for your miseries that shall come upon you.
ယာကုပ် ၅း၁။ အချင်းသူဌေး သူကြွယ်တို့၊ ယခုလာကြ။ သင်တို့အပေါ်၌ ရောက်လတံ့သော ဆင်းရဲဒုက္ခဝေဒနာကြောင့် ငိုကြွေးအော်ဟစ်ကြ။

လူချမ်းသာများ ကောင်းကင်ဘုံသို့ မရောက်နိုင်သည်မှာ အဘယ်ကြောင့်နည်း။

Read More...

၅၅။ သမ္မာကျမ်းနှင့် သိပ္ပံပညာ
သမ္မာကျမ်းသည် သိပ္ပံပညာနှင့် ပညာရှင်များကို အားမပေး။
Ecclesiastes 1:17: And I gave my heart to know wisdom, and to know madness and folly: I perceived that this also is vexation of spirit. 18: For in much wisdom is much grief: and he that increaseth knowledge increaseth sorrow.

ဒေသနာ ၁း၁၇။ ပညာတရားကိုလည်းကောင်း၊ လျှပ်ပေါ်ခြင်းနှင့် မိုက်မဲခြင်းတို့ကို လည်းကောင်း ပိုင်းခြား၍ သိအံ့သောငှာ ငါသည် နှလုံးထား၏။ ထိုအမှုသည် လည်း လေကို ကျက်စားသောအမှုဖြစ်သည်ကို ရိပ်မိ၏။ ၁၈။ အကြောင်းမူကား ပညာများလျှင် ငြိုငြင်စရာအကြောင်းများ၏။ သိပ္ပံအတတ် တိုးပွားသောသူသည် ဝမ်းနည်းခြင်း တိုးပွား တတ်၏။

Isaiah 29:14 Therefore, behold, I will proceed to do amarvellous work among this people, even a marvellous work and a wonder: for the wisdom of their wise men shall perish, and the understanding of thier prudent men shall be hid.
ဟေရှာ ၂၉း၁၄ ထို့ကြောင့် အံ့သြကြောက်မက်ဖွယ်သော အမှုကို ဤလူမျိုးတွင် တဖန် ငါပြုဦးမည်။ သူတို့တွင် ပညာရှိတို့၏ ပညာသည် ပျက်စီးလိမ့်မည်။ Óာဏ် ကောင်းသော သူတို့၏ Óာဏ်လည်း ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။

1 Corintrians 1:19: For it is written, I will destroy the wisdom of the wise, and will bring to nothing the understanding of the prudent.
၁ကော ၁း၁၉။ ကျမ်းစာလာသည်ကား ပညာရှိတို့၏ ပညာကို ငါဖျက်ဆီးမည်၊ Óာဏ်ကောင်းသောသူတို့၏ Óာဏ်ကိုလည်း ငါပယ်မည်ဟု လာသတည်း။

Read More...

၅၄။ လွယ်အိတ်ထဲက ဖန်ဆင်းရှင်
တစ်ခါသော် ကျွန်ုပ်သည် ဘတ်စ်ကားစောင့်ရင်း ဗုဒ္ဓဘာသာအကြောင်း စာတစ်အုပ်ကို ဖတ်နေသည်။ ခဏအကြာတွင် လူငယ်တစ်ယောက် ရောက်လာပြီး ကျွန်ုပ်ဘေးတွင် ထိုင်သည်။ ကျွန်ုပ် ဖတ်နေသည့် စာအုပ်ကို ကြည့်ပြီး ဗုဒ္ဓဘာသာလားဟု မေးသည်။

ဟုတ်ပါကြောင်း ကျွန်ုပ်ကပြောသောအခါ ဧဝံဂေလိတို့၏ ထုံးစံအတိုင်း အမှန်တစ်ဝက်နှင့် မခိုင် လုံမရေရာသည့် ကြွားလုံးများဖြင့် တရစပ် ဟောပြောတော့သည်။ သူသည် ပိုမိုစိတ်တက်ကြွလာသဖြင့် ၎င်းက 'ဘုရားသခင် တကယ်ရှိပါတယ်၊ ခင်ဗျားကို ကျုပ်သက်သေပြနိုင်ပါတယ်' ဟုဆိုလာသည်။ ကျွန်ုပ်က ရယ်ပြီး မဖြစ်နိုင်ပါဘူးဟု ပြောသည်။ 'ဒီလွယ်အိတ်ထဲမှာကို ဘုရားသခင်ရှိတယ် ဆိုတာကို ကျုပ် သက်သေပြနိုင်တယ်'ဟု ၎င်းကပြောသည်။

သူ့စကားကြောင့် ကျွန်ုပ်မျက်လုံးပြူးသွားပြီး ပြပါအုံးဟု ကျွန်ုပ်က ပြောသည်။ ထိုလူငယ်သည် လွယ် အိတ်ထဲသို့ လက်ထည့်လျက် လိမ်မော်သီး တစ်လုံးကို ထုတ်ပြသည်။ ယခုအခါ ကျွန်ုပ် စိတ်အိုက် သွားပြီး လိမ်မော်သီးက ဖန်ဆင်းရှင်ရှိတာကို ဘယ်လိုသက်သေပြမလဲဟု ထပ်မေးသည်။

လူငယ်သည် လိမ်မော်သီးကို ခွဲလိုက်ပြီး အမြွာများကို စိတ်လျက် 'ဘုရားသခင်က စကြဝဠာ တစ်ခုလုံးကို လူသားတွေရဲ့ အကျိုးအတွက် တီထွင်ထားတာ ပါ။ ဒီလိမ်မော်သီး လေးကိုကြည့်ပါ။ အမြွာတိုင်းကို ကျွန်ုပ်တို့ရဲ့ ပါးစပ်နှင့်ကိုက် ညီအောင် ဖန်ဆင်းထားတယ်' ဟုဆိုသည်။

ကျွန်ုပ် ခပ်ကျယ်ကျယ် ရယ်မောလိုက်ပြီး 'ဒါဖြင့်ရင် ဖရဲသီးကျတော့ကောဗျာ၊ ခင်ဗျားပါးစပ်နှင့် သင့် တော်အောင် ဘယ်လိုလုပ်သလဲ'ဟု ကျွန်ုပ်က မေးလိုက်မိသည်။ ဧဝံဂေလိတို့၏ ဖန်ဆင်းရှင်အား ယုံကြည်ရန် ထုတ်ပြသည့် ယုတ္တိမှာ ထိုမျှပင် လွယ်ကူလှဘိသည်။

Read More...

၅၃။ ထာဝရဘုရား အငြိုးသိုလျှင်
ထာဝရဘုရားသည် ခဏမျှ စိတ်ဆိုးတတ်၏။
Psa 30:5: For his anger endureth but a moment; in his favour is life: weeping may endure for a night, but joy cometh in the morning.
ဆာလံ ၃ဝး၅။ အမျက်တော်သည် ခဏထွက်၏။ ကျေးဇူးတော်မူကား တစ်သက်လုံး တည်၏။ ညဦး ယံ၌ ငိုကြွေးခြင်းသည် လာ၍ တည်းခို၏။ နံနက်ယံ၌ကား သီချင်းဆိုသော အခွင့်ရှိ၏။

နှစ်ပေါင်း လေးဆယ်ကြာအောင် စိတ်ဆိုးသည်လည်း ဆိုပြန်သည်။
Num 32:13: And the Lord's anger was kindled against Israel, and he made them wander in the wilderness forty years, until all the generation, that had done evil in the sight of the LORD, was consumed.
တော ၃၂း၁၃။ ထိုသို့ ထာဝရဘုရား ရှေ့တော်၌ ဆိုးသောအမှုကို ပြုသော လူအပေါင်းတို့သည် မပျက် စီးမီတိုင်အောင် ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အမျက်ထွက်၍ အနှစ်လေးဆယ် ပတ်လုံး တော၌ လှည့်လည်စေတော်မူ၏။

ထာဝရဘုရားသည် ရန်သူကို အငြိုးထားသည်။
Jeremiah 17:4: And thou, even thyself, shalt discontinue from thine heritage that I gave thee; and I will cause thee to serve thine enemies in the land which thou knowest not: for ye have kindled a fire in mine anger, which shall burn for ever.
ယေရမိ ၁၇း၎။ သင်ကိုယ်တိုင်လည်း ငါပေးသော အမွေမှ ရွေ့သွားရလိမ့်မည်။ သင် မသိသော ပြည် တွင် ရန်သူလက်၌ သင့်ကို ငါကျွန်ခံစေမည်။ အကြောင်းမူကား အစဉ်လောင်သော ငါ၏ အမျက်မီးကို သင်တို့သည် မွှေးကြပြီ။

Malachi 1:4: Whereas Edom saith, We are impoverished, but we will return and build the desolate places; thus saith the Lord of hosts, They shall build, but I will throw down; and they shall call them, The border of wickedness, and, The people against whom the Lord hath indignation for ever.
မာလခိ ၁း၎။ ဧဒုံ အမျိုးသားတို့က ငါတို့သည် ပျက်စီးသော်လည်း ပျက်စီးသော အရပ်တို့ကို တစ်ဖန် တည်ဆောက်ဦးမည်ဟုဆိုရာတွင် ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား သူတို့သည် တည်ဆောက်သော်လည်း ငါဖြိုဖျက်မည်။ သူတို့ကို ဒုစရိုက်ပြည်သား၊ ထာဝရဘုရား အစဉ်အမြဲ အမျက်ထွက်တော်မူသော လူမျိုးဟူ၍ သမုတ်ကြလိမ့်မည်။

Nahum 1:2: God is jealous, and the Lord revengeth; the Lord revengeth, and is furious; the Lord will take vengeance on his adversaries, and he reserveth wrath for his enemies.
နာဟုံ ၁း၂။ အပြစ်ရှိသည်ဟု ထာဝရဘုရားသည် ယုံလွယ်၍ ဒဏ်ပေးသော ဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် ဒဏ်ပေး၍ အမျက် ပြင်းထန်တော်မူ၏။ ထာဝရဘုရားသည် ရန်ဖက်ပြုသော သူတို့ကို ဒဏ်ပေး၍ ရန်သူတို့ကို အငြိုးထား တော်မူ၏။

ထာဝရဘုရားသည် လူတွေကို လိမ်အောင် ဖြားယောင်းတတ်သည်။
2 Thess 2:11: And for this cause God shall send them strong delusion, that they should believe a lie: 12: That they all might be damned who believed not the truth, but had pleasure in unrighteousness.
၂ သက်သာ ၂း၁၁။ ထို့ကြောင့် သမ္မာတရားကို မယုံဘဲ မတရားသော အမှု၌ မွေ့လျော်သောသူ အ ပေါင်းတို့သည် ၁၂။ တရားရှုံးခြင်းသို့ ရောက်မည်အကြောင်း မုသားစကားကို ယုံစိမ့်သောငှာ မိစ္ဆာဒိဋ္ဌိ ပြုပြင် အားထုတ်ခြင်း အခွင့်ကို သူတို့၌ ဘုရားသခင် လွှတ်တော်မူလိမ့်မည်။

ထာဝရဘုရားသည် တစ်ခါတစ်ရံ ခဏမျှ စိတ်ဆိုး၏။ တစ်ခါတစ်ရံမူ ကြာရှည်စွာ စိတ်ဆိုးသည်။ တစ်ခါ တစ်ရံ အလွန် အငြိုးအာဃာတ ကြီးမားသည်ကို တွေ့ရလိမ့်မည်။ ထာဝရဘုရား ကိုယ်တိုင် လူ အများကို တမင်သက်သက် စိတ်ရှုပ်ထွေးအောင် လုပ်ခြင်းမှာ လူအများကို မကယ်တင်လို၍လော။ ကယ် တင်ခံရလိမ့် မည်ဟုကော မျှော်လင့်နိုင်အံ့လော။ လိမ်တတ်သူသည် ဒုရိုက်မှုမှန်သမျှကို မလုပ်ရဲ မရှိ၊ မလုပ်ဝံ့ မရှိဟူသည်ကို သတိမူသင့်၏။

ဘုရားဟူသည် ကိုယ်ကွယ်သူတို့၏ စံပြ မဖြစ်သင့်ဘူးလော။ သူကိုယ်တိုင် လူအများကို လိမ်အောင် ဖြားယောင်းသည် ဆိုခြင်းကြောင့် အနှီကျမ်းစာထဲက အရှုပ်ဇာတ်ကောင်မှာ ဘုရားအစစ် မဖြစ်နိုင်။ ဘုရားစိတ် ပေါက်နေသော ကိုယ်ကျိုးဆန်သူ လူသာမန်သာ ဧကန် ဖြစ်ရမည်။

Read More...

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP